Home > Cabinet of Ministers, Government, Local > ဧည့်​လမ်း​ညွှန် အလှည့်​ကျစနစ် ​ခေတ်နှင့်​မဆီ​လျော်

ဧည့်​လမ်း​ညွှန် အလှည့်​ကျစနစ် ​ခေတ်နှင့်​မဆီ​လျော်

Published on November 15, 2011 by ရွှေအောင်  (DVB)

ဧည့် ​လမ်း​ညွှန်​တွေ အလှည့်​ကျလိုက်​စေမယ့်​ စနစ်နဲ့​သွား​မယ်လို့​ ဟိုတယ်-ခရီး​ ဝန်ကြီး​ဌာနက ခရီး​သွား​လုပ်ငန်း​ရှင်​တွေကို အ​ကြောင်း​ကြား​စာ ​ပေး​ပို့​ခဲ့​ပါတယ်။

အခုလ ၈ ရက် ရက်စွဲနဲ့​ ဟိုတယ်ခရီး​ဌာနညွှန်ကြား​ရေး​မှူး​ချုပ်က ခရီး​သွား​လုပ်ငန်း​ရှင်များ​အသင်း​ကို ပြင်ဆင်ထား​ကြဖို့​ စာပို့​ အ​ကြောင်း​ကြား​ခဲ့​တာ ဖြစ်ပြီး မိတ္တူကို မြန်မာနိုင်ငံ ဧည့်​လမ်း​ညွှန်အသင်း​ကို ​ပေး​ပို့​ခဲ့​တယ်လို့​ ဧည့်​လမ်း​ညွှန်အသင်း​ ပြန်ကြား​ရေး​က ကိုညီညီက ​ပြောပါတယ်။

ဘယ်​နေ့​ဘယ်ရက်မှာ အဲ့​ဒီလို အလှည့်​ကျစနစ် စတင်ကျင့်​သုံး​မယ်ဆိုတာ အ​ကြောင်း​ကြား​စာထဲ ​ဖော်ပြမထား​ဘူး​လို့​လည်း ဆိုပါတယ်။

ဧည့်​လမ်း​ညွှန်​တွေ အလှည့်​ကျစနစ်နဲ့​ လိုက်ရမယ်ဆိုတာ ​ခေတ်နဲ့​ မဆီ​လျော်တဲ့​အ​ကြောင်း​ ကိုညီညီက ခုလို ရှင်း​ပြပါတယ်။

“တကယ်လက်​တွေ့ ​ကျ​တော့​ ကွန်မြူနစ်လိုလို၊​ ဆိုရှယ်လစ်လိုလိုဖြစ်​နေတယ်။ ဘာလို့​လည်း​ဆို​တော့​ ဧည့်​လမ်း​ညွှန်​တွေအကုန်လုံး​ကို နာမည်​တွေစုထား​၊​ ပြီး​တော့​မှ ဆိုက်ကား​ဂိတ်မှာ အလှည့်​ကျသလို ဆိုက်ကား​ နှစ်စီး​လောက်လွှတ်လိုက်ပါဆိုရင် အဲဒီဂိတ်မှူး​က​နေ နှစ်စီး​ထွက်ကြဆိုတဲ့​ ပုံစံမျိုး​ လုပ်တဲ့​အခါကျ​တော့​ လမ်း​ညွှန်​တွေက တ​ယောက်နဲ့​တ​ယောက် အ​တွေ့​အကြုံသက်တမ်း​က မတူဘူး​။ တချို့​က မ​နေ့​တ​နေ့​ကမှ လမ်း​ညွှန်လုပ်တဲ့​သူရှိမယ်။ တချို့​က အ​တွေ့​အကြုံ အနှစ် ၂၀ ​ကျော်တဲ့​ဆရာကြီး​တွေ၊​ ၃၀ ​ကျော်တဲ့​ ဆရာကြီး​တွေရှိမယ်။ သူတို့​ကို တန်း​တူထား​ပြီး​တော့​ နံပါတ်တစ်က ဘယ်သူ၊​ နှစ်ကဘယ်သူ အဲလို စီနီယာနဲ့​လွှတ်ရတဲ့​အခါကျ​တော့​ သိပ်အဆင်မ​ပြေဘူး​။

“​နောက်ပြီး​ တော့​ ဧည့်​သည်ကစပိန်လူမျိုး​ရှိမယ်၊​ ရုရှား​လူမျိုး​ရှိမယ်။ အလှည့်​ကျတဲ့​သူက စပိန်လိုမတတ်၊​ ရုရှား​လိုမတတ် ဆိုတဲ့​ဟာမျိုး​ကျ​တော့​ လမ်း​ညွှန်သမား​တွေက တ​ယောက်နဲ့​တ​ယောက် ဘာသာစကား​ မတူဘူး​။ အ​တွေ့​အကြုံမတူဘူး​။ အဲဒါကို တတန်း​တစား​တည်း​ အလှည့်​ကျထွက်ပြီး​တော့​ လိုက်ရမယ်ဆိုပြီး​တော့​ တဖွဲ့​က​နေ လုပ်ပြီး​လွှတ်တာမျိုး​ကျ​တော့​ လက်​တွေ့​မှာ​တော့​ သိပ်ပြီး​တော့​ မဆီ​လျော်ဘူး​ဗျ။”

ဘယ်​ခေတ် ဘယ်ကာလကမှ အခုလို အလှည့်​ကျစနစ် မကျင့်​သုံး​ဖူး​ဘူး​လို့​လည်း​ ​ပြောပါတယ်။

အရင်ကဧည့်​လမ်း​ညွှန်​တွေဟာ ခရီး​သွား​လုပ်ငန်း​တွေမှာ ကိုယ့်​အစီအစဉ်နဲ့​ ကိုယ်ချိတ်ဆက်ထား​ပြီး​ လုပ်ကိုင်​နေကြတာပါ။

အလုပ်လုပ်ကိုင် ​နေကြမို့​ တဦး​နဲ့​တဦး​ ယုံကြည်မှုရှိပြီး​ လုပ်ရတာလည်း​ အဆင်​ပြေကြ​ကြောင်း​၊​ အခုအစီအစဉ်ဟာ အဆင်မ​ပြေနိုင်တဲ့​အ​ကြောင်း​ စာတင်ထား​တယ်လို့​လည်း​ ကိုညီညီက ​ပြောပါတယ်။

“တရား​ ဝင်စာနဲ့​ ကျ​နော်တို့​ဘက်က အ​ကြောင်း​ကြား​ထား​ပါတယ်။ ခရီး​သွား​ဧည့်​သည် အဝင်နည်း​တဲ့​အခါကျ​တော့​ အဲဒီလိုအ​ကောင်အထည်​ဖော်ဖို့​က ​တော်​တော်ကိုအဆင်မ​ပြေဘူး​။ ​နောက် ဒီမိုက​ရေစီ​ခေတ်ဖြစ်တဲ့​အတွက် ကြိုက်​ရောင်း​ကြိုက်ဝယ်​ပေါ့​။ အဲဒီတ​ယောက်ကို ကြိုက်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ငှား​ရမ်း​ခွင့်​ရဖို့​ပေါ့​။ အဲလိုမျိုး​ ကျ​နော်တို့​ စာတင်ထား​တယ်။”

မြန်မာနိုင်ငံမှာ လိုင်စင်ရဧည့်​လမ်း​ညွှန်​ပေါင်း​ ၃၀၀၀ ​ကျော်ရှိတဲ့​အထဲက ၆၀၀ ​ကျော်​လောက်ပဲ ဧည့်​လမ်း​ညွှန်အလုပ်ကို အမှန်တကယ် လုပ်ကိုင်​နေကြတာ ဖြစ်ပါတယ်။

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters