Home > BGF, Ethnic Armed Groups, KNU (KNLA) > ကေအန်ယူထံ ကူးပြောင်း လိုက်သည့် သတင်း အပေါ် ဗိုလ်မှူး ကျော်ဘိတို့ အဖွဲ့မှ ငြင်းဆို

ကေအန်ယူထံ ကူးပြောင်း လိုက်သည့် သတင်း အပေါ် ဗိုလ်မှူး ကျော်ဘိတို့ အဖွဲ့မှ ငြင်းဆို

Wednesday, 16 November 2011 14:02  Written by လေးငယ် ရွှေဟင်္သာ သတင်းဌာန

DkbAဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ ခေါ် (ဒီကေဘီအေ) မှ ကလို့ထူးလား စစ်ဗျူဟာ ကွပ်ကဲရေးမှူး ဗိုလ်မှူးကျော်ဘိတို့ အဖွဲ့ သည် ဒီကေဘီအေမှ ခွဲထွက်ပြီး၊ ကေအန်ယူနှင့် ပူးပေါင်း လိုက်ပြီး ဆိုသည့် သတင်းသည် အတည်မပြုနိုင်သေးဟု ဗိုလ်မှူးကျော်ဘိ၏ တပ်မှူး တဦးကပြောပါသည်။ အကြောင်းမှာ ကေအန်ယူနှင့် ဒီကေဘီအေ တို့သည်၊ ဗိုလ်မှူးကျော်ဘိ အစိုးရ BGF တပ်ဖွဲ့ မှ ခွဲထွက်ပြီးနောက် ကေအန်ယူနှင့် နားလည်မှု ယူပြီးယနေ့ အထိ ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်ပါသည်။

“ကျနော်ကတော့ ဗိုလ်မှူးကျော်ဘိတို့ တပ်ဖွဲ့ က တပ်မှူးတဦးပါ။ ဗိုလ်မှူးကျော်ဘိနဲ့ လည်း အမြဲတမ်း ဖုန်းအဆက် အသွယ်ရှိပါတယ်။ ဘီဘီစီက သတင်းကိုတော့ကြားလိုက်တယ်၊ ဗိုလ်မှူးကျော်ဘိတို့က ကေအန်ယူနှင့် ပူးပေါင်းလိုက်တဲ့ သတင်းပေါ့။ အဲဒါက ဒီလိုပါ အယူအဆ လွှဲသွားတာပါ။ ဗိုလ်ကျော်ဘိဟာ အခုချိန်ထိ ဒီကေဘီအေ ကလို့ထူးဘော တပ်ဖွဲ့ ရဲ့ ကလို့ထူးလား ကွပ်ကဲရေးမှူး ဖြစ်နေတုန်းပါဘဲ။ ပြီးတော့ ကေအန်ယူနဲ့ ပူးပေါင်းတယ် ဆိုတာကလည်း စစ်ရေးဖက်မှာ လှုပ် ရှားဖို့ အတွက်ပါ၊ အဖွဲ့ တွင်းထဲကို ကူးပြောင်း သွားတာမျိုးတော့ မဟုတ်ဘူးလို့ ” ဗိုလ်မှူးကျော်ဘိ၏ တပ်မှူးတဦးက ပြောသွားခဲ့ပါသည်။

အစိုးရနှင့် (၁၅)နှစ်မျှ ပူးပေါင်းခဲ့သော်လည်း ကရင့်လူမျိုးအတွက် ဘာမှ အလုပ်မဖြစ်တဲ့အတွက် အစိုးရနှင့် အပစ်အခတ်ရပ် စဲရေးကို မလိုလား၍ ဗိုလ်မှူးချုပ် စောလားဖွယ်တို့  တပ်ဖွဲ့ နှင့် ခွဲထွက်တယ် ဆိုသည့် အကြောင်းပြချက်ဟာလည်း မခိုင်လုံ ကြောင်းဆိုပါသည်။ ဒီကေဘီအေသည်၊ အစိုးရ၏ BGF တပ်ဖွဲ့ သွပ်သွင်းနေမှုကို ရှောင်ရှားပြီး လွတ်လပ်စွာ တည်ရှိခွင့် အတွက် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြန်လည် တိုက်ခိုက်ခဲ့ပါသည်။ အလားတူဘဲ ဗိုလ်မှူးကျော်ဘိတို့ကလည်း လွတ်လပ်စွာ ရပ်တည်နိုင်ရန် BGF အဖွဲ့ မှခွဲထွက်ပြီး ဒီကေဘီအေနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ပါသည်။

“ အခုတော့ ကျနော်တို့က ဒီကေဘီအေနာမည်နဲ့ဘဲ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်နိုင်တယ်လေ။ အလားတူဘဲ ကေအန်ယူလည်း အပစ်ရပ်ဖို့အတွက် မကြာခင်ဆွေးနွေးတော့မှာပါ။ ဒါဆိုရင် ခုနက ပြောတဲ့အကြောင်းပြချက်က ဘယ်ခိုင်တော့မလဲဗျာ။ အဲဒါကြောင့် ဗိုလ်မှူးကျော်ဘိတို့အဖွဲ့ ဟာ ကေအန်ယူထဲကို ကူးပြောင်းသွားပြီးဆိုတာ အယူမှား နေမလားလို့ပါ။ ကျနော်တို့က အယူမမှားစေချင်ပါဘူး။” ဟု ၄င်းတပ်မှူးက ဆိုပါသည်။

KnU

(ဓါတ်ပုံ – အင်တာနက်)

ဗိုလ်မှူးကျော်ဘိတို့ အဖွဲ့ သည်၊ အင်အား(၅၀၀) ခန့် ရှိပြီး၊ တပ်ရင်း (၉၀၄)၊ (၉၀၅)၊ (၉၀၆)ဖြင့် (၃)ရင်းခွဲပြီး၊ ကရင်ပြည်နယ်၊ လှိုင်ပွဲမြို့ နယ်က မယ်သဝေါ၊ သရေဖိုးကွီး၊ မီးဇိုင်း၊ ဘောသရော၊ ဟပ်ကြီး၊ လေးဘိုးထ ဖက်၌ လှုပ်ရှားနေပါသည်။ ဗိုလ်မှူး ကျော်ဘိ၏ တပ်မှူး တဦးဖြစ်သော ဗိုလ်မှူးမောင်လေးသည်လည်း လက်ရှိ ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေ ဘီအေ ကလို့ထူးဘော တပ်ဖွဲ့ ၏ မြ၀တီ ဆက်ဆံရေးရုံး တာဝန်ခံဖြစ်သလို ဗိုလ်မှူးကျော်ဘိနှင့် နေ့စဉ်နဲ့အမျှ အဆက်သွယ် ရှိနေသူဖြစ်ပါသည်။

ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ ကလို့ထူးဘော တပ်ဖွဲ့ တွင် ကလို့ထူးဝါးနှင့် ကလို့ထူးလားဆိုသည့် စစ်ဗျူဟာ ကွပ်ကဲရေးအဖွဲ့ နှစ်ဖွဲ့ ရှိပါသည်။ အင်အား (၁၆၀၀) ခန့်ရှိပြီး၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ကော့ကရိတ်မြို့ နယ်၊ လှိုင်းပွဲမြို့ နယ်နှင့် မြ၀တီမြို့ နယ်၊ များတွင် လှုပ်ရှားနေပါသည်။ (၂၀၁၁) ခုနှစ် နိုဝင်ဘာ (၃) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး မြ၀တီမြို့ ၌ ဆက်ဆံရေးရုံး ထားရှိကာ မြ၀တီမြို့ တောင်ဖက် ဆုံဆည်းမြိုင်ကျေးရွာတွင် ယာယီတပ်စခန်း တည်ဆောက်ထားပါသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters