Home > Interview, Media, Professionals > မူ​ရော၊​ လူ​ရော ​ပြောင်း​ရမှာပါ (ဒါရိုက်တာ ​မောင်မျိုး​မင်း​နှင့်​မေး​မြန်း​ချက်)

မူ​ရော၊​ လူ​ရော ​ပြောင်း​ရမှာပါ (ဒါရိုက်တာ ​မောင်မျိုး​မင်း​နှင့်​မေး​မြန်း​ချက်)

Published on November 17, 2011 by ရွှေအောင်  ·  (DVB)

မြန်မာ့ ​ရုပ်ရှင်မှာ ဆင်ဆာရှိသင့်​ မရှိသင့်​၊​ ရုပ်ရှင်အစည်း​အရုံး​ ဘာလဲ ဘယ်လဲ ဆိုတာ​တွေနဲ့​ ပတ်သက်ပြီး​ မ​နေ့​က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း​အရုံး​မှာ စည်း​ဝေး​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း

ဗဟန်း​မြို့​ နယ် ဝင်္ကပါလမ်း​က မြန်မာနိုင်ငံရုပ်ရှင်အစည်း​အရုံး​မှာ ရုပ်ရှင်အစည်း​အရုံး​နဲ့​ ရုပ်ရှင်​လောကသား​တွေ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ သိရပါတယ်။

ဆွေး​နွေး​ ပွဲမှာ ပါဝင်​ရောက် ​ဆွေး​နွေး​ခဲ့​သူတဦး​ဖြစ်တဲ့​ ဒါရိုက်တာ​မောင်မျိုး​မင်း​ (ရင်တွင်း​ဖြစ်) က​တော့​ ရုပ်ရှင်အစည်း​အရုံး​ရော ဆင်ဆာအဖွဲ့​ပါ ​ပြောင်း​ပစ်ဖို့​လိုပြီလို့​ ဆိုပါတယ်။

တခြား​ကဏ္ဍ​တွေ အား​လုံး​ရွေ့​နေချိန်မှာ ရုပ်ရှင်က မ​ရွေ့​ဘူး​လို့​လည်း​ ​ပြောပါတယ်။

ဒါရိုက်တာ​မောင်မျိုး​မင်း​ (ရင်တွင်း​ဖြစ်) ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ကိုမျိုး ​မင်း​တို့​ မ​နေ့​က ဆင်ဆာနဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ သိရပါတယ်။ ကိုမျိုး​မင်း​ ​ဆွေး​နွေး​ခဲ့​တာ​လေး​ အရင် ​ပြောပြပါလား​ဗျ။

“ကျ​နော်တို့​ ​ဆွေး​နွေး​ခဲ့​တာ​တော့​ တခြား​ မဟုတ်ပါဘူး​။ ဘယ်ဆင်ဆာအဖွဲ့​ပဲ တက်တက် ဒါရိုက်တာ​တွေ အ​နေနဲ့​ ဇာတ်ကား​တခုခုကို ဆင်ဆာဖြတ်တယ်ဆိုရင် အပြန်အလှန် ​ဆွေး​နွေး​ခွင့်​ ရှိရမယ်။ တ​ယောက်နဲ့​ တ​ယောက် အနုပညာသမား​တောင်မှ အမြင်မတူကြဘူး​လေ။ သူ့​အမြင်နဲ့​ ကိုယ့်​အမြင်နဲ့​ မတူညီကြဘူး​ဆို​တော့​ အဲဒါကို ဘာ​ကြောင့်​ဖျက်တယ်ဆိုရင် ကျ​နော်တို့​က ဘာ​ကြောင့်​ရိုက်ထား​ရတာပါ​ပေါ့​။ အပြန်အလှန် ​ဆွေး​နွေး​ခွင့်​ ရှိရမယ်။ အဲဒါ တချက်ပါ။

“​နောက်တခုက မကြာခင် အာဆီယံနိုင်ငံရဲ့​ ဥက္ကဋ္ဌ​နေရာမှာ ဖြစ်လာ​တော့​မှာဆို​တော့​ အာဆီယံနိုင်ငံတနိုင်ငံရဲ့​ လွတ်လပ်တဲ့​ အနုပညာ စည်း​မျဉ်း​စည်း​ကမ်း​ ဥပ​ဒေ​တွေ ရှိသင့်​တယ်။ ဥပမာ အာဆီယံ ဥက္ကဋ္ဌ နိုင်ငံကြီး​က တင်း​တင်း​ကျပ်ကျပ်​တွေ လုပ်​နေတယ်ဆိုရင် တခြား​နိုင်ငံငယ်​လေး​တွေက ဘယ်​လေး​စား​တော့​မလဲ။ အဲ့​တော့​ ဥက္ကဋ္ဌနိုင်ငံအဖြစ် ရှိ​နေတဲ့​အချိန်က​နေစပြီး​တော့​ တခြား​ အာဆီယံနိုင်ငံ​လေး​တွေလိုပဲ လွတ်လပ်တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​ ဥပ​ဒေ ချ​ပေး​သင့်​တယ်။ အဲဒါ​လေး​တွေ​ကြောင့်​မို့​ တိုင်ပင်တယ်။

“​နောက်တခုက ကျ​နော်တို့​ အနုပညာသမား​တွေ ကံကြမ္မာ၊​ ကျ​နော်တို့​အ​ပေါ်က​နေ တခုခု ရှိမ​နေ​စေချင်ဘူး​။ ကျ​နော်တို့​ အနုပညာသမား​တွေကို သူတို့​ဘာသာ သူတို့​ ဥပ​ဒေဆွဲပြီး​ ဘာမှ မတိုင်ပင်ဘဲ တင်တယ်။ သူတို့​ဘာသာ သူတို့​ လုပ်ချင်တဲ့​စနစ်​တွေကို ​ပြောင်း​ပြီး​ လုပ်​နေတဲ့​ သူ​တွေ ရှိတယ်။ အဲဒါက အုပ်ချုပ်သူ​တွေ မဟုတ်ဘူး​၊​ အဲဒီ​အောက်က လူ​တွေ။ ​လော​လောဆယ်မှာ စား​လို့​ကောင်း​တဲ့​ ခွင်တည့်​နေတဲ့​သူ​တွေ ရှိတယ်။ အဲဒီလူ​တွေက သူတို့​နည်း​နဲ့​ သူတို့​ဘာသာ သူတို့​ ချက်ချင်း​လုပ်​နေ​တော့​ အဲဒါ​တွေက ဥပမာ ဗွီဒီယိုတချို့​ကို ကြိုတင်စနစ်နဲ့​ ဖြန့်​ရမယ်ဆိုတာ ခိုး​ကူး​ခွေ မနိုင်​သေး​ဘဲ ဖြန့်​ခိုင်း​တော့​ တနည်း​အား​ဖြင့်​ ခိုး​ကူး​ခွေနဲ့​ ရှယ်ယာ​ပေါင်း​လုပ်​နေသလား​လို့​ စဉ်း​စား​လို့​ရတယ်​လေ။ အဲလို စဉ်း​စား​သွား​လို့​ရတယ်။ အဲဒါမျိုး​ ဦး​နှောက် ရှိတဲ့​သူ​တွေက​တော့​ ဒီမှာ မရှိသင့်​ဘူး​။ ​နောက် ဆင်ဆာတဖွဲ့​လုံး​ လဲသင့်​တယ်။ ​ခေတ်အ​တွေး​အ​ခေါ်နဲ့​ flexible ဖြစ်တဲ့​သူ​တွေ လဲသင့်​တယ်။”

ဦး​မျိုး​မင်း​တို့​ အဲလို ​ဆွေး​နွေး​တော့​ ရုပ်ရှင်အစည်း​အရုံး​က ဘယ်လိုပြန်ပြီး​ ​ဆွေး​နွေး​ပါလဲခင်ဗျ။

သူတို့ ​က လက်ခံပါတယ်။ တခါတခါကျ​တော့​ လမ်း​ကြောင်း​ ဆွဲယူရတာ ရှိတယ်​လေ။ တခြား​လမ်း​ကြောင်း​ကို ဖိ​ပေး​လိုက်တာမျိုး​တွေ ရှိတယ်။ ကျ​နော်တို့​က အဲဒီလမ်း​ကြောင်ကို ပြန်ဆွဲပြီး​တော့​ ကျ​နော်တို့​ လိုချင်တာကို ပြန်ယူတယ်။ ဒါ​ပေမယ့်​ ရုပ်ရှင်အစည်း​အရုံး​ အဖွဲ့​ဝင်ဆိုတာ ​သေး​သေး​လေး​။ အဲဒီအထဲမှာ သူတို့​ အ​ကြောင်း​လည်း​ ပါပါတယ်။ ​နောက်ကွယ်မှာ အတင်း​ပြောတာ မဟုတ်ပါဘူး​။ ကျ​နော်တို့​ ​ဗြောင်​ပြောကြတာပါ။ ရုပ်ရှင်အစည်း​အရုံး​က ကျ​နော်တို့​ကို ဘာမှ မလုပ်​ပေး​နိုင်ဘူး​ဆိုတာကိုလည်း​ သူတို့​ရှေ့​မှာပဲ ​ပြောပါတယ်။ ပြီး​တော့​ ရုပ်ရှင် အစည်း​အရုံး​ တခုလုံး​လည်း​ အသစ်ပြန်ဖွဲ့​ဖို့​ လိုတယ်ဆိုတာလည်း​ ​ပြောပါတယ်။ ရုပ်ရှင် ဆင်ဆာအဖွဲ့​လည်း​ ပြန်ဖွဲ့​ဖို့​လိုတယ်ဆိုတာကိုလည်း​ ​ပြောပါတယ်။

အဲတော့​ သူတို့​က ဘယ်လိုမျိုး​ပြောလဲဗျ။

အဲ​တော့​ ဝန်ကြီး​ထိ တင်ပြပြီး​ လုပ်​ပေး​ပါ့​မယ်​ပေါ့​။ အဲ့​တော့​ ​သေချာ စဉ်း​စား​လိုက်တဲ့​အခါမှာ ဝန်ကြီး​ အထိ တင်ပြ​ပေါ့​ တဖက်ကလည်း​ နိုင်ငံ​တော်သမ္မတရုံး​တို့​၊​ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်တို့​ တင်ပြဖြစ်မယ်လို့​ ထင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ တချို့​ကိစ္စ​တွေက ဝန်ကြီး​ကို တင်ပြ​ပေး​ပါ့​မယ်ဆိုပြီး​ ​ပျောက်သွား​တဲ့​ကိစ္စ​တွေက အများ​ကြီး​ပဲ။

ဂျာနယ် ​တွေမှာ သတင်း​ရေး​သား​ခွင့်​၊​ တင်ပြခွင့်​ အရင်က မဖတ်ဖူး​တဲ့​ ဖတ်ရ​လေ့​မရှိတဲ့​ သတင်း​မျိုး​တွေ၊​ သတင်း​ဆောင်း​ပါး​မျိုး​တွေ အင်တာဗျူး​တွေ ဖတ်ရ​တော့​ စာ​ပေနဲ့​ ပတ်သက်ရင် အတိုင်း​အတာ တခုထိ ဖတ်လာရတဲ့​အ​နေအထား​မှာ ရုပ်ရှင်က ဒီအတိုင်း​ပဲ ရပ်​နေတဲ့​အ​ပေါ်မှာ ဘယ်လိုမြင်မိလဲ။

“အ​ရွေ့​ မရှိဘူး​လေ။ တခြား​ကဏ္ဍ​တွေ အကုန်လုံး​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ စီး​ပွား​ရေး​ အား​လုံး​ ​ရွေ့​ပါတယ်။ ဒီရုပ်ရှင်က မ​ရွေ့​ဘူး​။ အကုန်လုံး​ ​ရွေ့​နေတာကို ဘာဖြစ်လို့​ တင်း​ခံ​နေတာလဲ။ ဘာအတွက် တင်း​ခံ​နေတာလဲ။ ပြီး​ရင် ဘယ်သူ​တွေက တင်း​ခံ​နေတာလဲဆိုတာ ကျ​နော်တို့​ သိဖို့​လိုပြီ။ ကျ​နော်တို့​ လိုချင်တာကို တဖြည်း​ဖြည်း​တော့​ တရား​သဖြင့်​လေး​တော့​ ဆွဲယူသွား​ရမယ်။ ဘာဖြစ်လို့​လဲဆို​တော့​ အဲဒီအား​လုံး​ကလည်း​ ​လျှော့​ပေါ့​ပေး​နေကြပြီ။ လက်ရှိ လူကြီး​တွေ အကုန်လုံး​ကလည်း​ ဒါ​တွေကို ထိုက်သင့်​သ​လောက် ​လျှော့​ပေါ့​နေတယ်ဆိုတာ အား​လုံး​သိတယ်။ သိ​နေတဲ့​အချိန်မှာ ​အောက်ကလူ​တွေက စား​ရတဲ့​နေရာ​လေး​ ​ပျောက်သွား​မှာ​လေ။ အဲ့​တော့​ ဒါ​တွေက သိပ်အဆင်မ​ပြေလှဘူး​လေ။”

ခြစား​နေတဲ့​သူ​တွေ ​ပြောင်း​ပစ်မှပဲ ဒီရုပ်ရှင်​လောက တိုး​တက်မယ်လို့​ ဆိုလိုတာ​ပေါ့​နော်။

“​သေချာပါတယ်။”

မူက​တော့​ ​ပြောင်း​နေပြီလို့​ ​ပြောတယ်။ လူ​ပြောင်း​ဖို့​ လို​နေပြီ​ပေါ့​နော်။

ဟုတ်ကဲ့​။ မူ​ရော၊​ လူ​ရော ​ပြောင်း​ရမှာပါ။ တဖွဲ့​လုံး​ပြောင်း​ပြီး​ တဖွဲ့​လုံး​ အသစ်ပြန်ဖွဲ့​စည်း​ရမှာပါ။

တခြား​ ​ပြောချင်တာ ရှိရင်လည်း​ ​ပြောလို့​ရပါတယ်။

“အခုလို ​မေး​တာက ကျ​နော်တို့​ကို တတပ်တအား​ ပံ့​ပိုး​တယ်လို့​ ယူဆပါတယ်။ အဲ့​တော့​ ကျ​နော်တို့​ အခု ​ပြောင်း​လဲ​နေတဲ့​အချိန်မှာ ​ကောင်း​သော​ပြောင်း​လဲခြင်း​မှာ ကျ​နော်တို့​လည်း​ ​ကောင်း​ချင်တာ​လေ။ အဲ့​တော့​ ​ကောင်း​သော ​ပြောင်း​လဲခြင်း​ အတွက် ကျ​နော်တို့​ အား​လုံး​ အဆင်သင့်​ရှိပါတယ်။ တခုပဲ ရှိတယ်။ ကျ​နော်တို့​ ပညာရှင်​တွေကို အသိမ​ပေး​ဘဲ ကံကြမ္မာကို စီရင်တာမျိုး​။ ကျ​နော်တို့​ အနုပညာရှင်​တွေရဲ့​ အခွင့်​အ​ရေး​ကို လုယူခံရတာ၊​ အနိုင်ကျင့်​ခံရတာမျိုး​ ဖြစ်သလို ဒါ ဒီမိုက​ရေစီလမ်း​ကြောင်း​ကို ဆန့်​ကျင်တဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ အဲလိုမျိုး​ မဖြစ်​အောင် ကျ​နော်တို့​ အနုပညာသမား​တွေကလည်း​ ညီညီညွတ်ညွတ်နဲ့​ တား​ဆီး​သွား​မယ်။ ကျန်တဲ့​သူ​တွေ အား​လုံး​ကလည်း​ ကျ​နော်တို့​ကို ကူညီပံ့​ပိုး​ကြပါလို့​ ​မေတ္တာရပ်ခံချင်ပါတယ်။

Categories: Interview, Media, Professionals
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters