NLD to contest in the election

November 19, 2011 Leave a comment

Uploaded by on Nov 18, 2011

NLD to contest in the election

Categories: Inside, NLD, Oppositon, Vedio

UK minister visits Mother House School with Daw Aung San Suu Kyi

November 19, 2011 Leave a comment

 

Uploaded by on Nov 17, 2011

ဗြိတိန်ဖွံ့ဖြိုးရေး ၀န်ကြီး အမေ့အိမ်ကျောင်း သွားရောက်/

နိုဝင်ဘာလ ၁၇ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန ဝန်ကြီး Andrew John Bower Mitchell နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Andrew Heyn တို့ကို ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်က အမေ့အိမ် အခမဲ့ ပညာဒါန စာသင်ကျောင်းကို သွားရောက် ပြသခဲ့ပါတယ်။

ပြန်ကြားရေးက နေပြည်တော်တိုင်းမ်ဂျာနယ် ထုတ်ဝေ

November 19, 2011 1 comment
ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၈ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။      ။ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ စာပေဗိမာန် စာအုပ်တိုက်မှ နေပြည်တော်တိုင်မ်း ဟု အမည်ပေးထားသည့် အပတ်စဉ်ထုတ် ဂျာနယ်သစ် တစောင်ကို သောကြာနေ့တွင် စတင် ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်သည်။

ဂျာနယ်တွင် အစိုးရဆောင်ရွက်ချက်များကို ဦးစားပေး ဖေါ်ပြထားသည်ဟု အဆိုပါ ဂျာနယ်၏ အမည်မဖေါ်လိုသူ အယ်ဒီတာတဦးက ပြောသည်။ Read more…

Categories: Government, Local, Media, Newspaper

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အကူအညီ

November 19, 2011 Leave a comment

Saturday, 19 November 2011 Written by Aung Htoo Htet

လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ ဝေခွဲမရ ဖြစ်နေခဲ့ရာ မြန်မာ့အရေးဟု ခေါ်ကြလေ့ ရှိသည့် ဆွေးနွေးပွဲပေါင်း များစွာကို ကျင်းပပြုလုပ် ခဲ့ကြသည်ကို တွေ့ရသည်။

ထို ဆွေးနွေးပွဲများသည် မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေကို လိုက်၍ ရည်ရွယ်ချက် များလည်း တရွေ့ရွေ့ ပြောင်းလဲ လာခဲ့သည်ကို တွေ့ရပါသည်။ အစောပိုင်း ၂၀၀၀ ပြည့်လွန် နှစ်များတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံကို ထိတွေ့ ဆက်ဆံရန် သင့်၊ မသင့် (Enagement) ဖြစ်ခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို တိုးမြှင့် ထိတွေ့ ဆက်ဆံတော့မည် ဆိုသော အချိန်တွင် မည်သို့ ထိတွေ့ဆက်ဆံ သင့်သည်ဆိုသော အချက် ဖြစ်ခဲ့ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲပြီးစီး သွားချိန်တွင် ဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်သည် အုပ်ချုပ်ရေး စနစ် ပြောင်းလဲပြီး Good Governance ဖြစ်နိုင် မဖြစ်နိုင် ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲများ မကျင်းပမီတွင် အားလုံး ပါဝင်ခွင့် ရှိ မရှိ၊ ပါဝင်ရန် သင့် မသင့်နှင့် စနစ်ပြောင်း မပြောင်း စသည်ဖြင့် တဖြည်းဖြည်း ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ ပေသည်။ Read more…

Categories: Article, International

နိုင်ငံတစ်ဝန်း အိန္ဒိယ TATA ကားအရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် အစိုးရထံ လျှောက်ထား

November 19, 2011 Leave a comment

Saturday, 19 November 2011 Written by The Voice Weekly

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အိန္ဒိယ နာမည်ကျော် ကားကုမ္ပဏီ တစ်ခု ဖြစ်သည့် TATA က မြန်မာနိုင်ငံ တစ်ဝန်း ကား အရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် မြန်မာ အစိုးရထံ တရားဝင် လျှောက်ထားကြောင်း ရန်ကုန် မြို့တော် ဦးဝိစာရ လမ်းရှိ တပ်မတော် ခန်းမတွင် နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့ အထိ ပြုလုပ်သော အိန္ဒိယ ကုန်စည်ပြပွဲ အတွင်း TATA ကားပြခန်းတွင် တရားဝင် ထုတ်ပြန်ထားချက် အရ သိရှိရသည်။

မြန်မာ နိုင်ငံ၏ အဓိက မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ ဖားကန့်၊ လားရှိုး၊ မုံရွာ၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံ မြို့ကြီး ၁၀ မြို့တွင် TATA ကားအရောင်း ပြခန်းများ ဖွင့်လှစ်ရန် အစိုးရထံ တရားဝင် တင်ပြထားခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။ Read more…

ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းများကို အခြေခံ ဥပဒေ ခုံရုံးသို့ ပေးပို့တော့မည် မဟုတ် ဟုဆို

November 19, 2011 Leave a comment

Saturday, 19 November 2011 Written by The Voice Weekly

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းများကို အခြေခံဥပဒေ ခုံရုံးသို့ ပေးပို့တော့မည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ် အမှတ် ၁၃ အရ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ပယ်ဖျက် လိုက်ကြောင်း ဆုံးဖြတ် သည်ဟု ပြည်ထောင်စု လွှတ်တော် နာယကက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး စတုတ္ထမြောက် နေ့တွင် ထုတ်ပြန်ခဲ့သည်။ Read more…

၉၀ ရလဒ် လက်တွေ့မကျတော့ဟု ဒေါ်အောင်ဆန်းစုကြည်​ ပြော

November 19, 2011 Leave a comment

Published on November 18, 2011 by နေသွင်  ·  (DVB)

၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးဆိုတာ အခုအချိန်မှာ လက်တွေ့မကျတဲ့​ ​တောင်းဆိုချက်​ ​ဖြစ်သွားပြီလို့​​ ​မြန်မာ့ဒီမိုကရေစီခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်က​ ​ပြောကြားလိုက်ပါတယ်။

အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ တရားဝင်ပြီသား၊ ဘယ်သူမှ ဖျောက်ဖျက်ပစ်လို့ မရပေမယ့် ရွေးကောက်ပွဲရလဒ် လွှတ်တော်​ ပေါ်ပေါက်ရေး တောင်းဆိုချက်က လက်တွေ့​ မကျတော့ဘူးလို့ ပြောပါတယ်။ Read more…

Categories: DASSK, Inside, NLD, Oppositon

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters