Home > Activity, Army, Government, Public > မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေဆဲ

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေဆဲ

Friday, 11 November 2011 19:17   Written by မိစနှုာဦး ရွှေဟင်္သာ သတင်းဌာန

human_right_abuse1သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု ဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်း ရန်အတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း ထားခဲ့သော်လည်း မျှော်မှန်းသလောက် တိုးတက်မှု အခြေအနေ မတွေ့ရှိ ရသေးသည့်အပြင် စစ်ဖြစ်ပွါးနေသော တိုင်းရင်းသား ဒေသများတွင်  ဆိုးဝါးစွာ ကျူးလွန်ခြင်း ခံနေရသည်ဟု လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ)၏ စည်းရုံး လှုံ့ဆော်ရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းဇော်မှ ယခုလို ပြောပါသည်။

“အခြေအနေကတော့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ပိုပြီးတော့မှ ဆိုးတာပေါ့နော်။ အထူးသဖြင့် ကချင်ဒေသပေါ့နော်။ ပြီးတော့ ရှမ်းပြည်နယ်တွေရော ကရင်ပြည်နယ် ဒီဒေသတွေမှာ အမျိုးသမီးတွေကို ပြုကျင့်တဲ့ မုဒိမ်းမှုတို့၊ လူတွေကို အတင်းအဓမ္မ လုပ်အားစေခိုင်းမှုတို့၊ ပေါ်တာဆွဲတာတို့ပေါ့နော်၊ ပြီးတော့ သတ်ဖြတ်မှုတို့ အဲဒါတွေကို တွေ့ရတယ်ပေါ့။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပါလီမန် ဒီမိုကရေစီ အဆင့်ကို သွားနေတယ် ဆိုတဲ့ ပုံစံမျိုးမှာ လူ့အခွင့်အရေး အခြေအနေက မျှော်မှန်း ထားသလို သိသိသာသာ ပြောကြားလာတာကို မတွေ့ရဘူးပေါ့နော်။ ကျန်တဲ့ ဒေသ တွေမှာကျတော့ ကျွန်တော်တို့ ဒီလူ့အခွင့်အရေး ဆိုင်ရာအရ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားခွင့်တို့ စုရုံးပိုင်ခွင့် တို့ပေါ့နော်။ ထင်သလောက် လွတ်လပ်မှုတွေကို မတွေ့ ရသေးဘူး”

လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) စည်းရုံး လှုံ့ဆော်ရေး အဖွဲ့မှ ဒီကနေ့ ထုတ်ဝေသည့် ကြေညာချက်ထဲတွင် တိုင်းနဲ့ ပြည်နယ်(၁၄) ခု အတွင်း အစိုးရနှင့် အစိုးရ ထောက်ခံသူများမှ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်ရပ်ပေါင်း (၂၆၁) ခု ရှိနေသည်ဟု ဖေါ်ပြ ထားပါသည်။

human_right_abuse

မြန်မာအစိုးရ၏ တိုင်းရင်းသား ဒေသများအပေါ် စစ်ဆင်နေမှုကြောင့် ထွက်ပြေးနေရသည့် ဒုက္ခသည်များပုံ (ဓါတ်ပုံ – အင်တာနက်)

အစိုးရသစ် ကနေ ဖွဲ့စည်း ပေးထားသော အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနှင့်လည်း လက်တွေ့ကျကျ တာဝန်ယူမှု အားနည်း နေသေးသည်ဟု ရွေးကောက်ပွဲဝင် ချင်းအမျိုးသားပါတီ၏ အတွင်းရေးမှူး (၁) ဆလိုင်းငှက်ပီးက ယခုလို သုံးသပ်ပြောဆိုသည်။

“နိုင်ငံတကာ ရလာဘ်ကောင်းအောင် ပြနေတယ်။ တကယ့်တကယ်ကတော့ အောက်ခြေ အဆင့်ထိ ယန္တယားမှာ အသုံး သိပ်မ၀င်သေးဘူး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ တစ်ဦးချင်း အနေနဲ့ရော အောက်ခြေ လူထုနဲ့ ထိတွေ့ ဆက်ဆံမှုမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်။ တာဝန်ယူနိုင်စွမ်း ရှိမရှိ ဆိုတာလဲ စိမ်ခေါ်ချက် ပုစ္ဆာ တစ်ခုလို ဖြစ်နေတယ်။ ဘာတွေ သူတို့ လုပ်နိုင်စွမ်း ရှိသလဲ ဆိုတဲ့အချက်ပေါ်မှာ သူတို့ သံသယ ရှိနေပုံပါဘဲ။ ကျွန်တော်တို့ ကတော့ အဓိပ္ပါယ် ရှိစေချင်တာပါ။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို (၂ဝ၁၁) ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် အငြိမ်းစား ဝန်ထင်တမ်း (၁၅) ဦးနှင့် အစိုးရက ဖွဲ့စည်း ပေးထားခဲ့ပါသည်။

ထိုင်းအခြေစိုက် လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) ၏ အစီရင်ခံစာအရ (၂၀၁၁) ခုနှစ် ဇန္နာဝါရီ လမှ စက်တင်ဘာအထိ   မြန်မာနိုင်ငံ၌ ညှင်းပမ်း နှိပ်စက်မှု (၆၅) မှု၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှု (၅၇) မှု၊ ပိုင်ဆိုင်သည့် လယ်ယာမြေ ပစ္စည်းသိမ်းယူမှု (၄၄)မှု အပါအ၀င် တိုင်းရင်းသား ဒေသတွင် စစ်ရေး တိုးချဲ့မှုကြောင့် ဖြစ်ပွါးနေသော လက်နက်ကိုင် ပဋိပက္ခကြောင့် လူ့အခွင့်အရေး ချိုးဖေါက် ခံရမှုများ၊ စီးပွါးရေး စီမံကိန်းကြောင့် ဖြစ်ပွါးခဲ့သည့် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ ဖြစ်စဉ်များကို မှတ်တမ်းတင်ထားပါသည်

Categories: Activity, Army, Government, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters