Home > Democrat, NDF, Party > ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ဆွဲဖိုပဲ ကျန်ပါတော့တယ် ဟုဆိုသည့် အန်အယ်လ်ဒီမှာရှိစဉ်ကတည်းက အန်အယ်လ်ဒီပါတီအား ရွေးကောက်ပွဲဝင်ဖို့ အားပေးတိုက်တွန်းခဲ့သူ အမျိုးသားဒီမိုကရေစီအင်အားစု

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ဆွဲဖိုပဲ ကျန်ပါတော့တယ် ဟုဆိုသည့် အန်အယ်လ်ဒီမှာရှိစဉ်ကတည်းက အန်အယ်လ်ဒီပါတီအား ရွေးကောက်ပွဲဝင်ဖို့ အားပေးတိုက်တွန်းခဲ့သူ အမျိုးသားဒီမိုကရေစီအင်အားစု

ဝင့်သင်ဇာကျော် (မြစ်မခ)  by Myit Makha Mediagroup on 18 Nov, 2011

 ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသောကြောင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်သူ ဦးခင်မောင်ဆွေအား အင်ဒီအက်ဖ်ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ အတွက်ပြင်ဆင်နေပုံများ၊ ပါတီမှ လွှတ်တော် တွင် တင်သွင်းခဲ့သည့် မေးခွန်းနှင့်အဆိုများအကြောင်းနှင့် ၄င်းတို့ပါတီခွဲထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အင်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး ကိစ္စများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း ဖြစ်သည်များအား ဖော်ပြအပ်ပါသည်။

မေး။   အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဘာတွေ စီစဉ်ပြီးပါပြီလဲ  ဘယ်နှစ်ယောက်လောက် ၀င်ပြိုင်မှာပါလဲ။

ဖြေ။     ပါတီဘက်ကတော့ ပြင်ဆင်ထားတာတွေ ရှိပါတယ် အကြမ်းဖျင်းပြောရရင်တော့ နေရာ၂၀ လောက် ကို ၀င်ပြိုင်ဖို့ စိတ်ကူးထားတာ ရှိပါတယ်။ နေရာ နှစ်ဆယ် ဖြစ်ရတာကလည်း နံပတ်(တစ်)ပေါ့၊ နံပတ်(နှစ်) က ငွေရေးကြေးရေး အခက်အခဲပေါ့၊ သင့်တင့်လျောက်ပတ်တဲ့ ၀င်ပြိုင်ချင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အနေအထားတွေပေါ့၊ နံပတ် (သုံး) ကတော့ ဆယ်ပါတီ ဒီမိုကရေစီ မိတ်ဆွေများပါတီတွေနဲ့ ညှို့နှိုင်းတဲ့အခါမှာ တစ်ချို့နေရာတွေမှာ သူတို့နဲ့ရှယ်လုပ်ပြီးတော့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီနဲ့ ပေါင်းဖွဲ့ပြီးတော့ သူဝင်တဲ့နေရာမှာ ကိုယ်မ၀င်ဘူး ဆိုတဲ့ သဘောထားအယူအဆကို အခြေခံပြီးတော့ အကုန်လုံးဝင်မပြိုင်တာတွေလည်း ပါပါတယ်။

မေး။   ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမဲ့ရက်ကိုရော သိပြီးပါပြီလား။

ဖြေ။   ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်နေ့ကျင်းပမယ်ဆိုတာ အတိအကျ ကြေညာထားခြင်းမရှိတော့ မသိပါဘူး ခန့်မှန်းခြေကတော့ ဒီဇင်ဘာပြောလိုက် နောက်နှစ်ဖေဖော်ဝါရီလ ပြောလိုက်ပေါ့လေ အဲ့လောက်ဘဲ သိရှိထားပါတယ်။

မေး။   NDF ပါတီကနေ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မဲ့သူတွေကိုရော ပါတီ အနေနဲ့ ဘယ်လိုရွေးချယ်ပါသလဲ။

ဖြေ။   ခုနေအခါကတော့ စာရင်းအနေနဲ့ဘဲ ရှိပါသေးတယ် သုံးဦးကတော့ အန်ကယ်တို့ အခုချိန်မှာ အလုပ်တွေ သိပ်ရှုပ်နေတဲ့အတွက်ကြောင့်မို့ပါ။

မေး။   တစ်မြို့နယ်မှာ နှစ်ယောက် ဖြစ်နေတဲ့အခါတို့ သုံးယောက်ဖြစ်နေတဲ့အခါမှာဆိုရင်ရော အန်ကယ်တို့ ဘယ်လိုရွေးချယ်ပါသလဲ။

ဖြေ။   ဘယ်မြို့နယ်တွေ ၀င်ပြိုင်မလဲဆိုတာ ဆုံးဖြတ်ရပါတယ် ဆုံးဖြတ်ပြီးတော့ မြို့နယ်မှာ တကယ် ၀င်နိုင်ခြေရှိသလား နိုင်နိုင်ခြေရှိသလား အရင်တုန်းကရော အန်ကယ်ပါတီ ဘယ်လောက်အထိ ကောင်းခဲ့ လဲဆိုတာ သိလာရပါတယ် ပြီးတော့မှ ဒီမြို့နယ်တွေကို တိုင်းတွေကနေတစ်ဆင့် အကြောင်းကြား ပါတယ် တိုင်းတွေကနေ ဒီမြို့နယ်ထဲမှာ ဘယ်သူတွေပြိုင်ချင်သလဲဆိုတဲ့ list ကိုကောက်ပါတယ် သူတို့က လူတွေ့ မေးမြန်းတာတွေ လုပ်ပါတယ် လုပ်ပြီးတဲ့အခါမှာ သူဟာ သင့်တော်တယ်ဆိုရင် သင့်တော်တဲ့လူကို ရတဲ့အခါမှာ ဌာနချုပ်ကို တင်ပါတယ် မြို့နယ်တွေမှာ နှစ်ယောက် သုံးယောက်ဖြစ်နေတာတွေ ရှိပါတယ် လှည်းကူး ဆိုရင်တော့ တစ်ယောက်ဘဲရှိတယ် ပြသနာမဟုတ်ဘူး သုံးယောက်ရှိတဲ့နေရာ နှစ်ယောက်ရှိတဲ့ နေရာတွေမှာ ဘယ်သူ့ကို ရွေးရမလဲဆိုတာကိုတော့ ရွေးကောက်ပွဲ ၀င်ရွေးချယ်တဲ့ကော်မတီဖွဲ့ရပါလိမ့်မယ် ဖွဲ့ပြီးတဲ့အခါမှ ရွေးပါလိမ့်မယ်။

မေး။   ။အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေနဲ့ပေါ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အတွက် ကိုရော ဘယ်လိုစည်းရုံးရေးဆင်းတာတွေ လုပ်ပါသလဲရှင်။

ဖြေ။   စည်းရုံးရေး လက်တံကို သင်တန်းကတစ်ဆင့် တိုးချဲ့တဲ့သဘောပေါ့ ပိုက်ဆံမတက်နိုင်ဘူးလေ ငွေရေး ကြေးရေး အခက်အခဲရှိလို့ဆရာသုံးလေးငါးယောက်လုပ်တဲ့ စရိတ်က တတ်နိုင်တယ် နယ်တကာလှည့်သွားပြီး တော့ လူတွေရွာတွေ မြို့နယ်တွေဆီသွားနိုင်တဲ့ ငွေကြေးမရှိပါဘူး ပုံမှန်စည်းရုံးရေးလည်း သွားမှာပါ အန်ကယ် ခေါင်းဆောင်တဲ့

 

Categories: Democrat, NDF, Party
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters