Home > Ethnic Armed Groups, KIO (KIA) > အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

Monday, 14 November 2011 15:59 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု လွယ်ဟို စေတောင်ရှိ အစိုးရ၏ မြေအောက်လှိုဏ်ခေါင်း တပ်စ ခန်းအား KIA မှ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး အပါအဝင် အစိုးရတပ်မှ ၅ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း KIA ရှေ့တန်း စစ်ဘက်သတင်းရပ်ကွက် အဆိုအရသိရသည်။

“မနက် ၈ နာရီခွဲလောက်မှာ မိုင်းအရင်ကွဲတယ် ၁၀ နာရီလောက်မှာ တိုက်ပွဲစဖြစ်တယ် ၃ နာရီလောက်ကြာ တယ်။ အစိုးရတပ်ကဗိုလ်မှူးတစ်ဦးအပါ ၅ ဦးသေတယ် ၃ ဦးဒဏ်ရာရတယ်။ KIA ဘက်က အထိအခိုက်မရှိဘူး ” – ဟု သူက ဆိုသည်။

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသော မန့်ဝိန်းကြီးကျေးရွာအုပ်စုကောင်းခါရွာ အနီး လွယ်ဟိုစေတောင် (ကျားခေါင်းတောင်)ကို ထွင်းဖေါက်၍ မြေအောက်လှိုဏ်ခေါင်း ဖေါက်ထားခြင်းဖြစ်ပြီး ၎င်းလှိုဏ် ခေါင်း အတွင်း အစိုးရတပ်များ အခြေချနေထိုင်ကြောင်းဒေသခံတစ်ဦးက ဆိုသည်။

“တောင်ကို လှိုဏ်ခေါင်းဖေါက်ပြီး တပ်စခန်းဆောက်ထားတာ စစ်တပ်လည်းအမြဲတမ်းရှိနေတယ်။ ပြောနေ တာတော့ လက်နက်ခဲယမ်းတွေလည်း သိုလှောင်ထားတယ်ပေါ့။ မန့်ဝိန်းကြီးကနေ ၂ မိုင်လောက်ဝေးတဲ့ ကောင်းခါရွာနားမှာရှိ တယ်” ဟု သူကဆိုသည်။

ယနေ့နံနက်ပိုင်းက အဆိုပါ မန့်ဝိန်းကြီးဘက်သို့ အစိုးရစစ်ကား ၁၅ စီးခန့် နမ့်ခမ်းမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters