Home > Democrat, NDF, Party > အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ​နေရာ ၂၀ ဝင်ပြိုင်မည်

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ​နေရာ ၂၀ ဝင်ပြိုင်မည်

Published on November 15, 2011 by မင်းလွင်  ·  (DVB)

အမျိုး ​သား​ဒီမိုက​ရေစီအင်အား​စုပါတီက လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​လောင်း​ အ​ယောက် ၂၀ ဝင်​ရောက်ယှဉ်ပြိုင်မယ်လို့​ ပါတီ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက ​ပြောပါတယ်။

“၄ဂ​နေရာ လွတ်တယ်လို့​သာ ကြား​တယ်​လေ။ ​ရွေး​ကောက်ပွဲ ဘယ်​တော့​ ကျင်း​ပမယ်ဆိုတာလည်း​ ကျ​နော်တို့​ တရား​ဝင်မသိ​သေး​ဘူး​ဗျ။ ဌာနချုပ်က စီစဉ်​နေတာ​တော့​ တခြား​ ဆယ်ပါတီမဟာမိတ်​တွေလည်း​ ရှိတာကို။ တိုင်း​ရင်း​သား​တွေ အပါအဝင်​ပေါ့​။ အဲဒါ​တွေနဲ့​ညှိ​တော့​ ​နေရာ ၂၀ ​လောက်​တော့​ ဝင်မယ်လို့​ဆုံး​ဖြတ်ထား​တယ်။”

ကြား​ဖြတ်​ ရွေး​ကောက်ပွဲကျင်း​ပမယ့်​နေ့​ကို​တော့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က အခုချိန်ထိ တရား​ဝင်ထုတ်ပြန်ခြင်း​ မရှိ​သေး​ပါဘူး​။

ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်ရုံး​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​သောင်း​လှိုင်က
“ကျ​နော်တို့​ ဒါ​တွေက တရား​ဝင် ​ကြေညာပြီး​တော့​ ​ဆောင်ရွက်တဲ့​ကိစ္စ​တွေပါ။ တချိန်မှာ တရား​ဝင်​ကြေညာရမယ်။ ​နောက်ပြီး​ဒါ​တွေက လုပ်ရင်လည်း​ တရား​ဝင်လုပ်တာပါ။ ထွက်လာမှာပါ။ ကျ​နော်တို့​က အား​လုံး​ကို ​ကြေညာပြီး​တော့​ လုပ်တဲ့​ကိစ္စ​တွေပါပဲ။ နည်း​နည်း​ သည်း​ခံပြီး​တော့​ ​စောင့်​ပါ။ ကျ​နော်တို့​အ​နေနဲ့​ကလည်း​ ​ကော်မရှင်က​နေ ဘာမှလမ်း​ညွှန်မှုမ​ပေး​ထား​ဘဲနဲ့​ ​ပြောပြဖို့​ မရှိဘူး​လေ။”

ကြား​ဖြတ်ကျင်း​ပမယ့်​နေ့​ကို ​ကော်မရှင်က တရား​ဝင် အသိ​ပေး​ကြေညာမှာ ဖြစ်တယ်လို့​လည်း​ ​ကော်မရှင်ရုံး​က ​ပြောပါတယ်။

ကြား​ဖြတ်​ ရွေး​ကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၈ ​နေရာရှိ​နေပြီး​ ပြည်သူ့​လွှတ်​တော်တွင် ​နေရာ ၄၀၊​ အမျိုး​သား​လွှတ်​တော်တွင် ၆ ​နေရာ၊​ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​ လွှတ်​တော်အတွက်​နေရာ ၂ ​နေရာရှိတယ်လို့​ သိရပါတယ်။

Advertisements
Categories: Democrat, NDF, Party
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters