Home > Legislature, Pyidaungsu Hluttaw > ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းများကို အခြေခံ ဥပဒေ ခုံရုံးသို့ ပေးပို့တော့မည် မဟုတ် ဟုဆို

ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းများကို အခြေခံ ဥပဒေ ခုံရုံးသို့ ပေးပို့တော့မည် မဟုတ် ဟုဆို

Saturday, 19 November 2011 Written by The Voice Weekly

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းများကို အခြေခံဥပဒေ ခုံရုံးသို့ ပေးပို့တော့မည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ် အမှတ် ၁၃ အရ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ပယ်ဖျက် လိုက်ကြောင်း ဆုံးဖြတ် သည်ဟု ပြည်ထောင်စု လွှတ်တော် နာယကက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး စတုတ္ထမြောက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး တတိယမြောက် နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကက ” ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော သို့မဟုတ် အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော ဥပဒေကြမ်းများကို နိုင်ငံတော် သမ္မတထံ လက်မှတ် ရေးထိုးရန် ပေးပို့ခြင်း မပြုမီ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက စစ်ဆေး၍ သံသယဖြစ်ဖွယ် ရှိသော ဥပဒေကြမ်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးသို့ ပေးပို့ ရမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ကိုယ်တိုင် အဆို တင်သွင်းပြီး ဆွေးနွေးခြင်း မပြုစေဘဲ ဆုံးဖြတ်ခဲ့သဖြင့် နိုဝင်ဘာလ ၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်အား ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ ကြသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters