Home > Inside, NLD, Oppositon > မန္တလေးက ဗေဒါ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်း

မန္တလေးက ဗေဒါ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်း

သောမတ်စ်ကင်းန် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

မန္တလေးမြို့ရှိ ဗေဒါ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်းတွင် သင်တန်းပို့ချနေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ-ခရစ္စ

“ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်ကိုရော အားလုံးပဲ ကြားဖူးကြပါသလား။ CEDAW ဆိုတာကိုရော သိကြလား”လို့ Convention on the Elimination of All Forms of Discrimination against Women ကို ရည်ညွန်းပြီးပြောလိုက်တဲ့ ဦးအောင်ကြည် ညွန့်ရဲ့အသံက သစ်သားနဲ့ဝါး ရောဆောက်ထားတဲ့ ခန်းမ နောက် ဘက်က အသေးစားအသံချဲ့စက်ကတဆင့် ထွက်ပေါ်လာပါတယ်။

“ကျွန်မတို့အားလုံး အဲဒါတွေသိပြီးသားပါ။ ဆက်ပြောပါ”လို့ အခန်း အနောက်က အမျိုးသမီးတစ်ဦးက စိတ်မရှည်စွာနဲ့ ပြန်ပြောလိုက် ပါတယ်။ နောက်ပြီး သင်တန်းသားအယောက် ၂၀ လောက်နဲ့ အခြားလူတွေကလည်း အမျိုးသမီးရဲ့ တုံ့ပြန်ချက်ကို ခေါင်းကိုယ် စီညိတ်လို့ ထောက်ခံခဲ့ပါတယ်။

သင်တန်းသားတွေဆိုတာကတော့ ဗေဒါအဖွဲ့အစည်းရဲ့ မန္တလေးရုံးခွဲမှာ ပို့ချ နေတဲ့ ပထမဆုံးနိုင်ငံရေးသိပ္ပံသင်တန်းက သင်တန်းသားတွေကို ပြောတာပါ။

ဒီသင်တန်းကျောင်းကို နိုဝင်ဘာလ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာ နိုင်ငံအထက်ပိုင်း ရှမ်း၊ ချင်းနဲ့ ကချင်ပြည်နယ်တွေက ကျောင်းသားတွေကို သင်တန်းတိုလေးတွေ ပို့ချသင်ကြားပေးဖို့ဖြစ်ပါတယ်။

သင်တန်းကျောင်း ခန်းမက ရတနာပုံတက္ကသိုလ်လမ်းကွေ့ဘေး ပြည်ကြီးတံခွန်မြို့နယ်မှာ ရှိပါတယ်။ ဗေဒါ အဖွဲ့အစည်းဟာ မန္တလေးက ဘယ်သင်တန်းကျောင်းမှာမှမသင်တဲ့ပညာရေးမျိုးကို သင်ကြားပို့ချနေတာပါလို့ အဖွဲ့ရဲ့သင်ကြားပို့ချရေးမှူး မနန်းလှိုင်စိုးက ပြောပါတယ်။

“ဒီမှာ ဒီသင်တန်းလိုမျိုး တခြားဘယ်သင်တန်းမှ မရှိဘူး။ လူငယ်တွေအနေ နဲ့ ဒီမှာနိုင်ငံရေးနဲ့ပတ်သက်တာတွေကို သင်ယူလေ့ လာနိုင်တယ်”လို့ သူမက ပြောပါတယ်။

“ရန်ကုန်မှာတော့ ဒီလိုမျိုးသင်ယူနိုင်ဖို့အခွင့်အရေးတွေ အများကြီးရှိတယ် လေ။ ဒီမှာက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက နည်းနည်းပဲရှိကြတော့ ကျွန်မတို့အတွက် အခွင့်အရေးတွေ သိပ်မရှိဘူးပေါ့။ ကျွန်မတို့အထက်ပိုင်းက လူတွေအတွက် ဒီလိုသင်ယူနိုင်ဖို့က အရမ်းခက်ခဲတယ်လေ။ ဒါကြောင့် သူတို့ အတွက် ကျွန်မတို့က အခွင့်အရေးတွေ ပိုပြီးဖန်တီးပေးကြရမယ်”လို့ သူမက ပြောပါတယ်။

တစ်လခွဲသင်တန်းဖြစ်တာကြောင့် အရပ်သားအဖွဲ့အစည်းနှင့် ကွန်ရက်ချိတ် ဆက် ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ငါးရက် သင်တန်းပို့ချပေးမှာ ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ကျောင်းသူတစ်ဦး ဖြစ်တဲ့ မနန်းလှိုင်စိုးက သင်တန်းတက်မယ့်သူတွေ အရမ်းများနေကြောင်း ပြောပါတယ်။

“နိုင်ငံရေးသိပ္ပံသင်တန်းအတွက် ပထမဆုံးအသုတ်က ကျောင်းသား အရေအတွက်ကို သတ်မှတ်ထားပါတယ်။ အကုန်လုံးကို လက်ခံလို့မရဘူး။ မန္တလေးမှာရှိတဲ့အရပ်သားအဖွဲ့အစည်းတွေက လူတော်တော်များများကို ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် အခု ပထမအသုတ်က မန္တလေးအပြင်ဘက်က ဘော်ဒါကျောင်းသားတွေဖြစ်ပါတယ်”လို့ မနန်းလှိုင်စိုးက ပြောပါတယ်။

ဗေဒါအဖွဲ့အစည်းဟာ တစ်သီးပုဂ္ဂလ အဖွဲ့အစည်းဖြစ်ပေမယ့် မှတ်ပုံမတင်ရ သေးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) နဲ့ ဆက်နွယ်တဲ့အဖွဲ့ ဖြစ်ပြီး ပထမဆုံးအသုတ်က ကျောင်းသားတွေဟာလည်း အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ပထမဆုံး အတန်းကို သင်ကြားနေတဲ့ ဦးအောင်ကြည်ညွန့်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါတီကိုယ်စားလှယ် အဖြစ် မွန်ပြည်နယ်မှာ အရွေးချယ်ခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။

သင်တန်းဖွင့်ပွဲအခမ်းအနားမှာလည်း မန္တလေးက အယ်လ်အင်န်ဒီပါတီ ၀ါရင့်အဖွဲ့ဝင်တွေရဲ့ မိန့်ခွန်းပြောကြားချက်တွေ ပါဝင်တဲ့အပြင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပါတီဒုတိယဥက္ကဌ ဦးတင်ဦးတို့ရဲ့ အသံသွင်းမိန့်ခွန်းတွေကို ဖွင့်ပြခဲ့ပါတယ်။

ဦးတင်ဦးဟာ ဖွင့်ပွဲအခမ်းအနားကို လူကိုယ်တိုင်တက်ရောက်ဖို့ စီစဉ် ထားပေမယ့် နိုဝင်ဘာလ ၄ ရက်နေ့က ပါတီအစည်းအဝေး တက်ရောက်ဖို့ရှိတာ ကြောင့် မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းထဲမှာ ပညာရေးရဲ့အရေးပါပုံကို အလေးပေး ပြောခဲ့ပြီး နိုင်ငံအ၀န်းမှာ ဗေဒါရုံးခွဲတွေ ဒီထက်ပိုမြင် ရဖို့မျှော်လင့်ကြောင်း ပါဝင် ပါတယ်။

ဒါပေမယ့် ရန်ကုန်က ဗေဒါအဖွဲ့ရဲ့ ညွန်ကြားရေးမှူး ကိုမျိုးရန်နောင်သိန်းက သူတို့အဖွဲ့အစည်းဟာ “အင်န်အယ်လ်ဒီအဖွဲ့ဝင်တွေ မွေးထုတ်ရာဌာနမဟုတ် ကြောင်း” ပြောပါတယ်။

“သင်တန်းသားအားလုံးက အင်န်အယ်လင်န်ဒီအဖွဲ့ဝင်တွေချည်းပဲ မဟုတ် ပါဘူး။ ကျွန်တော်တို့က လူတိုင်းကို လက်ခံပေးပါတယ်”လို့ ပြီးခဲ့တဲ့အပတ်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမှာ နောက်ထပ်ရုံးခွဲတစ်ခုဖွင့်ဖို့အတွက် ခရီးမထွက်ခင်လေးမှာ ကိုမျိုးရန်နောင် သိန်းက မြန်မာတိုင်း(မ်)ကို ပြောခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က နိုင်ငံရေးနဲ့ပတ်သက်ပြီး တွေးတောပုံ တွေးတောနည်းကို သင်ပေးရုံပါ။ ကျန်တာကတော့ သင်တန်းသားတွေရဲ့ အပိုင်းပါပဲ။ အသိတရား ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နေတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ပါပဲ။ လူ့အဖွဲ့အစည်းနှစ်ရပ်ဆိုတာ ရှိတယ်။ တစ်ခုက ကြောက်ရွံ့တဲ့ လူ့အဖွဲအစည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကြောက်ရွံ့သော လူ့အစည်း အဖွဲ့အစည်းမဟုတ်ရင်တောင် ဒီအဖွဲ့အစည်းမျိုးဖြစ်ခဲ့တယ်။ကျွန်တော်တို့က အသိတရားရှိသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီကို ဦးတည်သွားနေတာပါ”လို့ သူက ပြောပါတယ်။

ကိုမျိုးရန်နောင်သိန်းကပဲ သင်တန်းဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်က လူပုဂ္ဂိုလ်ကျော်တွေထက် အဖွဲ့အစည်းတွေကို အခြေခံပြီး နိုင်ငံရေးဝန်းကျင် တစ်ရပ် တည်ဆောက်ရာမှာ အားပေးဆောင်ရွက်ခြင်းဖြင့် မတည်ငြိမ်မှုကို လျှော့ချပစ်ဖို့ပါလို့ ပြောပါတယ်။

“ရေရည်လုပ်ရမှာကကျွန်တော်တို့အသင်းအဖွဲ့အလိုက် အဖွဲ့အစည်းကောင်း တွေ ဖြစ်လာဖို့ဆောင်ရွက်ကြရမယ်။ ဒါမှမဟုတ်ရင် ခေါင်းဆောင်တွေ အများကြီး နဲ့ သဘောကွဲလွဲမှုတွေရှိလာလိမ့်မယ်”လို့ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

“အဖွဲ့အစည်းဆန်တဲ့နိုင်ငံရေးဖြစ်လာဖို့မှာကျွန်တော်တို့မှာ အတွေ့အကြုံ ဗဟုသုတတွေ ဒီ့ထက်ပိုလိုအပ်တယ်။ အသိဥာဏ်ရှိတဲ့ ပညာတတ်တွေ ပိုလို အပ်တယ်”လို့ သူက ပြောပါတယ်။ မန္တလေးဗေဒါအဖွဲ့ရုံးစိုက်ရာနေရာအတွက် မိသားစုရဲ့ အဆောက်အအုံကို ထောက်ပံ့ထားတဲ့ မနန်းလှိုင်စိုးကလည်း နိုဝင်ဘာလ ၇ ရက်နေ့က ဖွင့်ပွဲအခမ်းအနားအတွင်း မိန့်ခွန်းပြောကြားချက်ထဲမှာ ကြောက် ရွံ့မှု ကိစ္စကိုထည့်သွင်း ပြောကြားခဲ့ပါတယ်။

မနန်းလှိုင်စိုးက လူတွေရဲ့နိုင်ငံရေးအပေါ်ကြောက်ရွံ့မှုကို ကလေးတွေ သရဲကြောက်ပုံနဲ့နှိုင်းပြီး ရှင်းပြခဲ့တယ်။ပြီးတော့ နိုင်ငံရေး အပေါ်ကြောက်ရွံ့မှုက ရန်ကုန်ထက် မန္တလေးက ဆိုးတယ်လို့လည်း ပြောပါတယ်။

“ကျွန်မအရွယ်ရောက်လာတော့ သရဲဆိုတာကြောက်စရာမဟုတ်ဘူးလို့ သိလာရတယ်။ လူတွေက နိုင်ငံရေးကို ကြောက်တာကလည်း ဒီလိုပါပဲ။ သူတို့က နိုင်ငံရေးဆိုတာ ဘာမှန်းမသိကြဘူးလေ။ ဒီတော့နိုင်ငံရေးကို မကြောက်ကြဖို့ သူတို့သင်ယူလေ့လာဖို့လိုတာပေါ့။ ဒါကြောင့် ကျွန်မတို့ ဒီအစဉ်အလာကို ပြောင်းလဲပစ်ရမယ်”လို့ မနန်းလှိုင်စိုးက ပြောပါတယ်။

(မြန်မာတိုင်း(မ်)အင်္ဂလိပ်စာစောင်) ဇာဇာစိုး ဘာသာပြန်သည်။

Categories: Inside, NLD, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters