Home > Farmer, Government, Local, Public > လယ်ယာ​မြေအဓမ္မအသိမ်း​ခံရသည့်​ကိစ္စ ကူညီ​ပေး​သူ ဦး​မြင့်​နိုင် ဖမ်း​ဆီး​ခံရ

လယ်ယာ​မြေအဓမ္မအသိမ်း​ခံရသည့်​ကိစ္စ ကူညီ​ပေး​သူ ဦး​မြင့်​နိုင် ဖမ်း​ဆီး​ခံရ

Published on November 15, 2011 by နော်နိုရင်း  ·  (DVB)

လယ်ယာ ​မြေ အဓမ္မအသိမ်း​ခံရတဲ့​ ​တောင်သူလယ်သမား​တွေကို ကူညီ ​ဆောင်ရွက်​ပေး​နေတဲ့​ ဦး​မြင့်​နိုင်ကို အာဏာပိုင်​တွေက ဖမ်း​ဆီး​ပြီး​ ဗွီဒီယိုအက်ဥပ​ဒေနဲ့​ တရား​စွဲဆိုထား​တယ်လို့​ လယ်သမား​များ​အ​ရေး​ ကူညီ​ပေး​နေတဲ့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဦး​မြင့်​နိုင်ရဲ့​ ပုသိမ်မြို့​ ​နေအိမ်မှာ ရဲတပ်ဖွဲ့​က မ​နေ့​မနက် ၁ နာရီ​ကျော်မှာ ဝင်​ရောက် ဖမ်း​ဆီး​ခဲ့​တယ်လို့​ ​ပြောပါတယ်။

“ရဲမှူး​ကြီး​ အပါအဝင် အ​ယောက် ၃ဝ​လောက်က သူ့​အိမ်ကိုဝိုင်း​တယ်။ ပြီး​တဲ့​အခါကျ​တော့​ သူ့​ကို ဗွီဒီယိုအက်ဥပ​ဒေပုဒ်မ ၃၂(က၊​ ခ) ​ပေါ့​၊​ တရား​မဝင် ထုတ်​ဝေခွင့်​မရှိတာကို ထုတ်တယ်၊​ ပြသတယ်ဆိုတဲ့​ ပုဒ်မနဲ့​ သူ့​ကိုတရား​စွဲတာပါ။ ပြီး​တဲ့​အခါကျ​တော့​ မ​နေ့​တုန်း​ကပဲ မြို့​နယ်တရား​ရုံး​မှာ ရုံး​ထုတ်တယ်။ အာမခံမ​ပေး​ဘူး​။”

ဦး​မြင့်​ နိုင်ဟာ ပြီး​ခဲ့​တဲ့​ စက်တင်ဘာ ၁၅ ရက်​နေ့​က လယ်သမား​၂၀၀ ​ကျော်နဲ့​ အတူ ဧရာဝတီတိုင်း​ဝန်ကြီး​ချုပ် ဦး​သိန်း​အောင်ရဲ့​ ရုံး​ကို ချီတက်ပြီး​ လယ်သမား​ အခွင့်​အ​ရေး​ကို ဦး​ဆောင်ပြီး​ သွား​ရောက်​တောင်း​ဆိုခဲ့​ပါတယ်။

ဒီလိုသွား​ ရောက်​တောင်း​ဆိုမှုကို ဗွီဒီယိုမှတ်တမ်း​ယူပြီး​ သိမ်း​ထား​တဲ့​အတွက် ပုသိမ်မြို့​နယ် ရဲစခန်း​က သူ့​ကို ဖမ်း​ဆီး​ခေါ်​ဆောင်သွား​တာလို့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဦး​မြင့်​ နိုင်ကို ဖမ်း​ဆီး​တရား​စွဲဆိုမှုနဲ့​ပတ်သက်ပြီး​ ဖမ်း​ဆီး​တရား​စွဲဆိုတဲ့​ ပုသိမ်မြို့​နယ် အမှတ်၂ ရဲစခန်း​ကို ဆက်သွယ်​မေး​မြန်း​ပေမယ့်​ တာဝန်ခံ ​ဖြေဆိုခြင်း​ မရှိပါဘူး​။

ဦး​မြင့်​ နိုင်ဟာ လူ့​အခွင့်​အ​ရေး​ ကာကွယ်​စောင့်​ကြည့်​သူများ​ ကွန်ရက်ရဲ့​ ​ခေါင်း​ဆောင်တဦး​ ဖြစ်သလို လယ်သမား​အ​ရေး​ ​ဆောင်ရွက်​ပေး​နေသူလည်း​ ဖြစ်ပါတယ်။

ဦး​မြင့်​ နိုင်ရဲ့​အမှုကို ​ရှေ့​နေကိုဖိုး​ဖြူနဲ့​အတူ ​ရှေ့​နေအဖွဲ့​က လိုက်ပါ ​ဆောင်ရွက် ​ပေး​မှာဖြစ်ပြီး​ နိုဝင်ဘာ ၂၅ ရက်​နေ့​ ရုံး​ချိန်း​ထား​တယ်လို့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဦး​မြင့်​နိုင်ကို ပုသိမ်မြို့​နယ် ရဲစခန်း​မှာပဲ ထိန်း​သိမ်း​ထား​တယ်လို့​ ဆိုပါတယ်။

Categories: Farmer, Government, Local, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters