Home > Government, Media, USDP > မီဒီယာများ အဆိုးမြင်ရေးဟု ဦးခင်ရွှေ ပြစ်တင်

မီဒီယာများ အဆိုးမြင်ရေးဟု ဦးခင်ရွှေ ပြစ်တင်

မျိုးသိဏ်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် နေရာဖြစ်သော ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ ဝန်ကြီးများရုံးအား ဟိုတယ်အဖြစ် ငှားရမ်းမည်ကို ကန့်ကွက် ရေးသားခဲ့ကြသည့် ပြည်တွင်း မီဒီယာများအား အဆိုးမြင် ရေးသားကြသည်ဟု မြန်မာ့ခရီးသွား လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေမှ  ပြစ်တင် ပြောဆို လိုက်သည်။

ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ အဖွင့်အမှာစကား၌ ပြည်တွင်း မီဒီယာများသည် ပြည်ပမီဒီယာများကဲ့သို့ပင် မကောင်းသည့်ဘက်မှ ရှု့မြင်ရေးသားကြသည်ဟု ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှ ပြစ်တင်ပြောသွားခြင်း ဖြစ်သည်။

“မဟုတ်က ဟုတ်ကတွေ ရေးတယ်ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျဖို့ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်နေတယ်။”ဟု ဦးခင်ရွှေက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် တဦးလည်းဖြစ်သည့် ဦးခင်ရွှေက ဝန်ကြီးများ ရုံးကိစ္စအပေါ် ကာကွယ်ပြောဆိုသူများကိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆို သွားခဲ့သေးသည်။

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည်။

“ပြည်တွင်းဂျာနယ်တွေက နုပါတယ်။” ဟု သုံးနှုန်းပြောဆိုခဲ့သည့် ဦးခင်ရွှေက အဆိုပါ ဝန်ကြီးကြီးများရုံးနှင့် ပတ်သက်သည့် မော်နီတာ ဂျာနယ်တွင် ပါရှိသော “ဘယ်ပေတံနဲ့ တိုင်းမှာလဲ” အမည်ရှိ ဆောင်းပါး တပုဒ်ကိုမူ ကွဲလွဲသည့် အမြင်ရှိသည်ဟု ချီးကျူးပြောဆိုခဲ့ပြီး ယင်းဆောင်းပါးကို သတင်းစာ ရှင်းလင်းပွဲတွင် ဝေငှခဲ့သည်။

ဆောင်းပါးတွင် “ ဝန်ကြီးများရုံးသည် အင်္ဂလိပ် အမွေအနှစ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လပိုင်းသာ ရုံးထိုင်ခဲ့ကြောင်း
နှင့်  မြန်မာလူမျိုးများထက် မြန်မာနိုင်ငံအား ကျွန်အဖြစ် ပြုလုပ်ခဲ့သည့် အင်္ဂလိပ်လူမျိုးများသာ ထိန်းသိမ်းသင့်
ကြောင်း၊ နိုင်ငံတော်မှ ထိန်းသိမ်းပါက စာရိတ်များစွာ ကုန်ကျမည် ဖြစ်ကြောင်း” ရေးသား ထားသည်။

ဦးခင်ရွှေက မိမိအနေဖြင့် စင်ကာပူ၊ အမေရိကား စသောနိုင်ငံများတွင် ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်း
နိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။

သူ့နည်းတူ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှာ ခြောက်လအတွင်း ကိုယ်ပိုင်ငွေ ကျပ်သိန်းတသောင်းကျော် အကုန်အကျခံ သုံးစွဲခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

——————————————————

ခရီး​သွား​ဘုတ်အဖွဲ့​ဥက္ကဋ္ဌနှင့်​ သတင်း​သမား​များ​ အ​ချေအတင်ဖြစ်

Published on November 15, 2011 by ရွှေအောင်  (DVB)

ဒီ ​နေ့​ပြုလုပ်တဲ့​ မြန်မာ့​ခရီး​သွား​လုပ်ငန်း​ ဘုတ်အဖွဲ့​ရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဘုတ်အဖွဲ့​ဥက္ကဋ္ဌ ​ဇေကမ္ဘာဦး​ခင်​ရွှေနဲ့​ သတင်း​သမား​တွေ စကား​အ​ချေအတင် ဖြစ်ခဲ့​ကြပါတယ်။

ဇေကမ္ဘာဦးခင်ရွှေ

ပုဂံ​ ဒေသမှာလုပ်မယ့်​ ခရီး​သွား​လုပ်ငန်း​ ပြပွဲအ​ကြောင်း​ ရန်ကုန်မြို့​ အလံပြဘုရား​လမ်း​က ယုဇနဟိုတယ်မှာ သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ရင်း​ ဖြစ်ခဲ့​တာပါ။

 

သတင်း​စာရှင်း ​လင်း​ပွဲတက်ခဲ့​တဲ့​ သတင်း​ထောက်တဦး​က “​ပြောချင်တဲ့​ အ​ကြောင်း​အရာက ပုဂံမှာလုပ်မယ့်​ ပြပွဲအ​ကြောင်း​ပြောချင်တာ။ ဒါ​ပေမယ့်​ အဲ့​အ​ကြောင်း​မ​ရောက်ဘဲ သတင်း​ထောက်​တွေက အ​ကောင်း​မြင်နဲ့​ မ​ရေး​ဘူး​။ အဆိုး​မြင်နဲ့​ ​ရေး​တယ်။ တိုင်း​ပြည်က​ကောင်း​ခါနီး​မှ မီဒီယာ​ကြောင့်​ ဒုက္ခ​ရောက်လိမ့်​မယ်။ မီဒီယာသမား​တွေက ပြင်ဖို့​ပြုဖို့​ ​ပြောတယ်။ သူအဲ့​လို ​ပြော​တော့​ ရိုက်တာသတင်း​ဌာနက ကို​အောင်လှထွန်း​က လူကလည်း​ မခံနိုင်ဘူး​။ ကျ​နော်တို့​က ​ကျွေး​မွေး​တာ​တွေကိုလည်း​ ဂရုစိုက်တာ မဟုတ်ဘူး​။ ကျ​နော်တို့​ မြင်တာကို ​ရေး​တာ​ပေါ့​၊​ ဘာညာနဲ့​ ကျ​နော်တို့​ကလည်း​ ပြန်ရှင်း​ပြတာ​ပေါ့​။ ရှင်း​တယ် ဆိုတာလည်း​ ဒါမျိုး​က သတင်း​စာရှင်း​လင်း​ပွဲ​တွေမှာ တခါမှဖြစ်တာမဟုတ်ဘူး​လေ။ ဖြစ်ကြတာ​ပေါ့​။ ဖြစ်တာ​တော့​ အရှည်ကြီး​ပေါ့​” လို့ ပြောပါတယ်။

သတင်း​သမား​ တွေ​ခေါ်ပြီး​ သတင်း​သမား​တွေကို သူမ​ကျေနပ်တဲ့​အ​ကြောင်း​ ​ခေါ်​ပြောသလို ဖြစ်​နေတယ်လို့​လည်း​ ဆိုပါတယ်။ ရန်ကုန်မြို့​က ဝန်ကြီး​များ​ရုံး​ကို ဟိုတယ်လုပ်​တော့​မယ်ဆိုတဲ့​ သတင်း​ မ​ရေး​ပါနဲ့​လို့​ သူ​ပြောတဲ့​ကြား​က ဂျာနယ်​တွေက ​ရေး​လို့​ မ​ကျေနပ်တဲ့​အ​ကြောင်း​လဲ ဦး​ခင်​ရွှေက ထုတ်​ဖော် ​ပြောဆိုတယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် သတင်း​စာရှင်း​လင်း​ပွဲနဲ့​မသက်ဆိုင်တဲ့​ တခြား​ကိစ္စ​တွေလည်း​ ထည့်​သွင်း​ပြောဆိုခဲ့​လို့​ သတင်း​သမား​အများ​စုက အမြင်မကြည် ဖြစ်ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။ ​နောက်ပိုင်း​မှာ ဦး​ခင်​ရွှေက သူ​ပြောတာ အမှား​ရှိရင်ခွှင့်​လွှတ်ဖို့​ ​တောင်း​ပန်စကား​ ဆိုတယ်လို့​လည်း​ သတင်း​ထောက်က ​ပြောပါတယ်။

မြန်မာပြည်အ​ ခြေစိုက် ပြည်ပသတင်း​ဌာနတခုရဲ့​ ဝါရင့်​သတင်း​ထောက် တဦး​က​တော့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်တချို့​က သူတို့​ ​ပေး​တာယူ၊​ ​ရေး​ခိုင်း​တာ​ရေး​ ဆိုတဲ့​သ​ဘောမျိုး​ ရှိတတ်တဲ့​အတွက် သတင်း​သမား​အား​လုံး​က ညီညီညွတ်ညွတ်နဲ့​ ကိုယ့်​ရပ်တည်ချက်နဲ့​ကိုယ် လွတ်လွတ်လပ်သတင်း​ရေး​ ရပ်တည်ကြဖို့​လို​ကြောင်း​ မှတ်ချက်​ပေး​ပါတယ်။

Advertisements
Categories: Government, Media, USDP
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters