Archive

Archive for the ‘Activity’ Category

သတ္တိကောင်းတာလား ဖြူဖြူကျော်သိန်း၊ ရုပ်ရှင်ဆင်ဆာ ရှိသင့် မရှိသင့်နဲ့ ဒေါက်တာကျော်သူ

November 19, 2011 Leave a comment

By featured, မစပ်စု on November 18, 2011 6:07 p (Irrawaddy)

ဖြူဖြူကျော်သိန်းနဲ့ သူ့ရဲ့ ဆူဒိုအီလစ်များ

“င့ါရဲ့အသည်းထဲကအတွင်းကြေ”“ငါတော့မေ့လို့မရတော့ဘူး” စတဲ့ အပြင်းစား တေးသီချင်းတွေ ကိုစင်မြင့်ရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် ပြေးလွှားခုန်ပေါက်လိုက် ၊ လေးဘက်ထောက် လျှောက်ပြလိုက်နဲ့ ပါဖောမင့်အမျိုးမျိုးပြ အော်ဟစ် သီဆိုလွန်း ခဲ့လို့ထူးဆန်းမှု တွေနဲ့အတူလူသိ များလာတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက သူ့ကို လူသန်းပေါင်းများစွာအားပေး လက်ခံ နေတဲ့ကြားက သူ့ကို အကောင်းမမြင်တဲ့သူတွေဟာ ဟိုမရောက်ဒီမရောက်တွေ၊ အင်္ဂလိပ်လိုပြောမယ်ဆိုရင် Pseudoelid လို့ သတ်မှတ်တယ်လို့ First Music ဂျာနယ်မှာပြောသွားပါတယ်။

ဖြူဖြူကျော်သိန်းကို စင်တင်ပွဲတခုတွင် ဤသို့တွေ့ရသည် (ဓာတ်ပုံ – ဖြူဖြူကျော်သိန်း facebook) Read more…

နိုင်ငံရေးဆိုတဲ့ဝေါဟာရကို မြန်မာလူငယ်များ ပိုမိုနားလည်စိတ်ဝင်စားလာ

November 19, 2011 Leave a comment
နန်းတင်ထွေး (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

နှစ်ပေါင်း၂၀ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ပါတီစုံရွေး ကောက်ပွဲကျင်းပအပြီး တစ်နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံ လူငယ်ထုတွေရဲ့ ‘နိုင်ငံရေး’ဆိုတဲ့အပေါ်မှာ စိတ်ဝင်စားမူတွေ၊ မြင့်တွေ့ပြောဆိုဆွေးနွေးမူတွေဟာ သိသိ သာသာ မြင့်တက်လာ တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတတွေ့ဆုံမူ၊ ပြည်သူတစ်ရပ်လုံး ကန့်ကွက်ခဲ့ကြတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီးကို ရပ်ဆိုင်း လိုက်မှု၊ အမေရိကန်နှင့် ဥရောပနိုင်ငံတွေဆီက သံတမန်တွေ လာရောက်တွေ့ဆုံမူတွေအပြင် ပြည်တွင်း မီဒီယာရဲ့အခန်းကဏ္ဍ သိသိသာသာ လွတ်လပ်ပွင့်လင်းမှုတွေရှိလာမှုစတဲ့ အဖြစ်အပျက်တွေဟာ တစ်နှစ်တာကာလအတွင်း ကြီးမားတဲ့ပြောင်းလဲမှုပြယုပ် တွေ ဖြစ်တဲ့အပြင် လူငယ်တွေရဲ့နိုင်ငံရေးရေချိန်တွေကို မြင့်တက်စေခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ Read more…

Categories: Activity, Inside, NLD, Public

မန္တလေးနှင့် နိုင်ငံရေး

November 19, 2011 Leave a comment
အောင်ရှင် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

မန္တလေးတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်က မြင်ကွင်းတစ်ခု။
ဓာတ်ပုံ-ခရစ္စ

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အပြောင်းအလဲဖြစ်စဉ်များတွင် မန္တလေး က လှုပ်လှုပ်ရှားရှားမရှိခဲ့။ မန္တလေးသားများလည်း အပြောင်း အလဲကို စောင့်ကြည့်နားထောင် ခပ်မဆိတ်သာရှိခဲ့သည်။

သို့သော်ငြားလည်း မန္တလေး ကိုယ်တိုင်ကြုံခဲ့ရသည့် အပြောင်းအလဲ တချို့ မန္တလေးမှာရှိခဲ့သည်။

မြန်မာနိုင်ငံမှာ ဒုတိယလူဦးရေ အများဆုံးဖြစ်သည့် အထက် မြန်မာပြည်ရဲ့ မြို့တော်မန္တလေးမှာ တစ်နှစ်ကာလအတွင်း သိသိသာသာ ပြောင်းလဲမှုကြီးများ မရှိခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် တချို့သော ပြောင်းလဲမှုများ ရှိလာခဲ့သည်ဟု မန္တလေးသားများက ဆိုသည်။

ရန်ကုန်တွင် အထင်ကရ နိုင်ငံရေး ဖြစ်စဉ်ရှိခဲ့ပြီး နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးများ ကျင်းပနေသည့်အချိန် မန္တလေးတွင် အပြောင်းအလဲတစ်ချို့နှင့် အေးအေးဆေးဆေးသာ ရှိခဲ့သည်။ Read more…

လယ်သမားများ ဥပဒေလုပ်ကိုင်ခွင့်ရကိုယ်စားလှယ် ကိုဖိုးဖြူနှင့် တွေ့ဆုံခြင်း (၂ )

November 15, 2011 Leave a comment
မေသင်္ကြန်ဟိန်(မြစ်မခ)  by Myit Makha Mediagroup on 12 Nov, 2011 `အဲမှာ ကျွန်တော်ပုံတွေကပါလာတော့ ကျွန်တော်ရှေ့နေရုံးခန်းလေးပေါလာဖမ်းသွားတယ်။ တစ်လလောက်ပဲကြာပြီးတော့ အချုပ်နဲ့ အထိန်းသိမ်းခံပြီးပြန်လွတ်လာတာဆိုတော့ ဘယ်သူမှ အမူလိုက်ပေးစရာမလိုခဲ့ဘူးပေါ့ အဲတုန်းကတော့ကျွန်တော်ကိုလိုင်စင်မဖြုတ်လိုက်ဘူး သူတို့ကလည်း လိုင်စင်နဲ့ပတ်သက်ပြီးဘာမှ အငြင်းပွားစရာမရှိဘူးဆိုတော့ ကျွန်တော် ထိန်းသိမ်းခံရတဲ့ သံဃာတွေရယ် လူအခွင့်ရေးတွေနိုင်ငံရေးတွေလူပ်ရှားကြရင်းနဲ့ အကျဉ်းကျတဲ့သူတွေ ၁၀၀ ကျော်၂၀၀ကျော်လောက်မယ်လို့ထင်ပါတယ်။ အဲမူတွေလိုက်ပေးခဲ့တယ်။ ၂၀၀၇ တစ်နှစ်လုံးအမူလိုက်ပေးခဲ့တယ်။ နောက် ၂၀၀၈ နှစ်ကုန်သည်အထိ ကျွန်တော်အမူတွေလိုက်ပေးတုန်းပါပဲ` Read more…
Categories: Activity, Farmer, Interview, Public

လယ်သမားများ ဥပဒေလုပ်ကိုင်ခွင့်ရကိုယ်စားလှယ် ကိုဖိုးဖြူနှင့် တွေ့ဆုံခြင်း (၁)

November 15, 2011 Leave a comment

မေသင်္ကြန်ဟိန်(မြစ်မခ)  by Myit Makha Mediagroup on 11 Nov, 2011

 ကိုဖိုးဖြူနဲ့ တွေ့ဆုံမေးဖို့ အများဆုံးတောင်းဆိုကြတာက ကျမရဲ့ facebook ထဲက မိတ်ဆွေများပဲ ဖြစ်ပါတယ်။ ကိုဖိုးဖြူကို ကျမ အပြင်မှာ တခါမှ မတွေ့ဖူးခဲ့ပါဘူး။ သူ့သတင်းတွေကိုတော့ မီဒီယာတွေကနေ ကြားကြားနေရပါတယ်။ ဧရာဝတီ ၀က်ဆိုက်မှာလည်း ဖတ်ရဖူးလို့ သိနေခဲ့ပါတယ်။

ကိုဖိုးဖြူနဲ့ ဆက်သွယ်ခွင့်ရဖို့ ကျမ ၃ ရက်လောက် ကြိုးစားရပါတယ်။ သူ့ဖုံးနံပတ်အသစ်ပြောင်းလိုက်လို့ ဆက်သွယ်ရ ခက်သွားတာလို့လည်း သိရပါတယ်။ သူက ကျမရဲ့ facebook မိတ်ဆွေစာရင်းထဲမှာ ပါပေမဲ့ ကျမ သတိမပြုခဲ့မိတာပါ။ Read more…

Categories: Activity, Farmer, Interview

ကျော်သူကို ဧမာနွေလအသင်းတော်က လူမှုအကျိုးပြု ဒေါက်တာဘွဲ့ ချီးမြှင့်

November 15, 2011 Leave a comment
ထွန်းထွန်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ လူမျိုး၊ ဘာသာမရွေး နာရေး ကိစ္စများအား ကူညီပေးနေသည့် အတွက် ရန်ကုန် မြို့လယ်ရှိ ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်းက နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူအား လူမှုအကျိုးပြု ဒေါက်တာဘွဲ့  (Doctor of Humane Social Services – D.H.H.S) ပေးအပ် လိုက်သည်။

ယင်းဘွဲ့ကို Immanuel Theological Institute (ပင်မကျောင်းတော်ကြီး)၊ Union Biblical Seminary (ရန်ကုန်)၊ International School of Theology (ဘန်ကောက်) နှင့် Online Bible College International (သြစတြေးလျ) တို့၏ မတည်မှုဖြင့် ဧမာနွေလဘုရားကျောင်းမှ ပေးအပ်ခြင်း ဖြစ်သည်။ Read more…

Categories: Activity, Local NGOs, Public

Honouring for U Win Tin and Saffron monks

November 14, 2011 Leave a comment

Uploaded by on Nov 12, 2011

Categories: Activity, Monk, Public, Vedio

အမေရိကန်ရောက် မြန်မာလူငယ်တွေကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဟောပြောအားပေး

November 14, 2011 Leave a comment
2011-11-13 (RFA)

အမေရိကန် ပြည်ထောင်စုရောက် မြန်မာ ကျောင်းသားလူငယ်တွေ မိမိတို့ရဲ့ နိုင်ငံသား အခွင့်အရေးအပေါ် အခြေခံတဲ့ တိုးတက်အောင်မြင်မှုတွေ ဖော်ဆောင်နိုင်ဖို့ ဟောပြောပွဲတရပ်ကို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ပါဒူးတက္ကသိုလ်မှာ မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ Read more…

Categories: Activity, Outside

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေဆဲ

November 12, 2011 Leave a comment
Friday, 11 November 2011 19:17   Written by မိစနှုာဦး ရွှေဟင်္သာ သတင်းဌာန

human_right_abuse1သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု ဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်း ရန်အတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း ထားခဲ့သော်လည်း မျှော်မှန်းသလောက် တိုးတက်မှု အခြေအနေ မတွေ့ရှိ ရသေးသည့်အပြင် စစ်ဖြစ်ပွါးနေသော တိုင်းရင်းသား ဒေသများတွင်  ဆိုးဝါးစွာ ကျူးလွန်ခြင်း ခံနေရသည်ဟု လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ)၏ စည်းရုံး လှုံ့ဆော်ရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းဇော်မှ ယခုလို ပြောပါသည်။ Read more…

Categories: Activity, Army, Government, Public

ကိုဇာဂနာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီထောက်ပံ့

November 12, 2011 Leave a comment
2011-11-12 (RFA)

အောက်တိုဘာလ ၁၂ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြန်မလွတ် သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ငွေကြေး၊ စာအုပ်စာတမ်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုက်လံ ဝေငှနေရာမှာ ဒီကနေ့အထိ အကျဉ်းသား ၆၂၄ ဦးအတွက် ပေးလှူနိုင်ခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP) Read more…

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories