Home > Activity, Inside, NLD, Public > နိုင်ငံရေးဆိုတဲ့ဝေါဟာရကို မြန်မာလူငယ်များ ပိုမိုနားလည်စိတ်ဝင်စားလာ

နိုင်ငံရေးဆိုတဲ့ဝေါဟာရကို မြန်မာလူငယ်များ ပိုမိုနားလည်စိတ်ဝင်စားလာ

နန်းတင်ထွေး (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

နှစ်ပေါင်း၂၀ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ပါတီစုံရွေး ကောက်ပွဲကျင်းပအပြီး တစ်နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံ လူငယ်ထုတွေရဲ့ ‘နိုင်ငံရေး’ဆိုတဲ့အပေါ်မှာ စိတ်ဝင်စားမူတွေ၊ မြင့်တွေ့ပြောဆိုဆွေးနွေးမူတွေဟာ သိသိ သာသာ မြင့်တက်လာ တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတတွေ့ဆုံမူ၊ ပြည်သူတစ်ရပ်လုံး ကန့်ကွက်ခဲ့ကြတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီးကို ရပ်ဆိုင်း လိုက်မှု၊ အမေရိကန်နှင့် ဥရောပနိုင်ငံတွေဆီက သံတမန်တွေ လာရောက်တွေ့ဆုံမူတွေအပြင် ပြည်တွင်း မီဒီယာရဲ့အခန်းကဏ္ဍ သိသိသာသာ လွတ်လပ်ပွင့်လင်းမှုတွေရှိလာမှုစတဲ့ အဖြစ်အပျက်တွေဟာ တစ်နှစ်တာကာလအတွင်း ကြီးမားတဲ့ပြောင်းလဲမှုပြယုပ် တွေ ဖြစ်တဲ့အပြင် လူငယ်တွေရဲ့နိုင်ငံရေးရေချိန်တွေကို မြင့်တက်စေခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၀ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကြီးဟာ လူငယ် တွေရဲ့ နိုင်ငံရေးအပေါ်စိတ်ဝင်စားလာစေစရာ အခန်း ကဏ္ဍမှာ အရေးတဲ့ကဏ္ဍတစ်ရပ်ကနေ ပါဝင်တယ်လို့ မြန်မာအီးဂရက်က ပို့ချတဲ့ Mass Communication သင်တန်းဆင်း ကိုခိုင်စိုးအောင်က ပြောပါတယ်။

“ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်ရဲ့နိုင်ငံရေးအမြင်တွေဟာ မပြောပြတတ် လောက်အောင် ပြောင်းလဲသွားတယ်။ ကျွန်တော်တစ်ခါမှ မတွေးရဲတာတွေ တွေး တယ်။ ပြောတယ်။ စဉ်းစားတယ်။ ပြီးတော့ဆွေးနွေးတယ်”လို့ အသက် ၂၃ နှစ် အရွယ် ကိုခိုင်စိုးအောင်က ပြောပါတယ်။ “မတူတဲ့အုပ်စုတွေအဖွဲ့အစည်းတွေ တွေ့ဆုံကြတယ်။ ညှိနှိုင်းမှုတွေလုပ်လာ ကြတဲ့အချက်တွေကို ကျွန်တော် ကြိုက်တယ်” လို့ သူက ပြောပါတယ်။

ဘလော့ဂါတစ်ဦးဖြစ်သူ ကိုစိုးလှိုက်ဦးကလည်း “ကျွန်တော့်ဘ၀တစ်လျှောက် လုံး နိုင်ငံရေးကို စိတ်ဝင်စားခဲ့တယ်။ ကွာသွားတာ တစ်ခုက အခုချိန်က ပိုပြီး ပွင့်လင်းလာတာ၊ လွတ်လပ်မူရှိလာတာပဲ”လို့ ဆိုပါတယ်။

အရင်ကဆိုရင် သူ့ရဲ့နိုင်ငံရေးခံယူချက်၊ ထင်မြင်ချက်တွေ၊ ယုံကြည်မူတွေကို သူရဲ့အနီးစပ်ဆုံး သူငယ်ချင်းတွေနဲ့သာ မျှဝေနိုင်ခဲ့ တယ်လို့လည်း ယင်းမာပင်မြို့ ဇာတိ ကိုစိုးလှိုက်ဦးကပြောပါတယ်။

နိုင်ငံရေးသိပ္ပံ၊ လူမှုအဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြားနိုင်ငံရေး ဆိုင်ရာသင်တန်းကို လူငယ်တွေကို အဓိကထားပို့ချ ပေးနေတဲ့ ဗေဒါသင်တန်း ကျောင်းကို တည်ထောင်သူဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်းကလည်း လူငယ်တွေ နိုင်ငံရေးအပေါ် ပိုမို စိတ်ဝင်စားလာခြင်းဟာ ရွေးကောက်ပွဲကနေဖြစ်ပေါ်လာတဲ့ တစ်ခုတည်းသော ကောင်းမွန်တဲ့ရလဒ်ဖြစ်တယ်လို့ပြောပါတယ်။

“ခုဆိုရင်လူငယ်တွေ အပြောင်းအလဲဆိုတာကို ပိုပြောလာကြတယ်။ လူမူရေး၊ နိုင်ငံရေးတွေမှာ ပါဝင်လာကြတယ်”လို့ အသက် ၃၃နှစ်အရွယ် ကိုမျိုးရန်နောင် သိန်းက ပြောပါတယ်။

Social Action for Youth ရဲ့ ဦးဆောင်သူဖြစ်တဲ့ မချိုချစ်အောင်ကတော့ အဖွဲ့အစည်းတွေ ပိုမိုလွတ်လပ်စွာ လှုပ်ရှားခွင့်ရ လာခြင်းဟာ သိသာတဲ့ပြောင်းလဲမှု တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်ကဆိုရင် အလုပ်တစ်ခုလုပ်ဖို့အတွက် ခွင့်ပြုချက်တောင်းရတာ၊ စောင့်ရတာအကြာကြီးပဲ။ ပြီးတော့ လူငယ်လို့ ဆိုလိုက် တာနဲ့ တစ်ခုခုမကောင်းတာတွေးလေ့ရှိတယ်။ ခုဆိုရင် သူတို့ကိုယ်တိုင် အားပေး တိုက်တွန်းလာတယ်။ ကျွန်မစိတ်ထဲမှာ အပြောင်းအလဲကို စတင်ခံစားနေရတယ်”လို့ အသက်၂၇နှစ်အရွယ် မချိုချစ်အောင်က ဆိုပါတယ်။

Social Action for Youth ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်း ခဲ့ကာ ယခုချိန်မှာ အသက်၁၆နှစ်ကနေ ၃၀အရွယ် လူငယ် အဖွဲ့ဝင်၅၀ကျော်ရှိကာ ရွေ့လျှားစာကြည့်တိုက်ဖွင့်လှစ်ပေးတာတွေ၊ သက်ကြီးရွယ်အိုတွေကို အိမ်တိုင်ရာ ရောက် လိုက်လံပြုစုပေး တာတွေ အပြင်ပညာဒါနအဖြစ်သင်တန်းတွေလည်း ပို့ချပေးလျက်ရှိပါတယ်။

ဒါပေမယ့်မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ ရေရှည်မှာဘယ်လိုဖြစ်လာ မလဲဆိုတဲ့အပေါ်မှာ အချို့သောလူငယ်တွေက မေးခွန်းထုတ်နေကြသလို တချို့ တွေကလည်း သံသယ၀င်လျက်ရှိနေကြပါတယ်။

“အပြောင်းအလဲဆိုတာ အမြဲတမ်း မျက်နှာနှစ်ခုရှိတယ်။ အကောင်းဘက် ကို သွားနေတယ်လို့ ထင်နေချိန်မှာပဲ အဆိုးဘက်ကို ရုတ်တရက်ဦးတည် သွားတတ်တယ်”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်နဲ့ လက်ရှိ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို လေ့လာသင်ယူနေတဲ့ အသက် ၁၉ နှစ်အရွယ် ကိုငြိမ်းချမ်းက ပြောပါတယ်။

နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့ မအေးငြိမ်းဝင်းကလည်း “ခုဖြစ်နေတဲ့ အပြောင်းအလဲတွေက ဒီတိုင်းချည်းပြီး သွားမှာ ကြောက်တယ်။ နောက်ထပ် အပြောင်းအလဲတွေကို မြင်ချင်တယ်”လို့ ပြောပါတယ်။

အခြားတစ်ဖက်မှာလည်း နယ်ကလူငယ်တွေအတွက်တော့ တရားမျှတစွာ ကျင်းပခဲ့တယ်လို့ ကြေညာခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲဟာ အကျိုးတစ်စုံတစ်ရာ သက်ရောက်မူရှိရဲ့လားဆိုတာ တစ်နှစ်ဆိုတဲ့ကာလအပြီးမှာ မရေမရာဖြစ်နေဆဲပါပဲ။ ဘားအံမြို့မှ အသက်၂၉ နှစ်အရွယ် ကရင်လူမျိုးတစ်ဦးဖြစ်တဲ့ ကိုဖိုးစန္ဒာက “ခုချိန်ထိလူငယ်တွေအဖွဲ့အစည်းဝင်ရမှာ အရင်ကလိုကြောက်နေတုန်းပဲ။ သူတို့ အနေနဲ့ အဖွဲ့အစည်းတစ်ခုဝင်ပြီဆိုတာနဲ့ လက်နက်ကိုင်ရမှာတို့ ဘာတို့ထင်ကြ တယ်”လို့ ကရင်ပြည်နယ်ရဲ့ အအခြေအနေတစ်ခုကို ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပစဉ်ကာလမှာလည်း မဲဆွယ်တဲ့ပါတီတွေဟာ ပြည်သူ အားလုံးနားလည်ထားသင့်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရှင်းပြတာ၊ နိုင်ငံသား တစ်ယောက်ရဲ့ရပိုင်ခွင့်တွေကို ရှင်းပြတာမျိုးမရှိဘဲ သူတို့ပါတီကိုမဲဖို့အရေးကိုသာ အဓိကထားခဲ့ကြတယ်လို့ ကိုဖိုးစန္ဒာက ပါတီတွေအပေါ်သုံးသပ်ပါတယ်။

ချောက်မြို့ဇာတိဖြစ်ကာ နိုင်ငံရေးသိပ္ပံသင်တန်းသားတစ်ဦးဖြစ်တဲ့ ကိုဇော် ၀င်းထက်ကလည်း “ကျွန်တော်တို့နယ်ဘက်မှာဆိုရင် ရွာသားတွေဟာ ပြည်သူ တစ်ယောက်အနေနဲ့ သူတို့ရဲ့ရပိုင်ခွင့်၊ နိုင်ငံအစိုးရကနေ သူတို့ကို ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာမျိုးကို မသိကြဘူး။ ဒါကြောင့် ကျွန်တော်သိတဲ့ အသိပညာ၊ ဗဟုသုတတွေကို ကျွန်တော့်ဒေသမှာ ပြန်ပြီးမျှဝေမယ်”လို့ ရွေးကောက်ပွဲနဲ့ ပါတီတွေရဲ့ကွက်လပ်ကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်ထားပါတယ်။ “နိုင်ငံရေးဆိုတာဟာ ရွေးကောက်ပွဲ၊ ပါတီနဲ့ အစိုးရကိုပဲ ခေါ်တာ မဟုတ်ဘူး။ ကျွန်တော်တို့နေ့စဉ် ဘယ်လိုအသက်ရှင်နေထိုင်တယ်။ ကိုယ့်အကျိုး၊သူများအကျိုးကို ဘယ်လိုပြုတယ်ဆိုတာဟာလည်း နိုင်ငံရေးပဲ”လို့ ကိုဇော်ဝင်းထက်က သူရဲ့ ခံယူချက်ကိုပြောပါတယ်။

Categories: Activity, Inside, NLD, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters