Home > Democrat, DP(M), Ministers of the Regions or States, Party > ရန်ကုန်တိုင်းဒေသကြီးးအစိုးရအဖွဲ့တွင် အစိုးရအဖွဲ့၏ကတိက၀တ်များအား စောင့်ကြည့်သည့်ကော်မတီနှင့် တိုင်ကြားစာလက်ခံသည့်ကော်မတီများ ထားရှိရန်လိုအပ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးးအစိုးရအဖွဲ့တွင် အစိုးရအဖွဲ့၏ကတိက၀တ်များအား စောင့်ကြည့်သည့်ကော်မတီနှင့် တိုင်ကြားစာလက်ခံသည့်ကော်မတီများ ထားရှိရန်လိုအပ်လျက်ရှိ

ဗိုဟိန်(မြစ်မခ)  by Myit Makha Mediagroup on 16 Nov, 2011

ရန်ကုန်တိုင်းဒေသကြီးးအစိုးရအဖွဲ့တွင် အစိုးရအဖွဲ့၏ကတိက၀တ်များအား စောင့်ကြည့်သည့်ကော်မတီနှင့် တိုင်ကြားစာလက်ခံသည့်ကော်မတီများ ထားရှိသင့်ကြောင်း ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းမှ သတင်းမီဒီများနှင့်တွေ့ဆုံပွဲတွင် အကြံပြုပြောကြားခဲ့သည်။

“ ကျွန်မအနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကတိက၀တ်များစောင့်ကြည့်ရေးကော်မတီရှိဖို့ နှုတ်အားဖြင့် အကြံပြုထားပါတယ်၊ နောက်တိုင်ကြားစာများကော်မတီလည်း ရှိသင့်တယ်´´ဟု ဒေါက်တာညိုညိုသင်းမှ ၁၈-၁၁-၁၁ရက်နေ့ နံနက်ပိုင်းတွင် ဒီမိုကရက်တစ်ပါတီရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြုလုပ်ကျင်းပခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ (၄)ရက်သာကျင်းပခဲ့ပြီး ရက်အားဖြင့် တိုတောင်းလွန်းသည့်အတွက် လွတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့တင်ပြလိုသည့် ကိစ္စရပ်များအပေါ်တွင် အားရကျေနပ်မှုမရှိကြောင်းကိုလည်း တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ကတိက၀တ်များစောင့်ကြည့်ရေးကော်မတီနှင့်တိုင်ကြားစာကော်မတီ ထားရှိရန် အကြံပြုပြောဆိုမှုနှင့်ပတ်သက်၍ လုပ်ဆောင်မှုရှိမရှိကို လာမည့် ၂၀၁၂ခုနှစ် ဇန်န၀ါရီ တိုင်းဒေသကြီး လွတ်တော်အစည်းအဝေးတွင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုလွတ်တော်တွင် အစိုးရမှ ပြည်သူလူထုအားပေးသည့် ကတိက၀တ်များအား စောင့်ကြည့်သည့် ကော်မတီ ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင်မှု လက်ရှိအချိန်အထိ မရှိသေးကြောင်းကို လည်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေထူထပ်သည်နှင့်အမျှ ပြသာာများပြားသည့်အတွက် ပြည်သူများအနေဖြင့် မိမိတိုင်ကြားလိုသည့် ကိစ္စရပ်များအား နေပြည်တော်သို့ သွားရောက်တိုင်ကြားရသည့်အတွက် အချိန်နှင့် ငွေကုန်ကျမှုသက်သာစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် တိုင်ကြားစာလက်ခံသည့် ကော်မတီ တစ်ရပ် ထားရှိသင့်ကြောင်းကိုလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယခုကဲ့သို့သုံးသပ်သည်။

“ရန်ကုန်တိုင်းအတွင်းမှာ့ ပြသာာနာတစ်ခု တိုင်စရာရှိရင် နေပြည်တော်အထိသွားတိုင်နေရတာ မဟုတ်သေးပါဘူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာလည်း တိုင်ကြားစာလက်ခံတဲ့ကော်မတီတစ်ရပ်ထားရှိသင့်တယ်´´ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters