Home > ASEAN, International > မြန်မာကို ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ အဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အတည်ပြု

မြန်မာကို ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ အဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အတည်ပြု

Tuesday, 15 November 2011  Written by The Voice Weekly

IMG_1254ဘာလီ (နိုဆာဒူဝါ)၊ နိုဝင်ဘာ ၁၅

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် သက်တမ်း ၁၄ နှစ်ရှိ မြန်မာနိုင်ငံကို ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ အဖြစ် ယနေ့ နံနက်ပိုင်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးများက အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ယင်း အစည်းအဝေး အတွင်း ရောက်ရှိနေသော အာဆီယံ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း နိုဆာဒူဝါရှိ ဘာလီ နိုဆာဒူဝါ အစည်းအဝေး ခန်းမတွင် ကျင်းပလျက် ရှိသော ယင်းအစည်းအဝေးတွင် ထိုသို့ အတည်ပြု လိုက်ခြင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘဲ အစည်းအဝေးအပြီး ညနေပိုင်းတွင် ပြုလုပ်မည့် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ၏ သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice Weekly အနေနှင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ထိုသို့ အတည်ပြု လိုက်ပြီးနောက် အာဆီယံ ခေါင်းဆောင်များက ထိုကိစ္စကို ထပ်မံ အတည်ပြုရန် လိုအပ်မည် ဖြစ်သည်။

” နိုင်ငံခြားရေး ဝန်ကြီးတွေ အတည်ပြု ထားတာကို ပုံမှန်အားဖြင့် ခေါင်းဆောင်တွေ ကန့်ကွက်လေ့ မရှိပါဘူး ” ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ရုံးတွင် ၂ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ထိုင်း သတင်းစာဆရာ တစ်ဦးက ပြောဆိုသည်။

မြန်မာ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ နေရာအတွက် ယခု နှစ်ဆန်းပိုင်းတွင် အဆိုပြုခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပခဲ့သော အစည်းအဝေးများတွင် ယင်းကိစ္စသည် အလေးထား ဆွေးနွေးသည့် အကြောင်းအရာ တစ်ခု ဖြစ်ခဲ့သည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါသည် အောက်တိုဘာ လကုန်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ၏ ဥက္ကဋ္ဌ နေရာတွက် အဆင်သင့်ရှိမှုနှင့် ပတ်သက်၍ အကဲဖြတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ‘နောက်ပြန် မလှည့်နိုင်သော’ ပြုပြင်ပြောင်းလဲ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက်၍ အခြားအသင်းဝင် နိုင်ငံများမှ ခေါင်းဆောင်များကို တင်ပြသွားမည် ဖြစ်ကြောင်း ၎င်း၏ ခရီးစဉ်အပြီး ရန်ကုန် မြို့တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက မှတ်ချက်ပြု ပြောဆိုခဲ့သည်။

မြန်မာက အာဆီယံ ဥက္ကဋ္ဌနေရာတွင် ကြိုးပမ်းနေခြင်းနှင့် ပတ်သက်၍ နားလည်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပြီ ဖြစ်သော်လည်း လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှုများ ပိုမိုပြုလုပ်ရန် တွန်းအား ပေးကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ယနေ့နံနက်ပိုင်းတွင် အာဆီယံ နိုင်ငံအချို့မှ သတင်းထောက်များကို ပြောဆိုခဲ့သည်။

မြန်မာသည် သိသာသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ဆိုင်ရာများ တည်ဆောက်နိုင်ခြင်း မရှိသေးသဖြင့် ဥက္ကဋ္ဌနေရာ မပေးသင့် သေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ အဖွဲ့က တိုက်တွန်းထားသည်။

မြန်မာသည် အာဆီယံကို ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် အလှည့်ကျသော်လည်း ပြည်တွင်းရေး အခြေအနေနှင့် နိုင်ငံတကာ ဖိအားကြောင့် အလှည့်ကျော်ခဲ့ရသည်။

မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာပါက အာဆီယံ ထိပ်သီး အစည်းအဝေးများ အပြင် ဆွေးနွေးဖက် အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန် စသည်တို့ ပါဝင်သည့် ဒေသတွင်းဆိုင်ရာ ထိပ်သီး အစည်းအဝေးများလည်း လက်ခံကျင်းပရမည် ဖြစ်သည်။

Categories: ASEAN, International
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters