Home > Inside, Monk, Oppositon > အဆိုး​ဆုံး​လည်း​ ရင်ဆိုင်သွား​ဖို့​အသင့်​ပါပဲ (ဆန္ဒပြသံဃာ​တော်တပါး​နှင့်​ ​မေး​မြန်း​ချက်)

အဆိုး​ဆုံး​လည်း​ ရင်ဆိုင်သွား​ဖို့​အသင့်​ပါပဲ (ဆန္ဒပြသံဃာ​တော်တပါး​နှင့်​ ​မေး​မြန်း​ချက်)

Published on November 15, 2011 by နေသွင်  · (DVB)

မန္တ ​လေး​ မဟာမြတ်မုနိဘုရား​ကြီး​ဝင်း​ထဲမှာ သံဃာ​တော် ၅ ပါး​ဟာ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ လွတ်လပ်စွာ ဆန္ဒထုတ်​ဖော်ခွင့်​ စတဲ့​အချက်သုံး​ချက်ကို ဒီ​နေ့​မနက် ၅ နာရီ​ကျော်ကစပြီး​ ​တောင်း​ဆိုဆန္ဒပြ​နေပါတယ်။

တောင်း​ ဆိုချက်​တွေအား​လုံး​ မရမချင်း​ လနဲ့​ချီ ​ရေရှည်ဆန္ဒပြသွား​ဖို့​အထိ စီစဉ်ထား​တယ်လို့​ ဆန္ဒပြသံဃာ​တော်တပါး​က မိန့်​ကြား​ပါတယ်။

မန္တ​လေး​ မဟာမြတ်မုနိဘုရား​ကြီး​ဝင်း​ထဲမှာ ဆန္ဒပြ​နေတဲ့​ ကိုယ်​တော်တပါး​ကို မွန်း​လွဲ ၁ နာရီခွဲမှာ ​မေး​မြန်း​လျှောက်ထား​ချက်။

အခုအ​ခြေအ​နေ ဘယ်လို ရှိပါသလဲ ဘုရား​။

“အ​ခြေအ​နေက ဆရာ​တော်ကြီး​တွေရဲ့​ ​စေ့​စပ်​ပေး​မှုနဲ့​ အဲဒီစကား​ကို ​စောင့်​နေတာ။ ဆရာ​တော်ကြီး​တွေက တိုင်း​ဝန်ကြီး​ချုပ်ကို သွား​ရောက်ပြီး​တော့​ ဦး​ဇင်း​တို့​ လိုချင်တဲ့​အချက်​တွေကို တိုင်ပင်​ဆွေး​နွေး​မယ်။ ​နောက်ပြီး​တော့​ သူတို့​ ၃ နာရီအချိန်မှာ ဦး​ဇင်း​တို့​ဆီကို ပြန်လာမယ်။ အဲဒါကို ဦး​ဇင်း​တို့​စောင့်​နေတာပါ။”

အခု​လော​လောဆယ်​ ပရိသတ်က ဘယ်​လောက်​လောက်ရှိပါသလဲ။

“အခု​လော​ လောဆယ်​တော့​ ရဟန်း​သံဃာ​တွေကလည်း​ ၁၅၀ ​ကျော်​တော့​ ရှိမယ်ထင်တယ်။ ​နောက်ပြီး​တော့​ လူ​တွေကလည်း​ ၂၀၀ ​လောက်​တော့​ ရှိမလား​မသိဘူး​။ ပျံ့​နေတာဖြစ်လို့​၊​ လိပ်ကန်​ဘေး​မှာဆိုရင် အ​ဆောက်အဦ​လေး​တွေ ရှိတယ်​လေ။ အဲဒီမှာ အစုလိုက် အစုလိုက်နဲ့​ အရိပ်ရတဲ့​နေရာ​တောင်မဟုတ်ဘူး​။ တခြမ်း​ရိပ်တဲ့​ ​နေရာ​လေး​တွေမှာ ​စောင့်​နေကြပါတယ်။ ​လော​လောဆယ်မှာ​တော့​ နား​ထား​ပါတယ်။”

တောင်း ​ဆိုချက် သုံး​ချက်ကို ဦး​ဇင်း​တို့​ မရမချင်း​တောင်း​ဆိုသွား​မယ့်​ သ​ဘောလား​။ ဦး​ဇင်း​တို့​ ဘယ်​လောက်ထိ ရမယ်လို့​ ​မျှော်မှန်း​ထား​ပါသလဲ။

“ဦး​ဇင်း​တို့ ​ ရသမျှ ​တောင်း​ဆိုသွား​မှာပါ။ ရ​အောင်လည်း​ ကြိုး​စား​ပြီး​လုပ်​နေတာပါ။ ဆရာ​တော်ကလည်း​ လုပ်​ပေး​မယ်လို့​တော့​ ​ပြော​နေပါတယ်။ ဦး​ဇင်း​တို့​ရဲ့​ လိုအပ်ချက်​ပေါ့​။ အနည်း​ဆုံး​ သုံး​ချက်ရှိရာမှာ ဒီအချက်​တွေအကုန်ရမှ ဖြစ်မှာပါ။ ရ​အောင်လည်း​ လုပ်သွား​မှာပါ။”

ဦး​ဇင်း​တို့​ ဒီကိစ္စ​တွေကို ဘယ်အချိန်​လောက်ကစပြီး​ စီစဉ်ခဲ့​တာပါလဲ။

“စီစဉ်တာ​တော့ ​ ​တော်​တော်​တော့​ကြာပြီ။ ဒါ​ပေမယ့်​ ဦး​ဇင်း​တို့​ ဒီတပတ်​လောက်ဝန်း​ကျင်မှာ မီဒီယာက​နေ နိုင်ငံ​တော်သမ္မတကြီး​ ဒီအချက်​တွေကို လိုက်နာဖို့​ လိုက်​လျော​ပေး​ဖို့​ ဦး​ဇင်း​တို့​တောင်း​ဆိုခဲ့​တာပါ။ ဦး​ဇင်း​တို့​ ၁၄ ရက်​နေ့​က လွှတ်မယ်လို့​ ​စောင့်​နေခဲ့​တာပါ။ အမှန်တကယ်​တော့​ ၁၄ ရက်​နေ့​မှာ ဦး​ဇင်း​တို့​စပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ လှုပ်ရှား​မှုလုပ်မလို့​ပါ။ ဒါ​ပေမယ့်​ ဦး​ဇင်း​တို့​က မ​နေ့​က မရတဲ့​အတွက် ၁၅ ရက်​နေ့​မှာ ငြိမ်း​ချမ်း​ရေး​လှုပ်ရှား​မှု စတင်လှုပ်ရှား​တာပါ။”

ဒီလိုမျိုး​လုပ်တဲ့​အ​ပေါ်မှာ အန္တရာယ်များ​တဲ့​ ကိစ္စ၊​ ဒီဆန္ဒပြတဲ့​ကိစ္စကို ဦး​ဇင်း​တို့​ဘယ်​လောက်ထိများ​ တွက်ထား​ပါသလဲ။

“​ ပြောရမယ်ဆိုရင်​တော့​ တိုင်း​ပြည်အတွက် ပြည်သူလူထုကြီး​ ငြိမ်း​ချမ်း​ဖို့​အတွက် ဦး​ဇင်း​တို့​လုပ်တာပဲ။ အဲဒီအချိန်မှာ တဖက်က တကယ်လို့​ ​ပျော့​ပျော့​ပျောင်း​ပျောင်း​နဲ့​ လုပ်မလာဘူး​ဆိုရင် အဆိုး​ဆုံး​လည်း​ ရင်ဆိုင်သွား​ဖို့​ အသင့်​ပါပဲ။”

အခု ဦး​ဇင်း​ဘုရား​တို့​ ​တောင်း​ဆိုတဲ့​သံဃာ​တွေက ဘယ်နှပါး​ရှိပါသလဲ။

“​လော​လောဆယ်​ တော့​ ဦး​ဇင်း​တို့​ ​ခေါင်း​ဆောင်အ​နေနဲ့​က​တော့​ ၅ ပါး​ပေါ့​။ ဒါ​ပေမယ့်​ ပရိသတ်ထဲမှာ သံဃာ​တော်​တွေအား​လုံး​က တက်တက်ကြွကြွနဲ့​ ဦး​ဇင်း​တို့​ လိုအပ်တာ​တွေ အကုန်ပံ့​ပိုး​ပြီး​တော့​ ဝိုင်း​ဝန်း​ပံ့​ပိုး​နေတဲ့​ သံဃာ​တော်​တွေ အများ​ကြီး​ရှိပါတယ်။”

အခုချိန်ထိ ရဲတို့​၊​ စစ်သား​တို့​က လာပြီး​တော့​ ​စောင့်​ကြည့်​တာတို့​ ​တွေ့​ရပါသလား​ ဘုရား​။

“အခုချိန်ထိ​ တော့​ ယူနီ​ဖောင်း​နဲ့​တော့​ မ​တွေ့​ရ​သေး​ဘူး​။ လူထုပရိသတ်ကြီး​ကပဲ ပြန်ပြီး​တော့​ ဦး​ဇင်း​တို့​ဆီကို သတင်း​ပို့​ထား​တာက ယူနီ​ဖောင်း​တွေ လဲ​နေတယ်။ ပြင်ပမှာ အဲဒီလိုရှိတယ်ဆိုပြီး​ သတင်း​ပို့​တာ​တော့​ ရထား​ပါတယ်။”

ဗိမာန် ​တော်ကြီး​ကို စကြွလာတဲ့​အချိန်တုန်း​က ဦး​ဇင်း​တို့​ဆီမှာ ရိက္ခာအပြည့်​အစုံနဲ့​လို့​ ကြား​သိရပါတယ်။ ​ရေရှည်လုပ်မယ် ဆိုတဲ့​ သ​ဘောလား​ဘုရား​။

“ဦး​ဇင်း​တို့ ​ မရမချင်း​ ​ရေရှည်လုပ်မယ်ဆိုတဲ့​ သ​ဘောပါပဲ။ ဦး​ဇင်း​တို့​ လိုချင်တဲ့​အချက်ကို ဒီ​နေ့​လိုက်​လျော​ပေး​မယ်ဆိုရင် ဦး​ဇင်း​တို့​လုပ်ငန်း​ကို ဒီ​နေ့​ရုပ်သိမ်း​သွား​မှာပါ။”

Categories: Inside, Monk, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters