Home > BGF, Drug, Government > အစိုးရထိန်းချုပ်သည့် ရှမ်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုပိုများလာ )( စစ်တပ်အင်အားလျှော့ချနိုင်လျှင် မူးယစ်ပြဿနာဖြေရှင်းနိုင်မည်ဟု SDW အဖွဲ့ပြော

အစိုးရထိန်းချုပ်သည့် ရှမ်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုပိုများလာ )( စစ်တပ်အင်အားလျှော့ချနိုင်လျှင် မူးယစ်ပြဿနာဖြေရှင်းနိုင်မည်ဟု SDW အဖွဲ့ပြော

By featured, သန်းထိုက်ဦး on November 16, 2011 (Irrawaddy)

 မြန်မာအစိုးရ ထိန်းချုပ်မှုအောက်တွင်ရှိသော ရှမ်းပြည်နယ် ဒေသအများစုတွင် ဘိန်းစိုက်ပျိုးမှု ပို၍တိုးများလာကြောင်း ရှမ်း ပြည်နယ် မူးယစ်ဆေးဝါး လေ့လာ စောင့်ကြည့်ရေးအဖွဲ့က ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။
ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ အစီအရင်ခံစာပါ မြေပုံ (ဓာတ်ပုံ -Shan Drug Watch)

ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိသည့် အနက် ၄၅ မြို့နယ်တွင် ယမန်နှစ်မှ စ၍ ၂ နှစ် အတွင်း စာရင်းပြုစုခဲ့ရာ အစိုးရတပ်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ဒေသများတွင် ဘိန်းစိုက်ပျိုးနေကြောင်း သိရသည်။

ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် International Center – IC ခန်းမ၌ ယနေ့ ထုတ်ပြန်သော “Druglords in Parliament” ဟု အမည်ရသည့် အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ရာ အဆိုပါ အဖွဲ့မှ ဦးခွန်စိုင်းက ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတဝန်း ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေး ၁၅ နှစ် စီမံကိန်းကို မြန်မာအစိုးရက ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လျာထား သော်လည်း ဖြစ်နိုင်ခြေ နည်းကြောင်း ၎င်းက ဆိုသည်။

“အစိုးရက ၂၀၁၄ ခုနှစ် ရောက်ရင် မြန်မာပြည်မှာ မူးယစ်ဆေး ပပျောက်ပြီ ဆိုတာကို တကယ်ပဲ လုပ်ပြချင်တဲ့ ဆန္ဒရှိတယ် ဆိုရင် ပြည်တွင်းစစ်ကို ရပ်လိုက်ဖို့ လိုတယ်။ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရမယ်” ဟု ဦးခွန်စိုင်းက ပြောသည်။

ရှမ်းပြည်နယ် မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းတွင် ပြည်သူ့စစ်များ ပါဝင်ပတ်သက်နေပုံကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြည်သူ့စစ်များက မူးယစ်ဆေးလုပ်ငန်းကို လုပ်ကိုင်ခွင့် ရနေသည်ဟုလည်း ရေးသားထားသည်။

“ပြည်သူ့စစ် အဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ ဆိုရင် ဘိန်းစိုက်ခင်းတွေ အများကြီး တိုးပွား လာတယ်။ ဘိန်းဖြူ နဲ့ စိတ်ကြွ ဆေး ထုတ်လုပ်တာလည်း များလာတယ်” ဟု ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း ပလောင်အမျိုးသမီး အစည်းအရုံး (PWO) က ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ဒေသတွင် ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးတက်လာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် နမ့်ခမ်း မြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာရှိသည့် အနက် ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲ ကျင်းပချိန်မှ စတင်၍ ရွာပေါင်း ၁၂ ရွာခန့် အထိ ဘိန်းစိုက်ပျိုးလာကြကြောင်း ရေးသား ဖော်ပြထားသည်။

ယင်းကျေးရွာ တရွာတွင် အသက် ၁၅ နှစ်အထက် အမျိုးသား ၉၀ ရာခိုင်နှုန်းကျော်သည် ဘိန်းမဲ သို့မဟုတ် ဘိန်းဖြူ စွဲနေ ကြောင်း၊ ပြီးခဲ့သည့် ၂ နှစ်တာကာလ အတွင်း သုံးစွဲမှု ၂ ဆ တိုးလာကြောင်း PWO က ဆိုသည်။

ကမ္ဘာ့ ဘိန်းထွက်နှုန်း၌ မြန်မာနိုင်ငံသည် ၂၀၀၇ မှ ၂၀၁၀ အတွင်း ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ယခုနှစ်နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး UNODC ၏ အစီရင်ခံစာအရ သိရ သည်။

သတင်းဖော်ပြချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာ နိုင်ငံသည် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

 

စစ်တပ်အင်အားလျှော့ချနိုင်လျှင် မူးယစ်ပြဿနာဖြေရှင်းနိုင်မည်ဟု SDW အဖွဲ့ပြော

Wednesday, 16 November 2011 23:29 မွခေါဝ် by မွေခေါဝ်

အစိုးရ ချမှတ်ထားသည့် မူးယစ်ဆေးဝါးပပျောက် ရေး ၁၅ နှစ် စီမံကိန်း အောင်မြင်လိုပါက စစ်တပ် အင်အားကိုလျှော့ချရမည်ဖြစ် ကြောင်းသျှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်း ဆောင် ဦးခင်းဆာယီ က ပြောပါသည်။

“အစိုးရက တပ်တွင်းဖူလှုံရေး ရံပုံငွေရှာဖို့ အခွင့်ပေးထားတဲ့အတွက် လူထုအပေါ် ၀န်ပိစေတယ်။ လူထုကို ဘိန်းစိုက်ခိုင်းပြီး အခွန်ကောက်တယ်။ လူထုက စစ်သားတွေ စားသောက်သုံးစွဲဖို့ လုပ်ပေးနေရတယ်။ ဒါ ကြောင့် စစ်တပ်အင်အားကို လျှော့ချနိုင်ရင် မူးယစ်ပြဿနာဖြေရှင်းနိုင်မယ်” ဟု ပြောပါသည်။

မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းလိုလျှင် ရေတိုနည်းအားဖြင့် နိုင်ငံရေးအကျဉ်းသားလွတ်ပေးရန်၊ နိုင်ငံတဝှမ်း အပစ်ရပ် စဲရန် ၊ ပြည်သူလူထု တောင်းဆိုထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးရန် တို့ဖြစ်သည်ဟု ဆို၏။

“ရေရှည်နည်းကတော့ ပင်လုံဟာ ပြည်ထောင်စုရဲ့အုတ်မြစ်ဖြစ်တဲ့အတွက် လျစ်လျူ မရှုဘဲ ပြန်ဖော်ထုတ်ဖို့၊ ပညာရေး စနစ်ကို ပြန်ပြင်ဖို့၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြန်ပြင်ဖို့ လိုတယ်။ ဒီလိုလုပ်နိုင်ရင် ၂၀၁၄ မှာ တရားဥပဒေနဲ့ မညီတဲ့ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းထုတ်လုပ်မှု၊ ဘိန်းကုန်ကူးမှုတွေ ပပျောက်သွားမှာ ဖြစ်တယ်”လို့ ဦးခင်းဆာယီက သျှမ်းပြည်မူးယစ်ဆေးဝါးပြဿနာ အစီရင်ခံစာမိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။

သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး အမှတ် ၄ အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ နာရီမှ နေ့လည် ၁၂: ဝဝ နာရီကျော်ထိ ချင်းမိုင်မြို့ နီမန်ဟေီမင်ဒ်လမ်းရှိ Uniserv ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

သျှမ်းပြည်ရှိ ပအိုဝ်းလူမျိုးများ သမရိုးကျ သနပ်ဖက်စိုက်ပျိုးမှုကို ပစ်ပယ်ကာ ဘိန်းစိုက်ပျိုးမှုခေတ်စားလာ သကဲ့ သို့ ပလောင်လူမျိုးများလည်း သမရိုးကျလက်ဖက်ကို ပစ်ပယ်ကာ ဘိန်းစိုက်ပျိုးမှု များပြားလာသည်ဟု အဆိုပါ အစီရင်ခံစာမိတ်ဆက်ပွဲတက်ရောက်သည့် ပလောင်အမျိုးသမီးအဖွဲ့က ဆို၏။

“အာဏာပိုင်တွေက ပြည်သူတွေ ဘာလုပ်နေသလဲဆိုတာ ဂရုမစိုက်အားဘူး။ စစ်ပွဲတွေကိုဘဲအာရုံစိုက်နေတယ်။ နောက်ပလောင်လူမျိုးတို့ မိရိုးဖလာစိုက်တဲ့ လက်ဖက်ကလဲ ဈေးနှုန်းကျလာတော့ သူတို့ရဲ့စားဝတ်နေရေး အတွက် ဘိန်းပိုစိုက်လာကြ တယ်” လို့ ပလောင်အမျိုးသမီးအစည်းအရုံးမှသတင်းမှတ်တမ်းနှင့်သုတေသန ဌာန တာဝန်ခံ လိုည်းစဲင်ဘ္လော့က ပြောပါသည်။

၁၉၉၉ ခုကစ၍ အစိုးရက မြို့နယ် ၅၁ ခုကို မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းအဖြစ် အဓိကထား လုပ်ဆောင်ရာ သျှမ်းပြည်တွင် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်၊ မိုင်းလားမြို့နယ်၊ လောက်ကိုင်မြို့ နယ်(ကိုးကန့်)၊ ပန်ဆိုင်းမြို့နယ်နှင့် ကချင်ပြည် မိုးမောက်မြို့နယ်တို့၌သာ အောင်မြင်မှုရရှိသည်ဟု သိရှိရ သည်။

မြေပြင်ပေါ်ရှိ အဖြစ်မှန်များကို ထုတ်ဖော်ပြသလိုခြင်းနှင့် မြန်မာပြည်မှ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံ ရေးပြဿနာ၏ နောက်ဆက်တွဲဖြစ်ကြောင်း ကို ပြလိုခြင်းကြောင့် သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ဝေရခြင်းဖြစ်သည်ဟု ဆို၏။

Categories: BGF, Drug, Government
  1. No comments yet.
  1. No trackbacks yet.

Leave a comment

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories