Archive

Archive for the ‘NMSP’ Category

UNFC မူနဲ့သာ မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးမည်

November 19, 2011 Leave a comment
သောကြာနေ့၊ နိုဝင်ဘာလ 18 ရက် 2011 ခုနှစ် မင်းသုတ  လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မင်းသုတ – မွန်ပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များအား မွန်ပြည်သစ်ပါတီ အနေ ဖြင့် UNFC တပ်ပေါင်းစုအနေဖြင့်သာမြန်မာအစိုး ရနှင့်ဆွေးနွေလိုသည်ဟု ပြောကြားလိုက်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ယနေ့တွင်ပြော ကြားသည်။

nai_htMon-nmsp-11_2011-300x196မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမန်

နိုင်ထောမွန်က “မွန်ပြည်သစ်ပါတီအနေနဲ့ UNFC မူအတိုင်းပဲဆက်ပြီးရပ်တည်သွားမယ်၊ ဒီမူတွေကတော့ ပြည်ထောင်စုအစိုးရအနေနဲ့ UNFC နဲ့ပဏာမ တွေ့ဆုံဆွေးနွေးပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ပါ၊ အဲဒီအဆင့်ပြီးရင် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးသွားရမယ်” ဟု ပြောသည်။ Read more…

Categories: Ethnic Armed Groups, NMSP, UNFC

NDF တပ်ပေါင်းစုမှ မွန်ပြည်သစ်ပါတီ နှုတ်ထွက်

November 18, 2011 Leave a comment

Thursday, 17 November 2011 17:38 Written by လေးငယ် ရွှေဟင်္သာ သတင်းဌာန

mnla4မွန်ပြည်သစ် ပါတီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NDF) တပ်ပေါင်းစုမှ နှုတ်ထွက်သွားပြီးဟု မွန်ပြည်သစ် ပါတီ ခေါင်းဆောင်တဦးက ပြောပါသည်။ ဤဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ် တနေရာ၌ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄၊ ၁၅၊ ၁၆) ရက်နေ့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု အစည်းအဝေးတခုမှ အတည်ပြုလိုက်ခြင်း ဖြစ်သည် ဟုဆိုပါသည်။ ထိုအစည်းအဝေးသို့ မွန်ပြည်သစ် ပါတီ ဗဟို အလုပ်အမှုဆောင် နိုင်ရွှေသိန်းက အဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ပါသည်။ Read more…

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရန် အလားအလာကောင်း များမြင်တွေ့

November 17, 2011 Leave a comment
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 16 ရက် 2011 ခုနှစ် မင်းသုတ လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မင်းသုတ –မွန်ပြည်သစ်ပါတီနှင့်မွန်ငြိမ်းချမ်းရေး အကျိုးဆောင်တို့၏ တွေ့ဆုံမှုသည် အစိုးရနှင့် ငြိမ်းချမ်းရေးထပ်မံဆွေးနွေးရန်အလားလာကောင်း များ မြင်တွေ့ရကြောင်းအကျိုးဆောင်အဖွဲ့ တွင်ပါဝင် သူတဦးက ပြောသည်။

DSC01161-300x200မွန်အမျိုးသားတပ်မတော်ဂုဏ်ပြုတပ်ဖွဲ့ချီတက်နေစဉ်( Photo-IMNA) Read more…

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် မွန်ပြည်သစ်ဌာနချုပ်သို့ ရောက်ရှိ

November 15, 2011 Leave a comment
ကွန်းချမ်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၀၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ရွေးချယ်စေလွှတ်သည့် ငါးဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျား ဒေသသို့ စနေနေ့ညတွင် ရောက်ရှိနေပြီး နှစ်ရက်တိုင် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

ကိုယ်စားလှယ်အဖွဲ့တွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်း နှစ်ဦးဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်ဟောင်းနိုင်တင်အောင်၊ ဗဟိုကော်မတီဝင်ဟောင်း နိုင်စိုးမြင့်တို့ အပါအဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ဗဟို အလုပ်အမှုဆောင် နိုင်သက်လွင်၊ ဒေါက်တာမင်းကြည်ဝင်းနှင့် မွန်ပြည်သူများအကြား သြဇာတိက္ကမရှိသည့် ကျိုက်မရောမြို့နယ် ကော့ပလိုင်ရွာ ဆရာတော်ဘဒ္ဒန္တ ကေတုမာလာတို့ ပါဝင်သည်။ Read more…

ပြည်နယ် အစိုးရ ကမ်းလှမ်းချက် အပေါ် မွန်ပြည်သစ် ပါတီ၏ တုန့် ပြန်ချက်

November 15, 2011 Leave a comment
Sunday, 13 November 2011 14:49  ရွှေဟင်္သာ သတင်းဌာန

 NMSP_01ဒီဇင်ဘာလ (၁၅) ရက်နေ့၌ မွန်ပြည်သစ် ပါတီ၏ (၈) ကြိမ်မြောက် ပါတီညီလာခံ ကျင်းပရန် ရှိသည့်အတွက် နအဖနှင့် တွေ့ ဆုံဆွေးနွေးရန် အချိန် မပေးနိုင်သေးကြောင်း၊ ယမန်နေ့ ညနေက မွန်ပြည်သစ် ပါတီ ဗဟို ဌာချုပ်သို့ ရောက်လာသော မွန်ပြည်နယ် ၀န်ကြီးချုပ် ကိုယ်းစားလှယ် အဖွဲ့ အား ပြောကြားခဲ့သည်ဟု အမည်မဖေါ်လိုသော မွန်ပြည်သစ် ပါတီ အရာရှိ တဦးက ပြောပါသည်။ Read more…
Categories: Ethnic Armed Groups, NMSP

အစိုးရ၏ ငြိမ်းချမ်းရေးကိစ္စ မွန်ပြည်သစ် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

November 11, 2011 Leave a comment

အဇံ၊ ကောင်းဝါသတင်းဌာန          တန်ဆောင်မုန်းလဆန်း ၁၅ ရက်၊ နိုဝင်ဘာ ၁၀၊ ၂၀၁၁။
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် မည်သို့ မည်ပုံ တွေ့ဆုံသွားမည်ကို ဆွေးနွေးရန်အတွက် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို ပါတီဗဟိုဌာနချုပ်တွင် ကျင်းပလျက် ရှိကြောင်း သိရှိရသည်။

၆၄ နှစ်မြောက်မွန်အမျိုးသားနေ့တွင် မြင်တွေ့ ရသည့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်  စစ်ရေးပြအခမ်းအနား (ဓာတ်ပုံ အဇံ)

“ကျနော်တို့ ကြားသိတာက အစိုးရကိုယ်စားလှယ်တချို့ တိုင်းရင်းသားဖက်ဒရယ်ကောင်စီ (UNFC) ကို ငြိမ်းချမ်းရေးစကား လာရောက်ကမ်းလှမ်းထားတယ်လို့ ကြားရတယ်၊ အဲဒီအတွက် အခု သူတို့ ပါတီအစည်းအဝေး လုပ်နေတယ်” ဟု ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။ Read more…

Categories: Ethnic Armed Groups, NMSP

တစ်နှစ်အတွင်း တိုးတက်မှု အနည်းအကျဉ်းသာရှိသေးကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်များပြော

November 8, 2011 Leave a comment

ကျလွန်းထော ၊ Nov 7, 2011-     လွတ်လပ်သော မွန်သတင်း အေဂျင်စီ

ရွေးကောက်ပွဲကျင်းပခဲ့ပြီးတစ်နှစ်တာကာလအတွင်း ပြည်တွင်း၌ တိုးတက်ပြောင်းလဲမှုအရိပ်အယောင်များ တွေ့မြင်နေရသော်လည်း အနည်းအကျဉ်းသာရှိနေသေးကြောင်းမွန်နိုင်ငံရေးခေါင်းဆောင်များက ပြောသည်။

မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲပြုလုပ်ခဲ့သည်မှာ ယနေ့တွင် တစ်နှစ်တင်းတင်းပြည့်ခဲ့သော်လည်း နိုင်ငံအတွင်း တိုးတက်မှုများ ထင်သာမြင်သာသည့်အခြေအနေမတွေ့မြင်ရသေးကြောင်း မွန်အမျိုသားဒီမိုကရေစီအဖွဲ့ (MNDF) ဒုဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။ Read more…

Categories: Ethnic Armed Groups, NMSP

မွန်ပြည်သစ် ပါတီ၏ အဌမမြောက် ပါတီ ညီလာခံ

November 8, 2011 Leave a comment
Monday, 07 November 2011 17:19   Written by ဖြူဖြူကို — ရွှေဟင်္သာ သတင်းဌာန
 NMSP_03မွန်ပြည်သစ် ပါတီ၏ အဌမ အကြိမ်မြောက် ပါတီ ညီလာခံကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့၌ ကျင်းပတော့မည်ဟု ဗဟို အလုပ် အမှုဆောင် တဦးက ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။ ဤသို့ကြောင့် ယခုအချိန်၌ ညီလာခံ ကိုယ်စားလှယ်ရွေးချယ်ခြင်း၊ ညီလာခံ ကျင်းပရေး လမ်းညွှန်များရေးဆွဲခြင်း၊ အစီရင်ခံစာ များနှင့် ငွေစာရင်း ရှင်းတမ်းများကို ပြုစုရန်အတွက် မကြာမှီတွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပရန် အဖွဲ့ ဝင်များကို ဖိတ်ခေါ်နေ့ပြီးဖြစ်ပါသည်။ Read more…
Categories: Ethnic Armed Groups, NMSP

တပ်ပေါင်းစုနဲ့ပဲ ဆွေးနွေးမယ်, NMSP

October 31, 2011 Leave a comment

 

Uploaded by on Apr 22, 2011

တပ်ပေါင်းစုနဲ့ပဲ ဆွေးနွေးမယ်,MNSP

၆၄ ကြီမ်မြောက်မွန်တော်လှန်ရေးနေ့.

October 31, 2011 Leave a comment

 

Uploaded by on Aug 18, 2011

၆၄ ကြီမ်မြောက်မွန်တော်လှန်ရေးနေ့.

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories