Home > Legislature, Upper House > ဧရာဝတီမြစ်၏ လိုအပ်သည့်နေရာများတွင် ရေထိန်းတံခါးကြီးများတည်ဆောက်ရန်နှင့် မြစ်အောက်ပိုင်း ရေလမ်းကြောင်းထိန်းသိမ်းရေးစီမံကိန်းများဆောင်ရွက်ရန် လွှတ်တော်မှ အတည်ပြုသည့် အဆိုကို

ဧရာဝတီမြစ်၏ လိုအပ်သည့်နေရာများတွင် ရေထိန်းတံခါးကြီးများတည်ဆောက်ရန်နှင့် မြစ်အောက်ပိုင်း ရေလမ်းကြောင်းထိန်းသိမ်းရေးစီမံကိန်းများဆောင်ရွက်ရန် လွှတ်တော်မှ အတည်ပြုသည့် အဆိုကို

ဗိုဟိန်(မြစ်မခ) by Myit Makha Mediagroup on 18 Nov, 2011

ဧရာဝတီမြစ်ကြီး ရှင်သန်စေရန် လိုအပ်သည့်နေရာများတွင် ရေထိန်းတံခါးကြီးများတည်ဆောက်ရန်နှင့် မြစ်အောက်ပိုင်းရေလမ်းကြောင်းထိန်းသိမ်းရေး စီမံကိန်းများ ဆောင်ရွက်ရန် လွှတ်တော်မှ အတည်ပြုခဲ့သည့် အဆို အား ပြည်သူ့အသံပြည်သူ့ဆန္ဒကိုအလေးအနက်ထားပြီး သက်ဆိုင်ရာဝန်ကြီးဋ္ဌာန အနေဖြင့် အရာရာကို ချင့်ချိန် ဆောင်ရွက်ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) မှ ဒေါက်တာမြတ်ဥာဏစိုးမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီမြစ်ကြီးရှင်သန်စေရန်အတွက် လိုအပ်သည့်နေရာများတွင် ရေထိန်းတမံကြီးများ တည်ဆောက်ရန် နှင့် မြစ်အောက်ပိုင်းတွင် ရေလမ်းကြောင်းထန်းသိမ်းရေး စီမံကိန်းများဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း အမျိုးသားလွှတ်တော် အစည်းအဝေး (၄၇)ရက် မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်များအရ သိရှိရသည်။

၎င်းအဆိုနှင့်ပတ်သက်၍  သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါတွင် ထိခိုက်နိုင်မှုအခြေအနေကို အဆိုးဆုံးတွက်ချက် ဆောင်ရွက်ထားပြီး တိုင်းသူပြည်သားများ၏အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို အဓိကထား ဆောင်ရွက်ပေးရန်၊ ပြင်ပပညာရှင်အဖွဲ့အစည်းများအပါအ၀င် ပညာရပ်ဆိုင်ရာလေ့လာမှုကို ဆောင်ရွက်ပေးရန်၊ ဆောင်ရွက်ချက်များကိုလည်း အစီရင်ခံစာပြုစုထုတ်ပြန်ပေးရန်၊ အထူးသဖြင့် ပြည်သူ့ အသံပြည်သူ့ဆန္ဒကို အလေးအနက်ထားပြီး သက်ဆိုင်ရာဝန်ကြီးဋ္ဌာနအနေဖြင့် အရာရာကိုချင့်ချိန် ဆောင်ရွက်ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုးမှ ဆွေးနွေးပြောကြားခဲ့သည်။

နိုဝင်ဘာလ(၁၆)ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေး(၄၇)ရက်မြောက်နေ့တွင် ၄င်းအဆိုအား လွှတ်တော်တွင် ဆုံးဖြတ်ချက်ရယူရာ ထောက်ခံသည့်ကိုယ်စားလှယ်ဦးရေများသည့်အတွက် အဆိုကို အတည် ပြုကြောင်း ဆုံးဖြတ်ချက် ချခဲ့သည်။

၎င်းအဆိုနှင့်ပတ်သက်၍ ရေဝေရေလဲဒေသကိုထိမ်းသိမ်းခြင်းနှင့် မြစ်ကြောင်းထိမ်းသိမ်းသည့် တာဝန် နှစ်ရပ် ရှိရာတွင် ရေဝေရေလဲဒေသထိမ်းသိမ်းခြင်းသည် အထူးစီမံကိန်းဖြစ်ရန်လိုအပ်ပြီး မြစ်ကြောင်း ထိမ်းသိမ်းရေး အတွက် စနစ်ကျသည့် Master Planလိုအပ်ကြောင်း၊ မြစ်တစ်စင်းအား ထိမ်းသိမ်းရာတွင် အရိုင်းအလှသည် အရိုင်းသဘာဝဖြင့် ထိန်းသိမ်းထားနိုင်မည်ဆိုလျင် သဘာဝအလှ ပိုမိုပီပြင်သည့်အတွက် ဖြစ်နိုင်လျှင် မြစ်ပြင် ကျယ်များတွင် အရိုင်းနှင့်အယဉ် အတူယှဉ်တွဲနိုင်စေရန် အရိုင်း သဘာဝနှင့် တစ်ခြမ်း၊ ကျုံးသွင်းထားသည့် အယဉ်ဘ၀နှင့်တစ်ခြမ်း မြစ်မင်းဧရာအားနှစ်ခြမ်းဖန်တီးနိုင်လျှင် ကောင်းမွန်မည်ဟု ထင်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအေးမောင်က အမျိုးသားလွှတ်တော် အစည်းအဝေး (၄၇)ရက် မြောက်နေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြောမြစ်တစ်စင်းဖြစ်သည့် ဧရာဝတီဖြစ်အား ၁၉၇၂ခုနှစ်တွင် ရေလမ်း ထိမ်းသိမ်းရေးညွှန်ကြားမှုဦးစီးဋ္ဌာန (ရေအရင်းအမြစ်နှင့်မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးညွှန်ကြားမှုဦးစီးဋ္ဌာန)အားဖွဲ့စည်း၍ မြစ်ကြောင်းထိမ်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ အခက် အခဲကြောင့် လုံလောက်သောမြစ်ကြောင်းထိမ်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိပဲ လက်ရှိ အချိန်တွင် သဘာဝအလျောက်စီးဆင်းနေသော မြစ်ရိုင်းတစ်စင်း (Untamed River) ဖြစ်နေသည့်အတွက် ဧရာဝတီမြစ် ရေရည်တည်တန့်ရေးနှင့် ရေချိုသယံဇာတအပြည့်အ၀အသုံးချနိုင်ရေးအတွက် အဆို တင်သွင်းခြင်း ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ အဆိုရှင်ဦးစိုးမြင့်မှ ပြောကြားသည်။

၎င်းအဆိုနှင့်ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီးဦးဝင်းရှိန်က ယင်းစီမံကိန်းကြီးများ ဆောင် ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် physical Modelနှင့် Numerical Modelများ တည်ဆောက်၍ ကြိုတင်လေ့လာဆောင်ရွက်ပြီး လုံခြုံစိတ်ချရသော ဒီဇိုင်းရရှိရန် ဆောင်ရွက် သင့်ပါကြောင်း၊ ဧရာဝတီမြစ်ကြီး ရှင်သန်စေရေးအတွက် လိုအပ်သည့်နေရာများတွင် ရေထိန်းတမံကြီးများ တည်ဆောက်ခြင်းနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေးစီမံကိန်းများအား နိုင်ငံတော်အကျိုးစီးပွားအတွက် ရေရှည် စီမံကိန်းများချမှတ်ကာ စနစ်တကျဆောင်ရွက်သင့်သောလုပ်ငန်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဦးစိုးမြင့်မူလပထမတင်သွင်းသည့်အဆိုမှာ “ဧရာဝတီဖြစ်အထက်ပိုင်းတွင် တမံကြီးများတည်ဆောက်ရန် စီမံ ကိန်းများနှင့်အတူ ဧရာဝတီဖြစ်ကြောင်း ထိမ်းသိမ်းရေးစီမံကိန်းများထည့်သွင်း ဆောင်ရွက်ပေးရန်´´ ဖြစ်ပြီး လွှတ် တော်မှ “ဧရာဝတီမြစ်ကြီးရှင်သန်စေရန်အတွက် လိုအပ်သည့်နေရာများတွင် ရေထိန်း တမံကြီးများ တည်ဆောက်ရန်နှင့်မြစ်အောက်ပိုင်းတွင် ရေလမ်းကြောင်းထိမ်းသိမ်းရေး စီမံကိန်းများ ဆောင်ရွက်ပေးရန်´´ဟု ပြင် ဆင်၍ လက်ခံဆွေးနွေးရန် နိုဝင်ဘာလ(၁၄)ရက်နေ့က သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Categories: Legislature, Upper House
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters