Home > DASSK, Interview > ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး (မြစ်မခ)

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး (မြစ်မခ)

မေသင်္ကြန်ဟိန်(မြစ်မခ) by Myit Makha Mediagroup on 1 Oct, 2011

 ။၂၀၁၀ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့်မေးမြန်းခွင့်၁၅ မိနစ်အချိန်ရရှိခဲ့ပါသည်။ ထို ၁၅ မိနစ်အတွင်း မေးမြန်းခဲ့ရသည်တို့အား ပြန်လည် မျှဝေပေးလိုက်ပါသည်။

မေး။    ။ ဟုတ်ကဲ့ပါအန်တီ။ ပြည်သူ့အသံတွေကို အန်တီက မီဒီယာတွေကနေပြီးတော့ နားထောင်တယ်၊ ဂရုတစိုက်လည်း ပြန်လည် ဖြေကြားပေးတယ်ဆိုတာ ကြားရ သိရပါတယ်။ မီဒီယာတွေအနေနဲ့  လူထုအသံကို ပိုပြီးတော့ အားကောင်းလာနိုင်ဖို့ အတွက် မီဒီယာတွေကို ဘယ်လိုများအကြံပြုချင်ပါသလဲရှင့်။

ဖြေ။    ။ တစ်ခုအခက်အခဲရှိတာကပေါ့နော်။ဒီအခုခေတ်ပေါ်တဲ့ ခေတ်ပေါ်နည်းပညာတွေ ဘာတွေသုံးဖို့ဆိုတာ လူတိုင်းကသုံးနိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အန်တီ့အမြင်မှာတော့ မီဒီယာတွေက တော်တော်ကိုကြိုးစားပါတယ်။ တတ်နိုင်သမျှပေါ့နော်။ အများနဲ့ အများပြည်သူနဲ့ အဆက်အသွယ်ရှိတာပေါ့။ ဒါပေမဲ့လဲ တစ်ချို့တွေက မီဒီယာကို ပိုပြီးတော့ သုံးတတ်တဲ့သူတွေရှိတယ်။ တစ်ချို့ အစုအဖွဲ့တွေ တစ်ချို့ပုဂ္ဂိုလ်တွေ။ အဲလိုသုံးတတ်တဲ့ လူတွေရဲ့ အသံကတော့ ပိုပြီးတော့ ကြားနေရတဲ့ သဘောပေါ့။ ၆ နှစ် ၇ နှစ်အတွင်းမှာပေါ့ ဘယ်သူကပြောလိုက်ရင် ဘယ်လိုင်း ကိုသွားမယ်ဆိုတာ ကောင်းကောင်းသိနေပြီ။ ခုဏခုဏ ပြောတဲ့ သူတွေရှိတယ်။ ပြောတဲ့ လူတွေက ပြောနေကြ လူတွေပေါ့နော်။ တစ်ချို့ လုံးဝမကြားရတဲ့ အသံတွေကတော့ အများကြီးပေါ့။ အများစုပေါ့။ ဒီလိုအများစုရဲ့အသံကို အားလုံးမကြားရလို့၊ မသိရလို့ သူတို့စိတ်ထဲမှာရှိတာကို မသိဘူးလို့လဲ မပြောလိုပါဘူး။ အနည်းစုကလဲ အများစုရဲ့ အသံကို အတိုင်း အတာတစ်ခုထိတော့ ရောင်ပြန်ဟပ်ကြတာပါပဲ။ မီဒီယာကပိုပြီးတော့ ကြိုးစားဖို့ပဲရှိပါတယ်။

မေး။    ။အခုပြည်တွင်းဂျာနယ်တွေမှာ အန်တီရဲ့ဓါတ်ပုံတွေ၊သတင်းတွေနဲ့ အင်တာဗျူးတွေကို ဖော်ပြနေတာတွေ့ရပါတယ်၊ အဲ့ဒီအနေ အထားကိုရောအန်တီအနေနဲ့ ဘာများပြောချင်ပါလဲရှင့်။

ဖြေ။    ။အဲ့ဒါလည်းဖြစ်တာမကြာသေးဘူးလို့လည်း အန်တီနားလည်တယ်၊ ဒီလိုပေါ့နော်လွတ်လွတ်လပ်လပ် ဂျာနယ်တွေ အနေနဲ့ရေးချင်သလိုရေးလို့ရတယ်ဆိုရင်တော့ကောင်းတာပေါ့၊ဒါပေမယ့်တချို့ကတော့ပြောတာကတော့၊ လွတ်လွတ်လပ်လပ်ရေးချင်သလိုတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုထိတော့ ရေးပိုင်ခွင့်ရှိတယ်ပေါ့၊အဲ့တော့ အတိုင်းတာတစ်ခုထိရေးပိုင်ခွင့်မှာ အတိုင်းအတာက တစ်နေ့ထက်တနေ့ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာ မယ်လို့ မျှော်လင့်ပါတယ်၊

မေး။    ။ နယ်စပ်ဒေသက တိုင်းရင်းသားကိစ္စတွေနဲ့ပတ်သက်ပြီး အန်တီဘယ်လိုများပြောချင်ပါသလဲရှင့်။

ဖြေ။    ။ တိုင်းရင်းသားတွေနဲ့ ပတ်သတ်လို့ပြောချင်တာက အခုလိုပုံစံက ပြန်ပြီး လက်နက်ကိုင်ပဋ္ဌိပက္ခလို မြင်ရတော့ ပြန်ပြီးမြင်ရတော့ အင်မတန်မှ ၀မ်းနည်းတယ်၊ ဒါဟာ အန်တီတို့အနေနဲ့ ပြည်ထာင်စုစိတ်ဓါတ်ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့ ဒီလိုပဲပြောရမှာပဲ၊ပြည်ထောင်စုစိတ်ဓါတ်အပြည့်အ၀နဲ့ ဒီနိုင်ငံဟာငါတို့နိုင်ငံ ဒီမြေဟာ ငါတို့အတွက် သက်သာရာလုံခြုံရာ၊ချမ်းသာရာ မြေဆိုပြီးတော့ တိုင်းရင်းသားအားလုံးက ပြည်ထောင်စု တိုင်းရင်းသား အားလုံးက အဲ့ဒီလိုစိတ်မျိုးမရှိနိုင်သ၍ အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ပဲပြောရမှာပဲ၊

မေး။    ။ အခုလို အန်တီ့အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်သွားမဲ့အပေါ်မှာ အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်မှု ရှိပါသလားရှင့်။

ဖြေ။             ။ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကတော့ တကယ်ကိုလိုအပ်တဲ့ကိစ္စ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကတော့ မရှိမဖြစ်တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ကိစ္စပဲဆိုတော့ ။ အဲဒီ့ဟာတော့ ဆက်လုပ်သွားရအုံးမှာပဲ။

မေး။    ။ မြန်မာနိုင်ငံဒီမိုကရေစီအတွက် အားလုံးကြိုးပမ်းဆောင်ရွက်ကြဖို့အတွက်လည်း အန်တီမျှော်လင့်ကြောင်းအန်တီ့ အင်တာဗျူးတွေထဲမှာ ထည့်ပြောခဲ့တာ တွေ့ရပါတယ်။ အားလုံးပါဝင်နိုင်ဖို့အတွက် ဘယ်လို စိတ်ဓါတ်မျိုးထားရှိသင့်ပါသလဲရှင့်။

။ဖြေ။    ။ ဒီဟာက အချိန်နဲ့ အခြေအနေပေါ်မှာလဲမူတည်ပါတယ်။ ပံ့ပိုးမှုဆိုတာအမျိုးမျိုးပေါ့နော်။ အရေးကြီးတာကတော့ အန်တီတို့အနေနဲ့ ဆက်ဆံတဲ့ နေရာမှာ ယုံယုံကြည်ကြည်နဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှု အပြည့်အဝနဲ့ ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံနိုင်တဲ့ အခါကြရင် အဲလိုဆက်ဆံနိုင်အောင်လို့ တစ်ဦးပေါ်တစ်ဦး ယုံကြည်နိုင်အောင်လို့ အန်တီတို့စွမ်းဆောင်နိုင်လို့ရှိရင် သိပ်ပြီး ခဲခဲ ယဉ်းယဉ်းမရှိဘူး။ အရေးကြီးတာကတော့ အန်တီတို့အနေနဲ့ မိတ်ကောင်းဆွေကောင်းတွေပေါ့နော် ဒီလိုဖြစ်ဖို့ တစ်ဦးပေါ်တစ်ဦး ရဲဘော်ရဲဘက်လို တန်းတူညီတူ အဲလိုစိတ်ထားမျိုးတွေ ခိုင်ခံအောင်လုပ်ဖို့ အရေးကြီးပါတယ်။

မေး။    ။တခုလောက်မေးပါရစေ အန်တီက အခုလိုနှစ်ပေါင်းများစွာ အခုလိုကြံ့ကြံ့ခံပြီး ဒီမိုကရေစီအရေးကို ဆောင်ရွက်နေနိုင်တာဘာကြောင့်ပါလဲရှင့်။

။ဖြေ။    ။အဲ့ဒါကတော့ အန်တီကို ၀ိုင်းပြီးတော့ အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲပြောရမှာပဲ၊ ဘာကြောင့်လဲဆို ကိုယ်တစ်ယောက်ထဲလုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ပဲ၊ အန်တီကိုဝိုင်းပြီးတော့ အကူညီပေးတဲ့သူတွေ၊ အားပေးတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်ပေးတဲ့ အန်တီသားလေး၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုကလို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲပြောရမှာပဲ။

မေး။    ။ဟုတ်ကဲ့ပါအန်တီ၊ သမီးနောက်တစ်ခုသိချင်တာကလေ မြန်မာနိုင်ငံမှာ အခု HIV/AIDS ဝေဒနာရှင်တွေ အတွက်ပေါ့နော် အန်တီတို့ဒီ မဖြူဖြူသင်းတို့ NLDလူထက်ပိုအဖွဲ့ကနေပြီးတော့ အကူညီပေးတာ သမီး သိရသလောက်ဆိုရင် ၂၀၀၀ခုနှစ်ဝန်းကျင်လောက်ကတည်းက သိရပါတယ်၊ အခုလို အန်တီအနေနဲ့ကော အိတ်ချာ်အိုင်ဗီဝေဒနာသည်တွေအတွက်  ဘယ်လို စဉ်စားစီစဉ်ထားပါသလဲရှင့်။

ဖြေ။    ။ချက်ချင်းလက်ငင်းကတော့ အန်တီတို့ဆေးတွေလုံလုံလောက်လောက်ပေးနိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါတယ်၊ အလှူငွေတွေလိုပါတယ်၊ အဲ့ဒါကြောင့်မို့လို့ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ပြောချင်ပါတယ်၊ ဘာလို့လဲဆိုတော့ အန်တီတို့တစ်တွေအနေနဲ့ AntiRetovital Drugတွေ ဝေပေးဖို့ဆိုတာတော်တော်ကိုလိုတယ်၊ ဒီဆေးကလည်းသိတဲ့အတိုင်းပဲ အပြတ်မခံဘူး၊

အဲ့တော့ဒီဆေးအတွက်ပဲ တော်တော်လိုတယ်၊နောက်ပြီးတော့ဝေဒနာရှင်တွေအနေရဲ့စားရေးသောက်ရေးလုံလုံလောက်လောက်ပေါ့နော်၊ဖူလုံ အောင် လုပ်ပေးနိုင်ဖို့လည်းလိုပါတယ်၊အဲ့ဒါကြောင့် မီဒီယာကနေတဆင့် အန်တီအနေနဲ့မေတ္တာရပ်ခံပါရစေ၊ အားလုံး ပေါ့နော် ကျွန်မတို့ရဲ့ညီအစ်ကိုမောင်နှမတွေအချင်းချင်း ကျွန်မတို့ရဲ့သားသမီးတွေဖြစ်တဲ့ HIVဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ၊ ၀ိုင်းပြီးတော့ပံ့ပိုးပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်၊

မေး။ ခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အန်တီ။

Categories: DASSK, Interview
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters