Home > Army, Ethnic Armed Groups, Government, KIO (KIA) > ကချင်ပြည်နယ်တွင် တိုက်ပွဲဆက်ဖြစ်၊​ လူထု​ထောင်ချီ ထွက်​ပြေး

ကချင်ပြည်နယ်တွင် တိုက်ပွဲဆက်ဖြစ်၊​ လူထု​ထောင်ချီ ထွက်​ပြေး

Published on November 16, 2011 by နော်နိုရင်း  (DVB)

ကချင်ပြည်နယ်အတွင်း ​ အစိုး​ရတပ်နဲ့​ ​ကေအိုင်အိုတပ်တို့​အကြား​ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေပြီး​ ဒီ​နေ့​မှာ မံစီမြို့​နယ်နဲ့​ မိုး​မောက်မြို့​နယ်မှာ တိုက်ပွဲ​တွေပြင်း​ထန်တယ်လို့​ ကချင်​ဒေသခံ​တွေက ​ပြောပါတယ်။

မ​နေ့​က နိုဝင်ဘာ ၁၅ ရက်​နေ့​ ည​နေကစပြီး​ မံစီမြို့​နယ် ​ကျောက်ဖြာရွာအနီး​မှာ တိုက်ပွဲ​တွေ ဖြစ်ပွား​နေသလို ဒီက​နေ့​ ​နေ့​ခင်း​ပိုင်း​အထိ လက်နက်သံ​တွေ ကြား​ရဆဲပဲလို့​ မံစံမြို့​နယ်က ​ဒေသခံတဦး​က ​ပြောပါတယ်။

“အခုလည်း​ဖြစ် ​နေတယ်။ လက်နက်ကြီး​အသံ​တွေ ကြား​ရတယ်။ မ​နေ့​ည​နေကလည်း​ ကြား​ရတယ်။ ကျမတို့​ ​ရောက်​ရောက်ချင်း​လည်း​ ကြား​ရတယ်။ တညလုံး​ကြား​ရတယ်။ ပစ်တာအခု ​ကျောက်ဖြာရွာအနီး​မှာ။”

ဒီ​နေ့​ ဗန်း​မော်က​နေ မိုး​မောက်မြို့​နယ်ဘက်ကို သွား​တဲ့​ အစိုး​ရတပ်အပြည့်​ပါတဲ့​ ကား​တွေကို ချုံခို တိုက်ခိုက်ခဲ့​တဲ့​အတွက် တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​တယ်လို့​ ​ကေအိုင်​အေ ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။

“ဒီ​နေ့​မနက် ၇ နာရီခွဲ​လောက်မှာ ဗန်း​မော်က​နေပြီး​တော့​ မိုး​မောက်ဘက်ကို သူတို့​ ကား​တွေနဲ့​ တ​နေ့​တစင်း​ တက်လာတယ်။ အဲဒီမှာ စစ်သား​အပြည့်​ပါတယ်၊​ ​နောက်ပြီး​တော့​ လက်နက်ခဲယမ်း​မီး​ကျောက်​တွေပါတယ်။ အဲဒီကား​တွေက​နေပြီး​ ကား​ ၈ စင်း​ဟာ မိုး​မောက်က​နေပြီး​တော့​ ဆက်ပြီး​တော့​ တပ်မဟာ ၃ ​ပေါ့​နော် တပ်ရင်း​ ၁၅ ခွင်ထဲကို ဝင်လာတယ်။ အဲဒီဝင်လာတဲ့​အတွက်​ကြောင့်​မို့​လို့​ အဲဒီ ၁၇ မိုင်လို့​ ​ပြောရမယ်ထင်တယ်။ အဲဒီရွာ မ​ရောက်ခင်မှာ အဲဒီ့​ ကား​တွေနဲ့​ တိုက်ပွဲ​တွေ ဖြစ်တယ်။ အဲဒါ ဒီ​နေ့​မနက် ​နေ့​လယ်ပိုင်း​ ဖြစ်တဲ့​ ကိစ္စ​ပေါ့​။”

နိုဝင်ဘာလဆန်း ​ပိုင်း​ကစလို့​ အစိုး​ရတပ်က ကချင်ပြည်နယ်ဘက်ကို အင်အား​ အလုံး​အရင်း​နဲ့​ ထိုး​စစ်ဆင်တိုက်ခိုက်​နေတဲ့​အတွက် ကချင်ပြည်နယ် ​နေရာအနှံ့​အပြား​မှာ တိုက်ပွဲဖြစ်ပွား​နေတယ်လို့​ ​ပြောပါတယ်။

တိုက်ပွဲ​တွေ ဖြစ်ပွား​တာ​ကြောင့်​ စစ်ဖြစ်ရာ တ​လျှောက်က ရွာသား​တွေ တရုတ်နယ်စပ်ဘက်ကို ထွက်​ပြေး​ တိမ်း​ရှောင်​နေကြရပြီး​ အစား​အ​သောက် ​နေရာထိုင်ခင်း​ အခက်အခဲ ဖြစ်​နေတယ်လို့​ ဒုက္ခသည်​တွေကို သွား​ရောက်ကူညီခဲ့​တဲ့​ ကချင်အမျိုး​သမီး​တဦး​က ​ပြောပါတယ်။

မံစီမြို့​ နယ်တဖက်ကမ်း​ တရုတ်ပြည်ဘက်ကို ရွာသား​ထောင်ချီ ထွက်​ပြေး​နေကြရပြီး​ စား​ရေး​သောက်​ရေး​ ​နေ​ရေး​ထိုင်​ရေး​အခက်ဖြစ်​နေပုံကို ခုလို ​ပြောပါတယ်။

“လုံး​ဝအဆင်မ​ ပြေဘူး​။ မ​နေ့​ညက ကျမတို့​ ​ရောက်ခဲ့​တယ်​လေ။ အဲဒီအချိန်မှာ သူတို့​ ​မြေကြီး​ပေါ်မှာ အိပ်ရတယ်။ သူတို့​က ပလတ်စတစ်​သေး​သေး​လေး​ပဲ ယူ​ဆောင်ပြီး​တော့​ ထွက်​ပြေး​လာတဲ့​အချိန်ကျ​တော့​ အခုက ပလတ်စတစ်​တွေခင်း​ပြီး​မှ အဲဒီမှာ ​မြေကြီး​ပေါ်မှာပဲ အိပ်​နေရတဲ့​ အ​ခြေအ​နေ​ပေါ့​နော်။ အကူအညီ ဘာမှမရဘူး​။ သူတို့​နေဖို့​တောင်မှ သိပ်အဆင်မ​ပြေဘူး​ပေါ့​နော် ဘာဖြစ်လို့​လဲဆို​တော့​ ဒီတရုတ်လူမျိုး​တွေ များ​တဲ့​နေရာမှာ ဆိုလို့​ရှိရင် သူတို့​ကို မ​နေခိုင်း​ဘူး​ သူတို့​ကို ​မောင်း​ထုတ်တယ် အဲဒီလိုမျိုး​ ရှိတယ်။”

အဆိုပါ ဒုက္ခသည်​တွေ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလဆန်း​ကတည်း​က နယ်စပ်​ဒေသဘက်ကို ထွက်​ပြေး​ခိုလှုံ​နေကြတာဖြစ်ပြီး​ ကချင်အသင်း​တော်က ဆန်အနည်း​အငယ် ​ထောက်ပံ့​တာကလွဲလို့​ ဘယ်အဖွဲ့​အစည်း​ ဘယ်ကူအညီမှ လာ​ရောက်​ထောက်ပံ့​တာ မရှိဘူး​လို့​ ​ပြောပါတယ်။

ထွက်​ပြေး​ တိမ်း​ရှောင်သူအများ​စုဟာ က​လေး​ငယ်​တွေနဲ့​ အမျိုး​သမီး​တွေဖြစ်တယ်လို့​လည်း​ ​ပြောပါတယ်။

အစား​အ​ သောက်နဲ့​ ​နေ​ရေး​ထိုင်​ရေး​အခက်အခဲ​ကြောင့်​ က​လေး​ငယ်​တွေ ဝမ်း​ပျက်ဝမ်း​လျှောပြီး​ ​ချောင်း​ဆိုဖျား​နာ ​ရောဂါ​တွေ ဖြစ်ပွား​နေတယ်လို့​ အဲဒီကချင်အမျိုး​သမီး​က ဆိုပါတယ်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters