Home > BP, Interview, Oppositon, Outside > အာဆီယံဥက္ကဋ္ဌဖြစ်ရင် မြန်မာနိုင်ငံနဲ့​ ပြည်သူ​တွေအတွက် ဘာ​တွေအကျိုး​ရှိမလဲ (​ဒေါ်ခင်ဥမ္မာနှင့်​မေး​မြန်း​ချက်)

အာဆီယံဥက္ကဋ္ဌဖြစ်ရင် မြန်မာနိုင်ငံနဲ့​ ပြည်သူ​တွေအတွက် ဘာ​တွေအကျိုး​ရှိမလဲ (​ဒေါ်ခင်ဥမ္မာနှင့်​မေး​မြန်း​ချက်)

Published on November 16, 2011 by ပီတာအောင် (DVB)

၂၀၁၄ မှာ မြန်မာကို အာဆီယံဥက္ကဋ္ဌ တာဝန်​ပေး​ဖို့​ အာဆီယံနိုင်ငံခြား​ရေး​ဝန်ကြီး​တွေက သ​ဘောတူထား​ပေမယ့်​ တရား​ဝင် ဆုံး​ဖြတ်ချက်ကို​တော့​ ထွက်မလာ​သေး​ပါဘူး​။

ဒေါ်ခင်ဥမ္မာ

ဒီအ​ခြေအ​ နေမှာ မြန်မာအာဆီယံဥက္ကဋ္ဌဖြစ်ခြင်း​ဟာ မြန်မာနိုင်ငံနဲ့​ပြည်သူ​တွေအတွက် ဘာ​တွေ အကျိုး​ရှိမလဲဆိုတာနဲ့​ပတ်သက်လို့​အင်ဒိုနီး​ရှား​မှာ ကျင်း​ပမယ့်​ အာဆီယံ လူထုအ​ခြေပြု အဖွဲ့​တွေရဲ့​အစည်း​အ​ဝေး​ပွဲကို တက်​ရောက်မယ့်​ Burma Partnership ​ခေါ် မြန်မာ့​အ​ရေး​ပူး​ပေါင်း​ဆောင်ရွက်သူများ​အဖွဲ့​ တာဝန်ခံ ​ဒေါ်ခင်ဥမ္မာကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခြင်း​မယူခြင်း​ ကိစ္စက မြန်မာနိုင်ငံ ဒီမိုက​ရေစီအ​ပြောင်း​အလဲအတွက် ဘာ​တွေများ​ထူး​ခြား​ သက်​ရောက်မှု ရှိမယ်လို့​ ထင်ပါသလဲ။

“အာဆီယံက တကယ်လို့​သာ ဥက္ကဋ္ဌ​ပေး​ဖို့​ ဆုံး​ဖြတ်ချက်ကို အ​ဆောတလျင်သာ ချလိုက်မယ်ဆိုလို့​ရှိရင် ကျမတို့​နိုင်ငံ ဒီမိုက​ရေစီ အ​ပြောင်း​အလဲ ဖြစ်ဖို့​အတွက် သွား​မယ့်​နှုန်း​က စိတ်ပူစရာ ဖြစ်ပါတယ်။ ကျမမြင်တာက​တော့​ တကယ်တမ်း​ အာဆီယံဟာ အခုလိုမျိုး​ ဆုံး​ဖြတ်ချက်ကို မချ​သေး​ဘဲနဲ့​ ထပ်ပြီး​တော့​မှ ​စောင့်​ကြည့်​ဖို့​ လို​သေး​တယ်လို့​ မြင်တယ်။ အထူး​သဖြင့်​တော့​ ဦး​သိန်း​စိန်အစိုး​ရဟာ တကယ်တမ်း​ ဘယ်​လောက်အထိ ​ပေး​နေတဲ့​ ကတိ​တွေကို ဘယ်​လောက် အမှန်တကယ် လက်​တွေ့​ အ​ကောင်အထည်​ဖော်နိုင်သလဲဆိုတဲ့​ ဥစ္စာက အချိန်က အရမ်း​ကို ​စောလွန်း​နေတယ်။

“အခုကာလဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့​ အ​ပြောင်း​အလဲဖြစ်ဖို့​အတွက် အ​ခြေခံလိုအပ်ချက်မှာ အထူး​သဖြင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​နဲ့​၊​ ပြည်တွင်း​စစ်ရပ်စဲ​ရေး​၊​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ဆိုတဲ့​ဥစ္စာက လက်​တွေ့​အ​ခြေအ​နေမှာ မဖြစ်​နေ​သေး​တဲ့​ အ​နေအထား​မျိုး​ ဖြစ်​တော့​ အာဆီယံအ​နေနဲ့​ တကယ်လို့​သာ အ​ဆောတလျင်သာ ဆုံး​ဖြတ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဦး​သိန်း​စိန်အစိုး​ရဆီမှာက တကယ်တမ်း​ စစ်​ခေါင်း​ဆောင်​တွေကသာလျှင် နိုင်ငံရဲ့​ အာဏာကို ချုပ်ကိုင်ထား​နေ​သေး​တယ်ဆိုတာကို ကျမတို့​ ​တွေ့​နေရတယ်​လေ။ ဒါ​ကြောင့်​မို့​လို့​ မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီအ​ပြောင်း​အလဲဖြစ်ဖို့​အတွက်ကို လိုအပ်တဲ့​ အ​ပြောင်း​အလဲ​တွေကို မဖြစ်ခင်မှာ သူတို့​ပေး​လိုက်လို့​ရှိရင် အာဆီယံက ကျန်ခဲ့​တဲ့​ ၁၄ နှစ်တုန်း​က မြန်မာနိုင်ငံ အဖွဲ့​ဝင်အဖြစ် ဝင်ခွင့်​ပြုလိုက်တုန်း​ကလိုပဲ အမှား​ကြီး​တခုကို ကျူး​လွန်တဲ့​ဟာမျိုး​ ​ရောက်သွား​နိုင်တယ်လို့​။”

နောက် ​ကြောင်း​ပြန်ကြည့်​မယ်ဆိုရင် ၂၀၀၆ တုန်း​ကဆိုရင် မြန်မာနိုင်ငံမှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေရှိ​နေတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ လွတ်မလာ​သေး​ဘူး​ပေါ့​။ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေလည်း​ မ​တွေ့​သေး​တဲ့​အ​ပေါ်မှာ အဲဒီတုန်း​က လာအိုနိုင်ငံမှာ ၂၀၀၅ ခုနှစ်တုန်း​က ဆုံး​ဖြတ်ခဲ့​တာ​ပေါ့​နော်။ ၂၀၀၆ မှာ အာဆီယံဥက္ကဋ္ဌမယူဖို့​၊​ ဆိုင်း​ငံ့​ထား​ဖို့​ ဆိုပြီး​တော့​ ဆုံး​ဖြတ်ခဲ့​တာ။ အခုအချိန်မှာကျ​တော့​ အဲဒီတုန်း​က လိုအပ်ချက်​တွေက ပြည့်​မီလို့​ အာဆီယံ ​ခေါင်း​ဆောင်​တွေအ​နေနဲ့​ ဒီလို တာဝန်​ပေး​လိုက်တာလို့​ ထင်လား​။ ဘာ​ကြောင့်​ မြန်မာကို ဥက္ကဋ္ဌတာဝန် ​ပေး​ဖို့​ ဆုံး​ဖြတ်ဖို့​ ဖြစ်လာတယ်လို့​ ထင်လဲ။

“ကျမမြင်တာက​ တော့​ အရင်တ​ခေါက်တုန်း​က မ​ပေး​နိုင်တဲ့​အ​နေအထား​မျိုး​မှာ မပြည့်​စုံ​သေး​တဲ့​ အချက်​တွေက အခုပြည့်​စုံသွား​လို့​ ​ပေး​ဖို့​စဉ်း​စား​တယ်ဆိုတာမျိုး​ လို့​တော့​ ကျမထင်ဘူး​။ အရင်တုန်း​က အ​ခြေအ​နေဲ့​ အခုအ​ခြေအ​နေမှာ အ​ပေါ်ယံကြည့်​ရင် အမြင်မှာ ​ပြောင်း​လဲတဲ့​ဟာ​တွေ​တော့​ ရှိတာ​ပေါ့​။ ဥပမာ နိုင်ငံရဲ့​ နံပါတ်တစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်သန်း​ရွှေ ရှိတဲ့​အ​ခြေအ​နေမျိုး​က​နေ အခုက​တော့​ စစ်ဗိုလ်ချုပ်မဟုတ်​တော့​ဘဲနဲ့​ အရပ်သား​ ဖြစ်သွား​တယ် ဆိုတဲ့​ဥစ္စာမျိုး​နဲ့​ ဗိုလ်ချုပ်သိန်း​စိန်က အရပ်သား​ ဝတ်စုံ​ပြောင်း​လိုက်တဲ့​ကိစ္စလို၊​ တစုံတရာ သတင်း​မီဒီယာကို လွတ်လပ်ခွင့်​ ​ပေး​လာတဲ့​ဟာမျိုး​တို့​ စသည်ဖြင့်​ ဒီလိုကိစ္စမျိုး​တွေကို ကြည့်​လိုက်ပြီး​တော့​ သူတို့​က အရင်တ​ခေါက်က ထက်စာရင်​တော့​ နည်း​နည်း​တော့​ သာပါတယ် ဆိုတာမျိုး​တော့​ တွက်နိုင်တာ​ပေါ့​။ သို့​သော်လည်း​ပဲ နိုင်ငံတခုမှာ အ​ခြေခံအကျဆုံး​ တည်ငြိမ်မှု ရှိခြင်း​မရှိခြင်း​၊​ ငြိမ်း​ချမ်း​မှု ရှိခြင်း​ မရှိခြင်း​၊​ တိုင်း​ပြည်ရဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေ တည်ငြိမ်မှု ဘယ်​လောက်ရှိလဲ ဆိုတဲ့​ဟာကို ကြည့်​ရင်​တော့​ ကျမ မြင်တာက ၂၀၀၆ နဲ့​ အခုကြား​ထဲမှာ ဘာမှ သိသိသာသာ ထူး​ထူး​ခြား​ခြား​ ကွာဟချက်ကို မ​တွေ့​ရဘူး​ ဖြစ်တယ်​လေ။”

မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူလိုက်ရလို့​ မြန်မာနိုင်ငံနဲ့​ မြန်မာပြည်သူ​တွေအတွက် ဘာများ​ အကျိုး​ရှိမယ်လို့​ ထင်ပါသလဲ။ ဆိုလိုတာက ​ကောင်း​ကွက်​လေး​ တခုခု​လောက် ရှိမယ်လို့​ မထင်ဘူး​လား​ခင်ဗျ။

“ကျမမြင်တာက​ တော့​ တကယ်တမ်း​ ၂၀၁၄ မှာ ဒီ ဥက္ကဋ္ဌရသွား​ပြီဆိုရင်လည်း​ ကျမတို့​ ပြည်သူ​တွေအ​နေနဲ့​က အာဆီယံဥက္ကဋ္ဌဖြစ်ရခြင်း​ရဲ့​ အထူး​အခွင့်​အ​ရေး​ ဘယ်သူက ခံစား​ရမလဲ ဆိုရင်​တော့​ အုပ်ချုပ်သူ လူတန်း​စား​လို့​ပဲ ကျမ မြင်ပါတယ်။ တကယ်တမ်း​က ကျမတို့​ ပြည်သူ​တွေရဲ့​ အကျိုး​ခံစား​ခွင့်​ ဆိုတာက အုပ်ချုပ်သူက ပြည်သူရဲ့​ အကျိုး​အတွက်ကို လုပ်​ပေး​မှပဲ အဲဒီအကျိုး​ကရမှာကိုး​။ ဆို​တော့​ အာဆီယံဥက္ကဋ္ဌ ဖြစ်လိုက်ခြင်း​အတွက်​ကြောင့်​မို့​လို့​ တကယ်တမ်း​ ရမယ့်​အကျိုး​ကို ကြည့်​လိုက်မယ်ဆိုရင် နိုင်ငံတကာက​နေပြီး​တော့​မှ အစိုး​ရ​တွေ လာကြမယ်၊​ ​နေပြည်​တော်မှာ အစည်း​အ​ဝေး​တွေ လုပ်ကြမယ်ဆို ဒါ​တွေက​တော့​ အစိုး​ရချင်း​ ဆက်ဆံ​ရေး​ ဆိုတာက​တော့​ ဖြစ်မှာ​ပေါ့​။ အဲဒီ​နေရာမှာ နိုင်ငံအတွက်​ရော တစုံတရာ ဂုဏ်မရှိဘူး​လား​လို့​ ဆို​တော့​ ကိုယ့်​နိုင်ငံက တကယ်တမ်း​ ​ဒေသရဲ့​ ဥက္ကဋ္ဌ​ခေါင်း​ဆောင်​နေရာမျိုး​ကို ယူခွင့်​ရတယ် ဆိုလို့​ရှိရင် ဒါ ကိုယ့်​နိုင်ငံ ပြည်သူပြည်သား​တွေအတွက် ဂုဏ်ယူစရာ တခုလို့​တော့​ ကျမတို့​ မြင်ကြည့်​လို့​ ရတာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီလိုမျိုး​ ဂုဏ်ယူနိုင်ဖို့​ ကိုယ့်​ပြည်သူပြည်သား​တွေက ဂုဏ်ယူနိုင်ဖို့​ ​ခေါင်း​ထောင်နိုင်ရဲ့​လား​၊​ ​ခေါင်း​မော့​နိုင်ရဲ့​လား​ ဆိုတာက​တော့​ ခုနက အုပ်ချုပ်သူက ပြည်သူကို ဘယ်လိုမျိုး​ ​ခေါင်း​မော့​နိုင်​အောင် လုပ်​ပေး​လဲ။ သူတို့​ရဲ့​ တကယ်တမ်း​တွေ့​နေတဲ့​ လက်ရှိပြဿနာ​တွေကို ဘယ်​လောက်အထိ ​ဖြေရှင်း​ပေး​သလဲဆိုတဲ့​ အ​ပေါ်မှာ မူတည်တယ်။”

နောက်တခုက ​ဒေါ်​အောင်ဆန်း​စုကြည် မ​နေ့​က သတင်း​စာရှင်း​လင်း​ပွဲမှာ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့​ အ​ရေး​ထက် မြန်မာပြည်သူ​တွေရဲ့​ ဘဝ​တွေ ဖွံ့​ဖြိုး​တိုး​တက်​ကောင်း​မွန်ဖို့​ အ​ရေး​ကြီး​တယ်ဆိုပြီး​ ​ပြောသွား​တာ​ပေါ့​။ ဒီမိုက​ရေစီအ​ရေး​လှုပ်ရှား​သူ​တွေ ဒီ အာဆီယံဥက္ကဋ္ဌမဖြစ်​ရေး​ ​တောင်း​ဆို​နေတဲ့​ သူ​တွေ အ​နေနဲ့​ရော ဘယ်အရာက ပိုပြီး​တော့​ အ​ရေး​ကြီး​တယ်လို့​ ထင်ပါသလဲ။

“ကျမ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်စုကြည်​ပြောတာကို ​ထောက်ခံပါတယ်။ ကျမတို့​ ​ပြောပြ​နေတာ အဲဒါပါပဲ။ တကယ်တမ်း​ဆိုလို့​ရှိရင် ဒီကာလမှာ ဦး​သိန်း​စိန်အစိုး​ရအတွက် အ​ရေး​ကြီး​ဆုံး​က ဘာဖြစ်သင့်​လဲ။ ပြည်တွင်း​မှာ ရှိတဲ့​ ကိုယ့်​ပြည်သူ ပြည်သား​တွေရဲ့​ စား​ဝတ်​နေ​ရေး​ ဘဝ​တွေ ​ကောင်း​လာဖို့​အတွက်ကို ​ဖြေရှင်း​ဖို့​ အတွက်ကိုပဲ ကိုယ့်​နိုင်ငံထဲမှာ ရှိ​နေတဲ့​ ပြဿနာ​တွေကို ​ဖြေရှင်း​ပြီး​တော့​မှ အမျိုး​သား​ပြန်လည်ရင်ကြား​စေ့​ရေး​၊​ တိုင်း​ပြည်နိုင်ငံ​ရေး​ တည်ငြိမ်မှုရ​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ ဒါ​တွေအတွက်ပဲ ကြိုး​စား​ပြီး​ လုပ်ရမှာ။ ဒါမှ ၂၀၁၄ မှာ အတင်း​ကြီး​ ရ​အောင်လို့​ လိုက်ပြီး​တောင်း​နေစရာ မရှိတာ။ ဒါ​ကြောင့်​မို့​လို့​ ကျမတို့​ကလည်း​ အာဆီယံကို မ​ပေး​နဲ့​လို့​ ကျမတို့​ မ​ပြောဘူး​။ ဒါ​ပေမယ့်​ ​ပေး​ခြင်း​ မ​ပေး​ခြင်း​ ဘယ်ဆုံး​ဖြတ်ချက်ကိုပဲ ဖြစ်ဖြစ် ​လော​လောဆယ် မလုပ်ပါနဲ့​ဦး​လို့​ ကျမတို့​ ​ပြောတာ။”

နောက်ဆုံး ​အ​နေနဲ့​ မြန်မာနိုင်ငံက လူထုအ​ခြေပြုအဖွဲ့​အစည်း​တွေရဲ့​ အခန်း​ကဏ္ဍ​ရော လာမယ့်​ အာဆီယံထိပ်သီး​အစည်း​အ​ဝေး​ပွဲမှာ ဘယ်​လောက်အထိ ထင်ဟပ်မှု ရှိမလဲ​ပေါ့​နော်။ သူတို့​ ဘယ်​လောက်အထိ ပါဝင်ခွင့်​ ရှိမလဲ။

“အာဆီယံရဲ့​ ပြဿနာတခုက အာဆီယံထိပ်သီး​အစည်း​အ​ဝေး​ပဲဖြစ်ဖြစ် တခြား​ အစည်း​အ​ဝေး​တွေမှာပဲ ဖြစ်ဖြစ် ရှင်း​ရှင်း​ပြောရရင် သူတို့​က အစိုး​ရ အစိုး​ရချင်း​ ဆက်သွယ်ပြီး​တော့​ပဲ လုပ်ကြတာ ကျမတို့​ ​တွေ့​ရတယ်​လေ။ အစိုး​ရ​ခေါင်း​ဆောင်​တွေပဲ ​တွေ့​ကြတယ်။ သူတို့​ အလွန်ဆုံး​ ခွင့်​ပေး​လို့​ရှိရင် အစိုး​ရ မျက်နှာသာ​ပေး​တဲ့​၊​ အစိုး​ရ ​ထောက်ခံတဲ့​ NGO အဖွဲ့​အစည်း​တွေပဲ အစည်း​အ​ဝေး​တွေထဲမှာ ပါဝင်ခွင့်​၊​ ပူး​ပေါင်း​ခွင့်​ ဒါမျိုး​တွေ ​ပေး​တာကိုး​။ တကယ် လူထုကို အ​ခြေပြုပြီး​တော့​မှ လွတ်လပ်တဲ့​ အစိုး​ရ​တွေရဲ့​ လုပ်ဟန်လုပ်နည်း​တွေ အ​ပေါ်မှာ မကြိုက်ရင် မကြိုက်တဲ့​အတိုင်း​ လွတ်လွတ်လပ်လပ် ​ပြောပိုင်ခွင့်​ရှိတဲ့​ ​ပြောနိုင်တဲ့​ လူထုအ​ခြေပြု အင်အား​စု​တွေကျ​တော့​ ထိပ်သီး​အစည်း​အ​ဝေး​မှာပဲ ဖြစ်ဖြစ်၊​ တခြား​အစိုး​ရ​တွေ လုပ်တဲ့​ သက်ဆိုင်ရာအစည်း​အ​ဝေး​တွေမှာပဲ ဖြစ်ဖြစ် သူတို့​ ​ပေး​ပါတာမျိုး​ မရှိပါဘူး​။ ဒါဟာ ကျမတို့​ အာဆီယံ လူထုအ​ခြေပြု အင်အား​စု တခုလုံး​က ကြုံ​နေရတဲ့​ စိန်​ခေါ်မှုအကြီး​ကြီး​ တခုဖြစ်ပါတယ်။ ဆို​တော့​ အခုလာမယ့်​ ထိပ်သီး​ညီလာခံ အစည်အ​ဝေး​မှာလည်း​ လူထုအ​ခြေပြု အဖွဲ့​အစည်း​အ​တွေအတွက် ​နေရာဆိုတာ တကယ်တမ်း​ သူတို့​ မရှိပါဘူး​။ ကျမတို့​ အခု​တောက်​လျှောက် ၄၊​ ၅၊​ ၆နှစ် ကြိုး​စား​ကြတယ် ဆိုတာက လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေ ဘက်က​နေပြီး​တော့​သာ ကြိုး​စား​ပြီး​တော့​မှ ကိုယ့်​ရဲ့​ ရပိုင်ခွင့်​ရှိတဲ့​ ​နေရာ။ ကိုယ်ရဲ့​ ရပိုင်ခွင့်​ရှိတဲ့​ ​နေရာနဲ့​ မြှင့်​တင်နိုင်တဲ့​ ​နေရာကို ကိုယ် ကြိုး​စား​ပြီး​တော့​မှ ယူ​နေကြရတဲ့​ အ​ခြေအ​နေမျိုး​ပဲ ဖြစ်တယ်။ အစိုး​ရ​တွေဘက်က လမ်း​ဖွင့်​ပေး​တယ်ဆိုတာက​တော့​ အာဆီယံမှာ ကျမ မ​တွေ့​ဘူး​ရှင့်​။”

Categories: BP, Interview, Oppositon, Outside
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters