Archive

Archive for the ‘Government’ Category

ပြန်ကြားရေးက နေပြည်တော်တိုင်းမ်ဂျာနယ် ထုတ်ဝေ

November 19, 2011 1 comment
ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၈ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။      ။ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ စာပေဗိမာန် စာအုပ်တိုက်မှ နေပြည်တော်တိုင်မ်း ဟု အမည်ပေးထားသည့် အပတ်စဉ်ထုတ် ဂျာနယ်သစ် တစောင်ကို သောကြာနေ့တွင် စတင် ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်သည်။

ဂျာနယ်တွင် အစိုးရဆောင်ရွက်ချက်များကို ဦးစားပေး ဖေါ်ပြထားသည်ဟု အဆိုပါ ဂျာနယ်၏ အမည်မဖေါ်လိုသူ အယ်ဒီတာတဦးက ပြောသည်။ Read more…

Categories: Government, Local, Media, Newspaper

အန်အယ်လ်ဒီဆုံးဖြတ်ချက် အစိုးရ ကြိုဆို

November 19, 2011 Leave a comment

Published on November 18, 2011 by ရွှေအောင်  ·   (DVB)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီမှတ်ပုံတင်ပြီး ​ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကို​ ​မြန်မာအစိုးရက​ ​ကြိုဆိုလိုက်ပါတယ်။

ဦးကျော်ဆန်း မီဒီယာများကို ဖြေကြားစဉ်

အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့ အင်ဒိုနီးရှားနိုင်ငံမှာ​ ​ရောက်နေတဲ့ မြန်မာအစိုးရ​ ​ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဆန်းကို အစည်းအဝေးအပြီး ရန်ကုန်တိုင်းမ် မီဒီယာဂရုပ်ဖ် ဦးကိုကို (စက်မှု)​ က​ မေးမြန်းရာမှာ​ ​ပြန်လည် ဖြေကြားခဲ့တာပါ။ Read more…

မြန်မာတပ်ပြေး ဓါးပြတိုက် အိုးအိမ်လုံခြုံမှု လူထုစိုးရိမ်

November 19, 2011 Leave a comment
သောကြာနေ့၊ နိုဝင်ဘာလ 18 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၌ မြန်မာစစ်တပ် တပ်ပြေး တစ်ဦးက ဒေသခံတဦးထံ ကျပ်ငွေသိန်းချီဓါးပြ တိုက်ကာ ဆက်လက် ထွက်ပြေး လွတ်မြောက်နေ သောကြောင့် ဒေသခံများလုံခြုံမှု အတွက်စိုးရိမ် နေကြောင်း မြို့ခံများကပြောသည်။

“ မိုင်းယင်က ခမရ ၃၂၄ လေ။ ထွက်ပြေးတာက တပ်သားအိုက်မောင် တဲ့။ လက်နက်တလက်လဲပါတယ်။ ည ၈ နာရီမှာ တပ်ကထွက်ပြေးတယ်။ စိုင်းဆန်ဆောအိမ်ကို ဝင်ပြီး ဓါးပြတိုက်သွားတယ်” – ဟု ဒေသခံ တဦးက ပြောသည်။ Read more…

တိုက်ပွဲအတွင်း ကချင်ရွာတစ်ရွာကို အစိုးရစစ်တပ် မီးရှို့ဖျက်ဆီး

November 19, 2011 Leave a comment
သောကြာနေ့၊ နိုဝင်ဘာလ 18 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ပရန်ကုတုံ ကျေးရွာ အုပ်စု ဖကွန်ရွာအနီးတွင် ယမန်နေ့က KIA နှင့်အစိုးရ စစ်တပ်တို့ နှစ် ဘက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ယမန်နေ့ညနေပိုင်းတွင် တပ်မ ၈၈လက်အောက် ခံ ခလရ ၈၃ က ဖကွန် ကျေးရွာကို မီးရို့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။
ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း အပါအဝင် နေအိမ် ၅ လုံးခန့် မီးလောင်ပျက်စီးသွားကြောင်း ရှေ့တန်းရောက် KIA စစ် ဘက်အသိုင်းအဝိုင်းကို ကိုးကား၍ လိုင်ဇာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ Read more…

မြစ်ကြီးနားဗုံးခွဲမှု KIO ရှုတ်ချ၊ အမှုမှန် ဖော်ထုတ်ရန် တိုက်တွန်း

November 19, 2011 Leave a comment
သောကြာနေ့၊ နိုဝင်ဘာလ 18 ရက် 2011 ခုနှစ် ဖနိဒါ

ချင်းမိုင်(မဇ္ဈိမ) ။        ။ ကချင်ပြည်နယ်မြစ်ကြီး နားမြို့ သီတာရပ်ကွက် နေအိမ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦး သေဆုံးမှုနှင့် ပတ်သက်၍ ကချင်လွတ် မြောက်ရေး အဖွဲ့ KIO က ရှုတ်ချလိုက်ပြီး ဗုံး ပေါက်ကွဲသည့် ဖြစ်ရပ် အမှုမှန် ဖော်ထုတ်ရန် သောကြာနေ့တွင် ပြောဆိုလိုက်သည်။

boom1တနင်္ဂနွေနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ညက မိဘမဲ့ကလေးများ စောင့်ရှောက်ထားသည့် ဦးဒယောင်တန်ဂွန်း၏ နေအိမ်တွင် ဗုံးပေါက်မှုဖြစ်ပြီး လူ ၁၀ သေဆုံးပြီး ၂၇ ဦး ဒဏ်ရ (Photo:: Hkra/ mizzima) Read more…

အစိုးရနှင့် တိုက်ပွဲမှတ်တမ်း စီဒီ DKBA ဖြန့်ဝေ

November 19, 2011 Leave a comment

By featured, ဧရာဝတီ on November 18, 2011

 ကရင်ပြည်နယ်အစိုးရနှင့် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘောအဖွဲ့က ယခုနှစ်လယ်ပိုင်းတွင် အစိုးရတပ်များနှင့် ကရင်ပြည်နယ် ၃ မြို့နယ်အတွင်း ဖြစ် ပွား ခဲ့သည့် တိုက်ပွဲမှတ်တမ်း စီဒီ ယနေ့စတင် ဖြန့်ချိလိုက်သည်။

ယင်း စီဒီသည် ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှတ် တမ်း ဖြစ်သည်။ Read more…

တစ်နှစ်အတွင်း မီဒီယာလောက အပြောင်းအလဲ တချို့ရှိလာသော်လည်း . . .

November 19, 2011 Leave a comment
ရတနာထွန်း (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပ သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မီဒီယာ လောက အတွင်း အပြောင်းအလဲ တစ်ချို့်ရှိလာသော်လည်း ဖြစ်သင့်သည့် အနေအထားမျိုးမဟုတ်သေးကြောင်း သတင်းလောကသား တစ်ချို့က ဆိုသည်။

မြန်မာ့ဓနမဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးသီဟစောက တစ်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မီဒီယာလောက အခြေအနေများအရ မီဒီယာအပေါ် အစိုးရ အပါအ၀င် လူအများက အာရုံစူးစိုက်မှု ပိုလာသည်ဟု သုံးသပ်သည်။ Read more…

စနစ်ပြောင်းသည်ကို နားမလည်သေးသည့် ဗျူရိုကရက်များ အောက်ခြေတွင်ရှိနေသေး

November 19, 2011 Leave a comment
အေးသီတာကျော် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ရွေးကောက်ပွဲ တစ်နှစ်ပြည့်ချိန်တွင် စီးပွားရေးနယ်ပယ်၌ ပြောင်းလဲမှုများ ဆက်တိုက်ပေါ်ပေါက်နေပြီး ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အတားအဆီးများလည်း လျော့ကျသွားခဲ့သည် ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

ယခုဘဏ္ဍာနှစ်မှစကာ ကုန်သွယ်ခွန်ကို ခြောက်လတာအထိ နှစ်ကြိမ်တိုင်လျှော့ချပေးခြင်း၊ တရားဝင်နိုင်ငံခြားငွေလဲကောင်တာများ ဖွင့်လှစ်ခြင်း၊ နိုင်ငံခြားဘဏ်စနစ် အကောင်အထည် စတင်ဖော်ဆောင်ခြင်းနှင့် ကားတင်သွင်းခွင့်ပေးခြင်းစသည့် သိသာ ထင်ရှား သော ပြောင်းလဲမှုတို့သည် နိုင်ငံ့ စီးပွားရေးကို ကြီးမားသောဂယက် ဖြစ်စေခဲ့ သည်ဟု ၎င်းက သုံးသပ်သည်။ Read more…

‘ကျွန်တော် အစိုးရိမ်ဆုံးက ဗျူရိုကရက်တွေကိုပဲ’ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်နှင့် တွေ့ဆုံခြင်း

November 19, 2011 Leave a comment
ပြီးခဲ့သည့်နှစ်က အထွေထွေ ရွေးကောက်ပွဲကြီး ပြီးစီးသည့်နောက် မြန်မာနိုင်ငံ၏ တစ်နှစ်တာအတွင်း အပြောင်းအလဲများကို နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး တစ်ဦးဖြစ်သူ ဒေါက်တာနေဇင်လတ် နှင့် မြန်မာတိုင်းမ်မှ ဒုတိယ သတင်း စာတည်း ကျော်ဆုမွန် က တွေ့ဆုံမေးမြန်းခဲ့သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

* ၂၀၁၀ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၁ခုနှစ် နိုဝင်ဘာလအတွင်းမှာ အစိုးရသစ်လည်း ပြောင်းလဲသွားပြီ၊ လွှတ်တော်လည်း ခေါ်နေပြီ ဆိုတော့ ဒီကာလတစ်နှစ်အတွင်း အပြောင်းအလဲအပေါ် ဆရာဘယ်လို မြင်ပါသလဲ။ Read more…

Categories: Advisory Board, Government

မန္တလေးနှင့် နိုင်ငံရေး

November 19, 2011 Leave a comment
အောင်ရှင် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

မန္တလေးတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်က မြင်ကွင်းတစ်ခု။
ဓာတ်ပုံ-ခရစ္စ

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အပြောင်းအလဲဖြစ်စဉ်များတွင် မန္တလေး က လှုပ်လှုပ်ရှားရှားမရှိခဲ့။ မန္တလေးသားများလည်း အပြောင်း အလဲကို စောင့်ကြည့်နားထောင် ခပ်မဆိတ်သာရှိခဲ့သည်။

သို့သော်ငြားလည်း မန္တလေး ကိုယ်တိုင်ကြုံခဲ့ရသည့် အပြောင်းအလဲ တချို့ မန္တလေးမှာရှိခဲ့သည်။

မြန်မာနိုင်ငံမှာ ဒုတိယလူဦးရေ အများဆုံးဖြစ်သည့် အထက် မြန်မာပြည်ရဲ့ မြို့တော်မန္တလေးမှာ တစ်နှစ်ကာလအတွင်း သိသိသာသာ ပြောင်းလဲမှုကြီးများ မရှိခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် တချို့သော ပြောင်းလဲမှုများ ရှိလာခဲ့သည်ဟု မန္တလေးသားများက ဆိုသည်။

ရန်ကုန်တွင် အထင်ကရ နိုင်ငံရေး ဖြစ်စဉ်ရှိခဲ့ပြီး နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးများ ကျင်းပနေသည့်အချိန် မန္တလေးတွင် အပြောင်းအလဲတစ်ချို့နှင့် အေးအေးဆေးဆေးသာ ရှိခဲ့သည်။ Read more…

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories