Home > Legislature, State or Region Hluttaws > စည်ပင်သာယာရေးဥပဒေမှ ငွေဒဏ်အချို့ကို ပြောင်းလဲပြင်ဆင်ရန် တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြု

စည်ပင်သာယာရေးဥပဒေမှ ငွေဒဏ်အချို့ကို ပြောင်းလဲပြင်ဆင်ရန် တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြု

ကျော်ဆုမွန်  (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင် ပါရှိသည့် ခေတ်နှင့်လျော်ညီ ခြင်းမရှိသည့် ငွေဒဏ်များကို ဒုတိယ အကြိမ်မြောက် ကျင်းပခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးတွင် ပြောင်းလဲပြင်ဆင်ရန် အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တက် ရောက်သည့် ကိုယ်စားလှယ်များ၏ အတည်ပြုဆွေးနွေးချက်များကို ရယူကာ ၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် စည်ပင် သာယာရေးနှင့် ပတ်သက်သည့် ဥပဒေမှ ငွေဒဏ်များကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တွင် အပိုဒ် ၁ ပုဒ်မ ၂၈ တွင် ပါဝင်သည့် ငွေဒဏ်ကို အနည်းဆုံး ကျပ် တစ်သောင်း မှ အများဆုံး ကျပ် ငါးသိန်းဟု လွှတ်တော် က အတည်ပြုလိုက်သည်။

ထို့ပြင် ဥပဒေကြမ်းတွင် အပိုဒ် ၃ ပုဒ်မ ၂၉ ပါ ငွေဒဏ်ကိုလည်း အနည်းဆုံး ကျပ် တစ်သောင်းမှ အများဆုံး ကျပ် ငါးသောင်းဟု လည်းကောင်း၊ အပိုဒ် ၄ ပုဒ်မ ၃၀ တွင် အနည်းဆုံး ငွေဒဏ် ကျပ် တစ်သောင်းမှ အများဆုံး ကျပ် သုံးသိန်း ဟု လည်းကောင်း၊ အပိုဒ် ၅ ပုဒ်မ ၃၁ တွင် ငွေဒဏ်ကို အနည်းဆုံး ကျပ် တစ်သောင်းမှ အများဆုံး ကျပ် ငါးသိန်း ဟုလည်းကောင်း ပြင်ဆင်ခဲ့သည်။

ထိုသို့ ပြင်ဆင်ရခြင်းမှာ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးဥပဒေ၊ နည်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များတွင် ပါရှိသည့် ငွေဒဏ်တို့မှာ ယခုခေတ် ကာလတွင် လျော်ညီတော့ခြင်းမရှိသော ကြောင့်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

ယင်းသို့ ပြင်ဆင်ရာတွင် ငွေဒဏ်များ ၏ ပမာဏနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက အဆိုတင်သွင်းရာတွင် အချို့အဆိုများမှာ ကန့်ကွက်သူ များပြားသောကြောင့် အတည်မဖြစ် သည်များလည်း ရှိခဲ့သည်။ အများ၏ထောက်ခံချက်အရ အတည်ဖြစ်သည့် အချက်များကိုသာ လွှတ်တော်ကအတည်ပြုပေးခဲ့သည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters