Home > Government, Ministers of the Regions or States > အထူးဒေသ ၄ ၌ ဝန်ထမ်းများပြန်လည် နေရာချထားရေးအတွက် အစိုးရဝန်ကြီး သွားရောက်ကြည့်ရှု

အထူးဒေသ ၄ ၌ ဝန်ထမ်းများပြန်လည် နေရာချထားရေးအတွက် အစိုးရဝန်ကြီး သွားရောက်ကြည့်ရှု

Wednesday, 16 November 2011 23:39 သျှမ်းသံတော်ဆင့်

ပဏာမ သဘောတူညီချက်အတိုင်း အပစ်ရပ် နယ်မြေအတွင်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည် ချထားရေးအတွက် သျှမ်းပြည်နယ်စပ် ရေးရာလုံခြုံရေး ဝန်ကြီး အထူးဒေသ ၄မိုင်းလား သို့ ယမန်နေ့က ရောက် ရှိကြောင်း နီးစပ်သည့် အသိုင်းဝိုင်းက ပြောပါသည်။

“မနေ့တုန်းက နယ်စပ်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ နဲ့ ကျန်းမာရေးဝန်ကြီးတဦး ပါဝင်တဲ့အဖွဲ့ပေါ့။ မိုင်းလားက ခေါင်းဆောင်ပိုင်းတခိျု့နဲ့တွေ့တယ်။ ဉက္ကဌကြီးနဲ့တော့မတွေ့ဘူး”- ဟု မိုင်းလားရောက် ကျိုင်းတုံ သား တဦးက ပြောပါသည်။

နိုဝင်ဘာ ၁၅ ရက်နေ့က သျှမ်းပြည်အစိုးရ နယ်စပ်ရေးရာလုံခြုံရေးအရာရှိ ဗိုလ်မှူးကြီးအောင်သူ၊ ကျန်းမာ ရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့် အဖွဲ့ မိုင်းလားသို့ရောက်ကြောင်း၊ အစိုးရ ဝန်ထမ်းပြန်လည် ချထားရေး အတွက် မိုင်းလား ဒုဥက္ကဌ ခွန်ဆန်းပေ၊ ခွန်ဆန်လူတို့နှင့် တွေ့ဆုံကြောင်း၊ ဆက်ဆံရေးအဖွဲ့ဖွဲ့ပြီးပါက အစိုးရ ဝန်ထမ်းများပြန်လည်လက်ခံမည်ဖြစ်ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။

“မနေ့က မိုင်းလားမှာ ညအိပ်တယ်။ ဒီနေ့ မိုင်းလားခေါင်းဆောင် ပိုင်းအခိျု့နဲ့ ဂေါက်သီးသွားရိုက်တယ်။ အခုဒီလူတွေလာတဲ့ကိစ္စက ဝန်ထမ်းတွေ ဘယ်ဌာနကို ဘယ်မှာထားမယ် စတာတွေ ကြိုတင်ပြင်ဆင်ပေးဖို့ ပေါ့။ဒီအတွက် အရာရှိသပ်သပ်လွှတ်လာပြီး ပူးတွဲစီစဉ်သွားမယ်လို့ ပြောပါတယ်” ဟု အမည်မဖေါ် လိုသည့် မိုင်းလား အရာရှိ တဦးက ပြောပါသည်။

အောက်တိုဘာ ၇ ရက်နေ့ ဒုတိယ အဆင့်တွေ့ဆုံပွဲနောက်ပိုင်း အထူးဒေသ ၄ မိုင်းလားသို့ သျှမ်းပြည်အစိုးရ ဝန်ကြီးများ သွားရောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့မှ အစိုးရ၏ ကျောင်းဆရာ(ပညာရေး)၊ ဆရာဝန် (ကျန်းမာ ရေး) ၊ တိရိစ္ဆာန် ဆရာဝန် (တိမွေးကု)၊ စာတိုက်ကြေးနန်း၊ လူဝင်မှုကြီးကြပ်ရေး နှင့် နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ လက်ခံရန် သဘောတူထားသည်။

မိုင်းလားသို့ရောက်ရှိသည့် နယ်စပ်ဒေသလုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူသည် တပ်မတော်သား ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် (စစ်တပ်မှ ကောက်ယူတင်မြောက်သော စစ်သားအမတ် ၃၆ ဦး အနက် တဦး အပါအဝင်) ဖြစ်၏။ ၎င်းနှင့်အတူ လိုက်ပါသည့် သျှမ်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှာမူ ကွန်လုံ ဇာတိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် (ကွန်လုံမဲဆန္ဒနယ် အမှတ် – ၁ ) ကိုးကန့် အမျိုးသား တဦးဖြစ်သည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters