Home > Border trade, Economic > ကြားပွဲစားအား ရာခိုင်နှုန်း မပေးရလေအောင် မူဆယ် ၁ဝ၅ မိုင်တွင် ငါးရှဥ့် ကုန်စည်ဒိုင် ဖွင့်မည်

ကြားပွဲစားအား ရာခိုင်နှုန်း မပေးရလေအောင် မူဆယ် ၁ဝ၅ မိုင်တွင် ငါးရှဥ့် ကုန်စည်ဒိုင် ဖွင့်မည်

Posted by Popular News in ပြည်တွင်းသတင်း (copy of 16, 11, 2011)

ရန်ကုန်၊ နိုဝင်ဘာ
ငါးရှဥ့် ကုန်သွယ်မှု ရာခိုင်နှုန်း ပိုပေးနေရခြင်းကြောင့် မူဆယ် ၁ဝ၅ မိုင်တွင် ငါးရှဥ့် ကုန်စည်ဒိုင် ဖွင့်ရန် သက်ဆိုင်ရာ ဌာနများနှင့် လုပ်ငန်းရှင်တို့ ဆွေးနွေးနေကြ ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ကဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနှင်းဦးက ”မူဆယ် ၁ဝ၅ မိုင်မှာ အမျိုးသား တိုးတက်ကြီးပွားရေး ကုမ္ပဏီကနေ ကုန်သွယ်မှုကို လုပ်ပါတယ်။ အဲဒီတုန်းက ရောင်းသူ ဈေးကွက်ဖြစ်ရမယ် ဆိုပြီး လုပ်ခဲ့ပေမယ့် ဝယ်သူ ဈေးကွက် ဖြစ်နေပါတယ်။ ဘာလို့လဲဆို ပို့ကုန် လုပ်သူတွေဆီ ကနေ လေးရာခိုင်နှုန်းယူတယ်။ တစ်ဖက်ဝယ်တဲ့ သူကလည်း လေးရာခိုင်နှုန်း ပေးရတယ်။ ငါးရှဥ့်၊ ကဏန်း ရောင်းဝယ်တဲ့ ကုန်သည်များကလည်း ဒီဒဏ်ကို မခံနိုင်ဘူး။ အဲဒီအချိန်တုန်း က နိုင်ငံတော်ကို အခွန် ၁ဝ ရာခိုင်နှုန်း ဆောင်ရတယ်။ အစိုးရသစ် လက်ထက်မှာတော့ ရှစ်ရာခိုင်နှုန်း လျှော့လိုက်တယ်။ မူဆယ် ၁ဝ၅ မိုင်မှာ ငါးရှဥ့်၊ ကဏန်း လျာထားချက် ၂၅ သန်း ရှိတယ်။ အဲလောက် ကြီးမားတဲ့ ပမာဏကို သာမန် ကုမ္ပဏီက လုပ်ကိုင်တာ လက်ရှိ အခြေအနေမှာ မဖြစ်သင့်ပါဘူး” ဟုပြောသည်။
၂ဝဝ၆ ခုနှစ်ကစပြီး မူဆယ် ၁ဝ၅ မိုင်တွင် အမျိုးသားတိုးတက်ရေး ကုမ္ပဏီက ယနေ့အထိ ငါးရှဥ့် လေလံဈေးကို ဆောင်ရွက်နေကြောင်း၊ ခြောက်နှစ်တာ ဆောင်ရွက် လာသော ယင်းကုမ္ပဏီ အနေဖြင့် ယနေ့အချိန်တွင် လိုက်လျောညီထွေမှု ရှိသည့် အသွင်တစ်မျိုးဖြင့် ပြောင်းပြီး ဆောင်ရွက်သင့်ကြောင်းကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ ချုပ် အမှုဆောင်  ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။
”အရင်တုန်းက မူဆယ်မှာ တရုတ်-မြန်မာနဲ့ Border Trade လုပ်မယ်ဆိုပြီး နေရာတစ်ခု လုပ်တယ်။ Fishery Product ဆိုပြီး ဒိုင်တစ်ခု လုပ်ရပါတယ်။ အရှင်ဒိုင် က အရေးကြီးပါတယ်။ ကျွန်မတို့ မလုပ်နိုင်တဲ့ အခါ အမျိုးသား တိုးတက်ကြီးပွားရေး ကုမ္ပဏီ တစ်ခုကနေ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးအောင် ရာခိုင်နှုန်း တစ်ခုယူပြီး ကုန်သွယ် ပေးပါတယ်။ နောက်ဘာဖြစ်လာလဲ ဆိုတော့ ကုမ္ပဏီတစ်ခုတည်း လုပ်လို့ မရဘူး။ နယ်စပ် ကုန်သွယ်ရေး၊ ငါးဦးစီးဌာနနဲ့ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့ ကနေ ပူးပေါင်းပြီး လုပ်ရမယ်ဆို လို့ ဒီနေ့ စည်းဝေးနေတယ်” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများ နှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဒေါ်တိုးနန္ဒာတင်က နိုဝင်ဘာ ၈ ရက်တွင် ပြောသည်။
ယခုအချိန်တွင် လုပ်ငန်းရှင်များ အနေဖြင့်လည်း အများဆန္ဒ နှင့် လုပ်သည့် ကုန်စည်ဒိုင် ဖြစ်ရန် မျှော်လင့်နေကြောင်း၊ ကုန်စည်ဒိုင် ဖွင့်ရန်အတွက် မူဆယ် ၁ဝ၅ မိုင် တွင် လေ့လာရေးအဖွဲ့က လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေပြီး ၂ဝ၁၂ ခုနှစ်ဇန်နဝါရီတွင် စတင်အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း ၃၉/၂ဝ၁၁ ကြိမ် မြောက် သားငါးကဏ္ဍ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲမှ သိရသည်။
ငါးရှဥ့် တင်ပို့နိုင်မှုသည် ၂ဝ၁၁ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ မူဆယ်မှ ကန်ဒေါ်လာ ၂၂ ဒသမ ၁၂၈ သန်း နှင့် လေကြောင်းမှ ကန်ဒေါ် လာ ဝ ဒသမ ၁၇၁ သန်း ရရှိကာ ငါးရှဥ့်လျာထားချက် ကန်ဒေါ်လာ ၂၅ သန်း ဖြစ်သောကြောင့် ၈၉ ဒသမ ၂ ရာခိုင်နှုန်း အကောင်အထည် ဖော်ပြီး ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနခွဲမှ သိရသည်။

ထက်ထက်မိုးမြင့်

Advertisements
Categories: Border trade, Economic
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters