Home > Legislature, lower House, Pyidaungsu Hluttaw > သဘောထားကွဲပြားမှုများရှိသည်ကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြအဆုံးအဖြတ်ခံယူရမည်

သဘောထားကွဲပြားမှုများရှိသည်ကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြအဆုံးအဖြတ်ခံယူရမည်

စိုးသန်းလင်း (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့အကြား အမြင်မတူမှု၊ သဘော ထား ကွဲပြားမှုများရှိကြသည်မှာ သဘာဝ ကျကြောင်း၊ ထိုသို့ အမြင်မတူမှု၊ သဘော ထား မညီမျှမှုများရှိပါက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ အဆုံးအဖြတ်ခံယူ ရမှာဖြစ်ကြောင်းနှင့် အမြင်မတူသည့် အပေါ် ရန်ဖြစ်နေတာမျိုးတော့ မဟုတ်ပါ ဘူးဆိုတာ အားလုံးနားလည်ကြဖို့ လိုပါတယ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာလ ၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ reciprocal control, check and balance အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်း ပြုလုပ်နိုင်ရေး တွင် ပါဝင်ဆောင်ရွက် နိုင်ရန် အဆင့်အတန်းနှင့် အခွင့်အာဏာ တူသော ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့ပါ ပါဝင်ပါတယ်။ “လွှတ်တော်နှစ်ရပ်အကြား အမြင် မတူမှု၊ သဘောထားကွဲပြားမှုတွေ ရှိကြ တာဟာ သဘာဝကျပါတယ်။ အမြင်နဲ့ သဘောထားမတူညီတဲ့ ဥပဒေကြမ်းကိစ္စ များ၊ အခြား အခြားသော အမြင်မတူတဲ့ သဘောထားကွဲလွဲမှုကိစ္စများကိုလည်း ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရမှာ ပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် အမျိုးသားလွှတ်တော်က ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့ ည ၈ နာရီ မြန်မာ့ ရုပ်သံ၌ ကြားမြင်ခဲ့ရခြင်းအပေါ် သူရ ဦးရွှေမန်းက ပြောကြားခြင်းဖြစ်သည်။

“ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၈-၁၀-၂၀၁၁ ရက် အစည်းအဝေး ကျင်းပပြီး တဲ့နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးများရဲ့ ဖြစ်စဉ်တွေဟာ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည် ထောင်စုလွှတ်တော် နာယက အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ မိမိ မယူဆပါ။ အားလုံးရဲ့ ဂုဏ်သိက္ခာများပင် ပိုကောင်းမွန်လာတယ်လို့ယူဆပါတယ်။ “ယခု လွှတ်တော်များနဲ့ လွှတ်တော် ကိုယ်စားလှယ် အသီးသီး ပြောဆိုဆွေး နွေးမှုတွေဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို နည်းလမ်းမှန်ကန်စွာ လေးစား လိုက်နာကြရေးအတွက် ဆောင်ရွက်နေကြတယ်လို့ မှတ်ယူ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဒီအတိုင်းခံယူပြီး ဒီအတိုင်းပဲ ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် ရာမှာ ကျွန်တော့ဘက်က၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဘက်က လိုအပ်တာများရှိ တယ်ဆိုရင်လည်း အကြံဉာဏ် ပေးကြ ပါ။ ပေးလာမယ့်အကြံဉာဏ်တွေကို အမြဲတံခါးဖွင့်ပြီး စောင့်မျှော်နေပါမယ်။ “အခုလို ကျွန်တော်နဲ့ ပူးတွဲလုပ်ကိုင် ရာမှာ ပေးသင့်တဲ့ အကြံဉာဏ်ကို မပေးဘဲ ထားမယ်ဆိုရင် ကျွန်တော်တို့အတွက် ရော၊ ကျွန်တော့အတွက်ပါ ကောင်းမွန်တဲ့ အခွင့်အရေး တွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ပေးလာတဲ့ အကြံဉာဏ် တွေကို ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ကြခြင်း ဖြင့် reciprocal control, check and balance ဆိုတာ ကျွန်တော်တို့နိုင်ငံမှာ တကယ်ကျင့်သုံးနေပြီဆိုတာ ဒီမိုကရေစီ စနစ်ကို ပီပြင်စွာ မဆောင်ရွက်နိုင်သေး ဘူးလို့ ပြောနေကြတဲ့ အခြား အခြားသော အဖွဲ့အစည်းများကို သိစေနိုင်ပါတယ်။ “ကျွန်တော်တို့ဆီမှာ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပြီဆိုတာ သိစေခြင်းအားဖြင့် လွှတ်တော်များရဲ့ ဂုဏ်သိက္ခာကို ပိုမို မြင့်မားလာစေပါတယ်။ ၂၈-၁၀-၂၀၁၁ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ လွှတ်တော်များနဲ့ ကိုယ်စား လှယ်များရဲ့ ပြောဆိုဆွေးနွေးဆောင် ရွက်မှုများဟာ အားလုံးရဲ့ဂုဏ်သိက္ခာ ကို မြင့်မာရေးအတွက် ဆောင်ရွက်နေ တာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီယုံကြည်မှုနဲ့အတူ ဥပဒေလမ်းကြောင်း နဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်သွား ကြဖို့သာ ရှိပါတယ်။ ဒါကြောင့် တချို့ တချို့ အဓိပ္ပာယ်ကောက်မှားပြီး ပြောဆို နေမှုများရှိရင် တကယ်တမ်းကျတော့ လွှတ်တော်များ အတွင်း သဘောထား ကွဲနေပြီဆိုရာမှာ အမြင်မတူတာရှိပေ မယ့် ရန်ဖြစ်နေတာမျိုးတော့ မဟုတ်ပါ ဘူးဆိုတာ အားလုံး နားလည်ကြဖို့ လိုပါ တယ်”ဟု ၎င်းကပြောကြားသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters