Home > Ethnic, Gas and Oil, Party, RNDP > ရခိုင်တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ကျင်းပ

ရခိုင်တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ကျင်းပ

တနင်္လာနေ့၊ နိုဝင်ဘာလ 14 ရက် 2011 ခုနှစ် နိရဉ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ရခိုင်တိုင်းရင်းသား များ တိုးတက်ရေး ပါတီမှ ရခိုင်ပြည်နယ်တွင် ၂၄ နာရီ မီးရရှိရေးနှင့် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်း ဆိုင်ရာ စာတမ်းဖတ်ပွဲ တစ်ခုကို နိုဝင်္ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

U-Tin-Winဦးတင်ဝင်း စာတန်း ဖတ်ကြားနေစဉ်။ (ဓါတ်ပုံ – နိရဉ္စရာ)

စာတန်းဖတ်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို စာတန်းဖတ်သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဒုဥက္ကဌ ဦးတင်ဝင်းက ယခုလို ပြောသည်။” ရခိုင်တပြည်နယ်လုံး လျှပ်စစ် မီး ၂၄ နာရီ ရရှိရေး အတွက် ဖြစ်နိင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အတွက် ဒီစာတန်းဖတ်ပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်။”

အခု လက်ရှိ အစိုးရမှ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း တရားဝင် ပြောကြားထားသဖြင့် အဆိုပါ ကိစ္စကို စာတန်းတွင်ထည့်သွင်း ဆွေးနွေးပါသလားဟု နိရဉ္စရာက မေးမြန်းရာ ဦးတင်ဝင်းက ယခုလို ပြောသည်။

” ဆွေးနွေးပါတယ်။”

၎င်းပြင်သူက ” နိုင်ငံတော် အစိုးရက ပြည်ထောင်စု လွှတ်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးတွေက ရခိုင်က ထွက်တဲ့ ရွှေသဘာဝ ဓါတ်ငွေ့နဲ့ ပတ်သက်ပြီး ပြောကြား ထားတဲ့ အပေါ်မှာ အထောက်အထားနဲ့ တကွ ခိုင်ခိုင်မာမာ ပြည်သူတွေသိအောင် စာတန်းမှာ တင်ပြထားပါတယ်” ဟု ပြောသည်။

စာတန်းထဲတွင် ရခိုင်ပြည်နယ်တွင် မီးပေးဝေသော စနစ်နှင့် ဗမာပြည်တွင် ပေးဝေနေသော စနစ်နှင့် မတူဘဲ အခြေခံ ယူနစ်ထက်ပိုပါက ရခိုင်ပြည်နယ်တွင် တယူနစ်ကို ကျပ် ၄၀၀ ထိပေးနေရသဖြင့် ပြည်သူများ ထိခိုက် နစ်နာမူများ ရှိနေသည့် အကြောင်းအရာများကို စာတန်းတွင် ဖေါ်ပြထားသည်ဟု သူက ပြောသည်။

အနာဂတ်တွင် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အတွက် ဥပဒေဘောင်အတွင်းမှ လုပ် ဆောင်နိုင်မည့် နည်းလမ်းများကို စာတန်း ဖတ်ပွဲများ ပြုလုပ်ကာ အဖြေရှာသွားမည် ဖြစ်ကြောင်း သူက ပြောသည်။ ယခု စာတန်းဖတ်ပွဲမှာ ပထမဆုံး လျှပ်စစ်မီး ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများအားအသိ ပေးနိုင်ရေး အတွက် သက်သက်သာ ဖြစ်ကြောင်း သူက ဆိုသည်။

ယခု စာတန်းဖတ်ပွဲမှာ ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး အကြောင်းနှင့် ပတ်သက်ပြီး ပြည်သူများ သိအောင် တင်ပြသော စာတန်းဖြစ်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နောင်တွင် ပိုမို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် နိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

စာတန်းဖတ်ပွဲတွင် ဦးတင်ဝင်း၏ စာတန်း တစ်စောင်ကိုသာ ဖတ်ကြားခဲ့ပြီး လူပေါင်း (၄၀) ခန့်တက်ရောက် နားထောင်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ စာတန်းဖတ်ပွဲကို စစ်တွေမြို့ရှိ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုဌာနချုပ် ရုံးတွင် ပြုလုပ်ခဲ့သည်။

——————————————————————————————————–

ရခိုင်ပြည်နယ်တစ်ခုလုံး ၂၄ နာရီ မီးလင်းနိုင်ရေး RNDP က စာတမ်း ပြုစု

2011-11-14 (RFA)

ရခိုင်ပြည်နယ် တစ်ခုလုံး ၂၄ နာရီ ပုံမှန် မီးရရှိနိုင်ရေး အတွက် ရခိုင် တိုင်းရင်သား တိုးတက်ရေး ပါတီ RNDP က ပြုစုထားတဲ့ စာတမ်းတစ်စောင်ကို ပါတီ ဌာနချုပ်ရုံးရှိရာ စစ်တွေမြို့မှာ ပြည်သူလူထုကို မနေ့က ရှင်းလင်း ဟောပြောခဲ့ပြီး အစိုးရ တာဝန်ရှိသူတွေထံ မကြာခင် တင်ပြသွားမယ်လို့ သိရပါတယ်။

(Photo: AFP)

ရှမ်းပြည်နယ်ရှိ လျှပ်စစ်ဓာတ်အား မရရှိသော ကျေးရွာတခုတွင် လက်နှိပ်ဓာတ်မီးဖြင့် ညစာပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

တရုတ်နိုင်ငံကို တင်ပို့ရောင်းချဖို့ ရခိုင်ကမ်းလွန် ပင်လယ်ပြင်က ထုတ်ယူမယ့် သဘာဝ ဓာတ်ငွေ့ထဲက (၂%)ကို အသုံးပြုခွင့်ရမယ် ဆိုရင် ရခိုင်ပြည်နယ် တစ်ခုလုံးကို မီးပေးနိုင်မှာ ဖြစ်ကြောင်း စာတမ်းမှာ အဓိက ဖော်ပြထားတယ်လို့ စစ်တွေမြို့နယ် RNDP ပါတီ အတွင်းရေးမှူး ဦးအောင်မြတ်ကျော်က ပြောပါတယ်။ ရခိုင်ကမ်းလွန် ပင်လယ်ပြင်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့တွေ တရုတ် နိုင်ငံကိုရောင်းချဖို့ ယခင် စစ်အစိုးရ လက်ထက် ကတည်းက သဘောတူညီခဲ့ပြီး ဒေသခံတွေ သဘာဝ ဓာတ်ငွေ့ကို အကျိုး မခံစားရဘဲ လယ်မြေ သိမ်းဆည်းခံရမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာ ကြုံခဲ့ရတယ်လို့ RNDP ပါတီက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RNDP ပါတီရဲ့ ရခိုင်ပြည်နယ် လွှတ်တော်အမတ် လည်းဖြစ်၊ ပါတီရဲ့ စစ်တွေမြို့နယ် အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးအောင်မြတ်ကျော်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။

Categories: Ethnic, Gas and Oil, Party, RNDP
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters