Archive

Archive for the ‘Interview’ Category

ဦးဟန်ညောင်ဝေ၏ ပြည်တော်ပြန်ခရီး အတွေ့အကြုံ (၂)

November 19, 2011 Leave a comment

By featured, ဧရာဝတီ on November 19, 2011 11:18

 မေး။     ။ ဦးဟန်ညောင်ဝေ ပြောချင်တာရဲ့ အခြေခံက မြန်မာပြည်မှာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အစစ်အမှန်တွေဖြစ်ပေမယ့် အလွယ်တကူနဲ့ ပျက်စီးသွားနိုင်သေးတယ်၊ ဒါကြောင့် ပြည်တွင်း အတိုက်အခံ အင်အားစုတွေ၊ ပြည်ပ အတိုက်အခံတွေအနေနဲ့ အပြောင်းအလဲတွေ နောက်ထပ်ဖြစ်လာအောင် တွန်းအားပေးသင့်တယ်လို့ ဆိုလိုသလိုမျိုးဖြစ်နေပါတယ်။ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ ဘယ်လို အထောက်အပံ့မျိုးတွေ ပေးသင့်တယ်လို့ ယူဆပါသလဲ။

ဖြေ။     ။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေရဲ့ စွမ်းဆောင်ရည်တွေကို တည်ဆောက်ဖို့နဲ့ စွမ်းဆောင်ရည် တိုးတက်မှုရှိလာစေဖို့ တွန်းအား ပေးသင့်ပါတယ်။ သူ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်လို့ သမ္မတက ပြောပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှိတဲ့ သူ့ရဲ့တာဝန်တွေအတိုင်း တကယ်တမ်းဆောင်ရွက်ဖို့ သမ္မတကို ကျနော်တို့ တွန်းအား ပေးသင့်ပါတယ်။ ပြောရမယ်ဆိုရင်တော့ စစ်အာဏာရှင်ရဲ့ ထင်သလိုစိုးမိုးမှုနဲ့ အလွန်ကွဲပြားခြားနားတဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျင့်သုံးတာပါပဲ။ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေကိုလည်း မဲဆန္ဒရှင်တွေအတွက် အကျိုးရှိစေမယ့် ဥပဒေတွေ တင်ပြခြင်းအားဖြင့် သူတို့ကို ရွေးချယ်ခဲ့တဲ့ပြည်သူတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် ကျနော်တို့ တွန်း
အားပေးသင့်ပါတယ်။ ရှေရှည် တည်တံ့တဲ့ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ဖွဲ့စည်းပုံနဲ့ မူဝါဒ နှစ်ခုစလုံးမှာ ဒီမိုကရေစီနည်းကျဖြစ်ဖို့ လိုအပ်ပါတယ်။ Read more…

Categories: EBO, Interview, Oppositon, Outside

မူ​ရော၊​ လူ​ရော ​ပြောင်း​ရမှာပါ (ဒါရိုက်တာ ​မောင်မျိုး​မင်း​နှင့်​မေး​မြန်း​ချက်)

November 18, 2011 Leave a comment

Published on November 17, 2011 by ရွှေအောင်  ·  (DVB)

မြန်မာ့ ​ရုပ်ရှင်မှာ ဆင်ဆာရှိသင့်​ မရှိသင့်​၊​ ရုပ်ရှင်အစည်း​အရုံး​ ဘာလဲ ဘယ်လဲ ဆိုတာ​တွေနဲ့​ ပတ်သက်ပြီး​ မ​နေ့​က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း​အရုံး​မှာ စည်း​ဝေး​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း

ဗဟန်း​မြို့​ နယ် ဝင်္ကပါလမ်း​က မြန်မာနိုင်ငံရုပ်ရှင်အစည်း​အရုံး​မှာ ရုပ်ရှင်အစည်း​အရုံး​နဲ့​ ရုပ်ရှင်​လောကသား​တွေ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ သိရပါတယ်။

ဆွေး​နွေး​ ပွဲမှာ ပါဝင်​ရောက် ​ဆွေး​နွေး​ခဲ့​သူတဦး​ဖြစ်တဲ့​ ဒါရိုက်တာ​မောင်မျိုး​မင်း​ (ရင်တွင်း​ဖြစ်) က​တော့​ ရုပ်ရှင်အစည်း​အရုံး​ရော ဆင်ဆာအဖွဲ့​ပါ ​ပြောင်း​ပစ်ဖို့​လိုပြီလို့​ ဆိုပါတယ်။ Read more…

Categories: Interview, Media, Professionals

ကချင်ပြည်မှာ စစ်ရေးနည်းနဲ့ဖိအားပေးလို့ အဖြေမရနိုင်

November 18, 2011 Leave a comment

ကြာသပတေး, 17 နိုဝင်ဘာ 2011 (VOA)  By မသင်းသီရိ

မြန်မာအစိုးရအနေနဲ့ စစ်ရေးနည်းအရ ကချင်လက်နှက်ကိုင်အဖွဲ့တွေကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေတယ်ဆိုရင် မှားလိမ့်မယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိပ်တန်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ KIA နဲ့ မြန်မာအစိုးရ စစ်တပ်တွေကြား ဒီရက်ပိုင်းတွေအတွင်း အနီးကပ် ရင်ဆိုင်တိုက်ပွဲတွေ ပိုများလာနေသလို ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည် အရေအတွက်တွေလည်း ပိုတိုးလာနေပါတယ်။

အဲဒီ တိုက်ပွဲ အခြေအနေတွေနဲ့ KIA  နဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ အခြေအနေတွေ ဘယ်လိုရှိနေတယ်ဆိုတာကို ဆယ်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။ Read more…

ဦးဟန်ညောင်ဝေ၏ ပြည်တော်ပြန်ခရီး အတွေ့အကြုံ (၁)

November 18, 2011 Leave a comment

By featured, ဧရာဝတီ on November 16, 2011

 ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ၏ အမှုဆောင်ဒါရိုက်တာ ဦးဟန်ညောင်ဝေသည် မွေးရပ် မြန်မာပြည်သို့ နှစ် ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီက အလည်အပတ် သွားရောက်ခဲ့သည်။ ၎င်း၏ ခရီးစဉ် အတွေ့အကြုံနှင့် ပတ်သက်၍ အရင်ကမသိခဲ့သော အရာများကို လေ့လာခွင့်၊ နားလည်ခွင့်ရသည့် သည်ဟု သူက ပြောသည်။

ဦးဟန်ညောင်ဝေ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းရာတွင် ၎င်းမြန်မာပြည်၌ ရှိစဉ်အတွင်း တွေ့ဆုံခဲ့သည့် အစိုးရအရာရှိများ၊ နိုင်ငံရေး ခေါင်းဆောင်များအပါအဝင် တခြားသူများနှင့် တွေ့ဆုံစဉ် ကြုံတွေ့ရသော အခြေအနေများ၊ မြန်မာပြည်၏ လက်ရှိအခြေအနေအပေါ် အမြင်၊ တိုင်းရင်းသား အရေးကိစ္စ စသည်တို့ကို ဖြေကြားသွားခဲ့သည်။ Read more…

Categories: EBO, Interview, Oppositon, Outside

အခြေအနေကို ထိန်းထားနိုင်ရမယ်

November 18, 2011 Leave a comment

By featured, ဧရာဝတီ on October 14, 2011

ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီးလည်းဖြစ်၊ ညောင်ရွှေ စော်ဘွားဆက်၏ နောက်ဆုံး စော်ဘွားလည်းဖြစ်သော စော်ဘွားကြီးစပ်ရွှေသိုက်၏ သားတဦးဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ကြေငြာပြီး ၄ လ အကြာ ၁၉၄၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဦးဟန်ညောင်ဝေကို မွေးဖွားခဲ့သည်။ အခြေခံပညာရေးကို မြန်မာနိုင်ငံတွင် သင်ယူဆည်းပူးခဲ့ပြီး ထိုင်းနိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ပညာ ဆက်လက်ဆည်းပူးကာ ဘွဲ့ရရှိသည်။ ထို့နောက် ကနေဒါနိုင်ငံ McGill University မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA) ကို ရရှိခဲ့သည်။

ဦးဟန်ညောင်ဝေ (ဓာတ်ပုံ – Shan Herald Agency for News) Read more…
Categories: EBO, Interview, Oppositon, Outside

အာဆီယံဥက္ကဋ္ဌဖြစ်ရင် မြန်မာနိုင်ငံနဲ့​ ပြည်သူ​တွေအတွက် ဘာ​တွေအကျိုး​ရှိမလဲ (​ဒေါ်ခင်ဥမ္မာနှင့်​မေး​မြန်း​ချက်)

November 17, 2011 Leave a comment

Published on November 16, 2011 by ပီတာအောင် (DVB)

၂၀၁၄ မှာ မြန်မာကို အာဆီယံဥက္ကဋ္ဌ တာဝန်​ပေး​ဖို့​ အာဆီယံနိုင်ငံခြား​ရေး​ဝန်ကြီး​တွေက သ​ဘောတူထား​ပေမယ့်​ တရား​ဝင် ဆုံး​ဖြတ်ချက်ကို​တော့​ ထွက်မလာ​သေး​ပါဘူး​။

ဒေါ်ခင်ဥမ္မာ

ဒီအ​ခြေအ​ နေမှာ မြန်မာအာဆီယံဥက္ကဋ္ဌဖြစ်ခြင်း​ဟာ မြန်မာနိုင်ငံနဲ့​ပြည်သူ​တွေအတွက် ဘာ​တွေ အကျိုး​ရှိမလဲဆိုတာနဲ့​ပတ်သက်လို့​အင်ဒိုနီး​ရှား​မှာ ကျင်း​ပမယ့်​ အာဆီယံ လူထုအ​ခြေပြု အဖွဲ့​တွေရဲ့​အစည်း​အ​ဝေး​ပွဲကို တက်​ရောက်မယ့်​ Burma Partnership ​ခေါ် မြန်မာ့​အ​ရေး​ပူး​ပေါင်း​ဆောင်ရွက်သူများ​အဖွဲ့​ တာဝန်ခံ ​ဒေါ်ခင်ဥမ္မာကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ Read more…

Categories: BP, Interview, Oppositon, Outside

KIO ဂျိမ်းစ်လန်းဒေါင်ရဲ့ အမြင်

November 15, 2011 Leave a comment

 

 

Uploaded by on Nov 14, 2011

ဒိုင်လူကြီး လိုတယ်ဆိုတဲ့ KIO

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး (မြစ်မခ)

November 15, 2011 Leave a comment

မေသင်္ကြန်ဟိန်(မြစ်မခ) by Myit Makha Mediagroup on 1 Oct, 2011

 ။၂၀၁၀ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့်မေးမြန်းခွင့်၁၅ မိနစ်အချိန်ရရှိခဲ့ပါသည်။ ထို ၁၅ မိနစ်အတွင်း မေးမြန်းခဲ့ရသည်တို့အား ပြန်လည် မျှဝေပေးလိုက်ပါသည်။

မေး။    ။ ဟုတ်ကဲ့ပါအန်တီ။ ပြည်သူ့အသံတွေကို အန်တီက မီဒီယာတွေကနေပြီးတော့ နားထောင်တယ်၊ ဂရုတစိုက်လည်း ပြန်လည် ဖြေကြားပေးတယ်ဆိုတာ ကြားရ သိရပါတယ်။ မီဒီယာတွေအနေနဲ့  လူထုအသံကို ပိုပြီးတော့ အားကောင်းလာနိုင်ဖို့ အတွက် မီဒီယာတွေကို ဘယ်လိုများအကြံပြုချင်ပါသလဲရှင့်။ Read more…

Categories: DASSK, Interview

လယ်သမားများ ဥပဒေလုပ်ကိုင်ခွင့်ရကိုယ်စားလှယ် ကိုဖိုးဖြူနှင့် တွေ့ဆုံခြင်း (၂ )

November 15, 2011 Leave a comment
မေသင်္ကြန်ဟိန်(မြစ်မခ)  by Myit Makha Mediagroup on 12 Nov, 2011 `အဲမှာ ကျွန်တော်ပုံတွေကပါလာတော့ ကျွန်တော်ရှေ့နေရုံးခန်းလေးပေါလာဖမ်းသွားတယ်။ တစ်လလောက်ပဲကြာပြီးတော့ အချုပ်နဲ့ အထိန်းသိမ်းခံပြီးပြန်လွတ်လာတာဆိုတော့ ဘယ်သူမှ အမူလိုက်ပေးစရာမလိုခဲ့ဘူးပေါ့ အဲတုန်းကတော့ကျွန်တော်ကိုလိုင်စင်မဖြုတ်လိုက်ဘူး သူတို့ကလည်း လိုင်စင်နဲ့ပတ်သက်ပြီးဘာမှ အငြင်းပွားစရာမရှိဘူးဆိုတော့ ကျွန်တော် ထိန်းသိမ်းခံရတဲ့ သံဃာတွေရယ် လူအခွင့်ရေးတွေနိုင်ငံရေးတွေလူပ်ရှားကြရင်းနဲ့ အကျဉ်းကျတဲ့သူတွေ ၁၀၀ ကျော်၂၀၀ကျော်လောက်မယ်လို့ထင်ပါတယ်။ အဲမူတွေလိုက်ပေးခဲ့တယ်။ ၂၀၀၇ တစ်နှစ်လုံးအမူလိုက်ပေးခဲ့တယ်။ နောက် ၂၀၀၈ နှစ်ကုန်သည်အထိ ကျွန်တော်အမူတွေလိုက်ပေးတုန်းပါပဲ` Read more…
Categories: Activity, Farmer, Interview, Public

လယ်သမားများ ဥပဒေလုပ်ကိုင်ခွင့်ရကိုယ်စားလှယ် ကိုဖိုးဖြူနှင့် တွေ့ဆုံခြင်း (၁)

November 15, 2011 Leave a comment

မေသင်္ကြန်ဟိန်(မြစ်မခ)  by Myit Makha Mediagroup on 11 Nov, 2011

 ကိုဖိုးဖြူနဲ့ တွေ့ဆုံမေးဖို့ အများဆုံးတောင်းဆိုကြတာက ကျမရဲ့ facebook ထဲက မိတ်ဆွေများပဲ ဖြစ်ပါတယ်။ ကိုဖိုးဖြူကို ကျမ အပြင်မှာ တခါမှ မတွေ့ဖူးခဲ့ပါဘူး။ သူ့သတင်းတွေကိုတော့ မီဒီယာတွေကနေ ကြားကြားနေရပါတယ်။ ဧရာဝတီ ၀က်ဆိုက်မှာလည်း ဖတ်ရဖူးလို့ သိနေခဲ့ပါတယ်။

ကိုဖိုးဖြူနဲ့ ဆက်သွယ်ခွင့်ရဖို့ ကျမ ၃ ရက်လောက် ကြိုးစားရပါတယ်။ သူ့ဖုံးနံပတ်အသစ်ပြောင်းလိုက်လို့ ဆက်သွယ်ရ ခက်သွားတာလို့လည်း သိရပါတယ်။ သူက ကျမရဲ့ facebook မိတ်ဆွေစာရင်းထဲမှာ ပါပေမဲ့ ကျမ သတိမပြုခဲ့မိတာပါ။ Read more…

Categories: Activity, Farmer, Interview

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories