Home > Government, Local, Media, Newspaper > ပြန်ကြားရေးက နေပြည်တော်တိုင်းမ်ဂျာနယ် ထုတ်ဝေ

ပြန်ကြားရေးက နေပြည်တော်တိုင်းမ်ဂျာနယ် ထုတ်ဝေ

ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၈ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။      ။ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ စာပေဗိမာန် စာအုပ်တိုက်မှ နေပြည်တော်တိုင်မ်း ဟု အမည်ပေးထားသည့် အပတ်စဉ်ထုတ် ဂျာနယ်သစ် တစောင်ကို သောကြာနေ့တွင် စတင် ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်သည်။

ဂျာနယ်တွင် အစိုးရဆောင်ရွက်ချက်များကို ဦးစားပေး ဖေါ်ပြထားသည်ဟု အဆိုပါ ဂျာနယ်၏ အမည်မဖေါ်လိုသူ အယ်ဒီတာတဦးက ပြောသည်။

“အစိုးရ လုပ်ဆောင်နေတာတွေ၊ အစိုးရ ဖော်ဆောင်နေတာတွေကို ဒီဂျာနယ်ကနေ တဆင့် ပြည်သူလူထုကြားထဲ
ရောက်အောင် ဖော်ပြချင်တဲ့ သဘောတွေ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဂျာနယ်မှာ ပြန်ကြားရေးဝန်ကြီးရဲ့ အင်တာဗျူးတွေက ဖော်ပြခွင့် ရနေတယ်။ တခြားဂျာနယ်မှာ မပါဘူး။”ဟု မဇ္စျိမကို ပြောသည်။

ပထမဆုံးအကြိမ် ထုတ်ဝေသည့် ဂျာနယ်တွင် The Wall Street ဂျာနယ်မှ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အရှေ့တောင်အာရှ ဌာခွဲ၏ ဒေသဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ပတ်ထရစ်ဘာတွန် Mr John Patrick Barta တို့၏ အင်တာဗျူးကို အချပ်ပိုအဖြစ် ငါးမျက်နှာစာ ထည့်ခွင့် ရရှိသည်။

Naypyidawpicအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက် စာပေဗိမာန်က နေပြည်တော်တိုင်မ်းဟု အမည် ပေးထားသော အပတ်စဉ် ထုတ်ဂျာနယ်သစ် စတင် ထုတ်ဝေဖြန့်ချိ (ဓါတ်ပုံ မဇ္ဈိမ)

ယခုလ ၂၀ ရက်နေ့ ကျရောက်မည့် ၉၁ ကြိမ် အမျိုးသားနေ့ အထိမ်းအမှတ် ထုတ်ဝေသဖြင့် အမျိုးသားနေ့နှင့် ပတ်သက်သည့် အထူးဆောင်းပါးများ ထည့်သွင်း ဖော်ပြထားသည်ဟုလည်း ပြည်တွင်းမှ အယ်ဒီတာ တဦးက
ပြောသည်။

မြန်မာဘုရင်များထဲမှ သီပေါမင်း၏ မျိုးဆက်တော် ဘုရားလေး၏သမီး ဒေါ်ဒေဝီသန့်ဇင်ကို သီပေါ်မင်း ပါတော်မူနေ့၊ နယ်ချဲ့ဆန့်ကျင်ရေးနေ့ အကြောင်း အမေးအဖြေ ကဏ္ဍကို အထူးကဏ္ဍအဖြစ် ထည့်သွင်း ဖော်ပြထားသည်ဟု သူက ဆက်ပြောသည်။

“ဦးနေဝင်း လက်ထက်မှာ ပိတ်ထားတာတွေ ပြန်ဖော်ထုတ်ဖို့ ပြောထားတာတွေ တွေ့ရတယ်။”ဟု သူက မဇ္စျိမကို
ပြောသည်။

ထို့ပြင်သတင်း၊ ဆောင်းပါး၊ ကဗျာ နိုင်ငံတကာရေးရာ ဘာသာပြန်၊ သုံးသပ်ချက်၊ အနုပညာသတင်း စသည့် ကဏ္ဍများ ပါဝင်သည်။ သို့သော် ယနေ့ ဖြန့်ချိလိုက်သော အမျိုးသားနေ့ အထိမ်းအမှတ်နေ့တွင် ဖြန့်ချိလိုက်သဖြင့် အမျိုးသားနေ့ အထူးပြုသတင်းများ ဖော်ပြထားသည်ဟု သိရသည်။

ဂျာနယ်၏ မူဝါဒရေးရာနှင့် ပတ်သက်၍ “ပေါ်လစီမူကလည်း မူအရတော့ တတ်နိုင်သလောက် သတင်းဂျာနယ်တွေ အတိုင်းပဲ လုပ်တာပါ။”ဟု လည်း အမည်မဖော်လိုသူ အယ်ဒီတာအဖွဲ့ဝင်က ပြောသည်။

နေပြည်တော်တိုင်မ်းဂျာနယ် အယ်ဒီတာအဖွဲ့ကို စာတည်းချုပ်အဖြစ် စာပေဗိမာန်မှ စာတည်းမှူးချုပ် ဦးမျိုးထွန်းနှင့် ရန်ကုန်မီဒီယာအုပ်စုတွင် လုပ်ခဲ့ဖူးသူ  အယ်ဒီတာ ကိုစောလင်းအောင်က တာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ယူ သွားမည် ဖြစ်သည်။

ရုံးချုပ်ကို စာပေဗိမာန် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဖွင့်လှစ် ထားသည်။ ဝန်ထမ်းများမှာ ရန်ကုန်မြို့ရှိ ဂျာနယ်များမှ သတင်းစာဆရာများဖြစ်ပြီး စုစုပေါင်း ၂၅ ဦး ထားရှိသည်။

နေပြည်တော်တိုင်မ်း ဂျာနယ်ကို ပုံမှန်အားဖြင့် တနင်္ဂနွေနေ့တိုင်း ဖြန့်ချိသွားမည် ဖြစ်သော်လည်း ပထမဆုံး အကြိမ် အဖြစ် အမျိုးသားနေ့မတိုင်မီ သောကြာနေ့တွင် ဖြန့်ချိလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုဂျာနယ်၏ မတည်ငွေကို ပြန်ကြားရေး ဝန်ကြီးဌာနအောက် စာပေဗိမာန်မှ ထုတ်ယူသုံးစွဲမှာ ဖြစ်သည်။ သို့သော် အခြားဂျာနယ်များနည်းတူ ပြန်ကြားရေးဝန်ကြီး ဌာနအောက်ရှိ ဆင်ဆာတည်းဖြတ်ရေး အဖွဲ့ကို စာမူတင် ဖြတ်သန်း ပြီးမှ ဖြန့်ချိခွင့် ရမည်ဖြစ်ကာ တစောင်လျှင် ကျပ် ၅၀၀ ဖြင့်ရောင်းချနေသည်။ စောင်ရေ မည်မျှ ဖြန့်ချိသည်ကိုမူ
ပြောဆိုခြင်း မရှိပေ။

၁၉၃၇ ခုနှစ် ဗြိတိသျှ ကိုလိုနီခေတ်က ဦးထွန်းရွှေနှင့် လူငယ်တစုက နဂါးနီစာပေတိုက်ကို ထူထောင်ခဲ့ပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး စာပေများကို ထုတ်ဝေဖြန့်ချိနိုင်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် နဂါးနီ စာပေတိုက်ကို စာပေဗိမာန်အဖြစ် ပြောင်းလဲခဲ့သည်။ အစိုးရ ခေတ်အဆက်ဆက် ထိန်းချုပ်ခဲ့ပြီး လက်ရှိ အရပ်သား အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်တွင် ရှိသည်။

လက်ရှိတွင် အစိုးရအာဘော် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေသော မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ တို့ရှိပြီး သတင်းစာစောင်ရေ သုံးသိန်းကျော် ဖြန့်ဝေနေပြီး မြဝတီ သတင်းစာကိုလည်း နေ့စဉ် ဖြန့်ဝေလျက်ရှိသည်။

ရန်ကုန်မြို့တွင် အပတ်စဉ်ထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း၁၇၆ စောင်ရှိရာမှ ၈၂ စောင်ကို ပြီးခဲ့သည့် ဇွန်လက ထုတ်တင်စနစ်သို့ ပြောင်းလဲခဲ့ပြီးလက်ရှိ ဂျာနယ်ပေါင်း ၉၄ စောင်မှာ ဆင်ဆာဘုတ် အဖွဲ့ကို ဖြတ်သန်းပြီးမှ ထုတ်ဝေဖြန့်ချိရသည်။

Categories: Government, Local, Media, Newspaper
  1. naing lynn
    March 27, 2013 at 8:27 pm

    ကျိုင်းတုံထောင်ပိုင်မှ ကိုယ့်သဘောနင့် အကျဉ်းသားတစ်ယောက်အားထောင်ဧရိယာပြင်ပတွင်ညအိပ်စေခြင်း
    ကျိုင်းတုံထောင်တွင် ရလနဖြင့် ပြစ်ဒဏ်ကျနေသော အကျဉ်းသား ဆောင်းဝင်းထွန်းကို ထောင်ပိုင်မှ အပြင်ဘုတ်ထုတ်၍ ထောင်ပိုင်၏ ကိုယ်ပိုင်ကား(၂)စီးအနက်မှ(၁)စီးကိုမောင်းစေပါသည်။ကျန်တစ်စီးမှာကျန်အကျဉ်းတစ်ယောက်ကိုမောင်းစေပြီးသူသမီးကျောင်းကြို ကျောင်းပို့စေပါသည်။ အကျဉ်းသားဆောင်းဝင်းထွန်းက ထောင်ပိုင်နင့်တကွသူမိသားစုကို အပြင်သို့လိုက်ပို့ခြင်း ညစာလိုက်ကျွေးခြင်း ပိုက်ဆံလိုလျှင်ထုတ်ပေးခြင်းတို့ကိုပြုလုပ်ပေးပါသည်။ အပြစ်တစ်စုံတစ်ရာပြုလုပ်လျှင် ထောင်ပိုင်ကတော်ကိုညစာလိုက်ကျွေးခြင်းဖြင့် ထောင်ပိုင်မှအပြစ်ကိုလျှော်ပေးတက်ပါသည်။ ထောင်ပိုင်ကတော်နင့်အတူ မိုင်လား တာချီလိတ် စသည့်မရောက်ဘူးသည့်နေရာများကို၎င်းအကျဉ်းသားမှလိုက်ပို့ပေးပါသည်။၎င်းအကျဉ်းသားကို ထောင်ပိုင်မှ ကိုယ်သဘောနင့်ကိုယ် ကျိုင်းတုံမြို့အပြင်ဘက်တွင်ရှိသောဘုန်းကြီးကျောင်းတွင် ညအိပ်ညနေထောင်သို့ပြန်လာစရာမလိုဘဲထားရှိပါသည်။ ယင်းအကျဉ်းသားသည် ဘုန်းကြီးကျောင်းမှ လျှေက်သွားသည့်အပြင် တစ်ခါတစ်ရံအိမ်ပြန်အိပ်ပါသည်။ထောင်ပိုင်ကထိုသို့ပြုလုပ်သည်ကိုသိပါသော်လည်းလာဘ်ပေးလာဘ်ယူထားသောကြောင့်မသိချင်ယောင်ဆောင်နေပါသည်။
    ပြည်သူတစ်ယောက် အနေဖြင့်သိရှိလိုသည်မှာ အကျဉ်းသားတစ်ယောက်သည် အပြင်တွင်သွားချင်သည့်နေရာသွား ပြီးအိမ်ပြန်ချင်သည့်အချိနအိမ်ပြန်လို့ရပါသလား။
    လာဘ်ပေးလာဘ်ယူကိုထောင်ပိုင်နင့်ပြုလုပ်ပြီးလျှင်နေချင်သလိုနေထိုင်လို့ရပါသလားသိခွင့်ရလျှင်သိချင်ပါသည်

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters