Home > Activity, Farmer, Interview > လယ်သမားများ ဥပဒေလုပ်ကိုင်ခွင့်ရကိုယ်စားလှယ် ကိုဖိုးဖြူနှင့် တွေ့ဆုံခြင်း (၁)

လယ်သမားများ ဥပဒေလုပ်ကိုင်ခွင့်ရကိုယ်စားလှယ် ကိုဖိုးဖြူနှင့် တွေ့ဆုံခြင်း (၁)

မေသင်္ကြန်ဟိန်(မြစ်မခ)  by Myit Makha Mediagroup on 11 Nov, 2011

 ကိုဖိုးဖြူနဲ့ တွေ့ဆုံမေးဖို့ အများဆုံးတောင်းဆိုကြတာက ကျမရဲ့ facebook ထဲက မိတ်ဆွေများပဲ ဖြစ်ပါတယ်။ ကိုဖိုးဖြူကို ကျမ အပြင်မှာ တခါမှ မတွေ့ဖူးခဲ့ပါဘူး။ သူ့သတင်းတွေကိုတော့ မီဒီယာတွေကနေ ကြားကြားနေရပါတယ်။ ဧရာဝတီ ၀က်ဆိုက်မှာလည်း ဖတ်ရဖူးလို့ သိနေခဲ့ပါတယ်။

ကိုဖိုးဖြူနဲ့ ဆက်သွယ်ခွင့်ရဖို့ ကျမ ၃ ရက်လောက် ကြိုးစားရပါတယ်။ သူ့ဖုံးနံပတ်အသစ်ပြောင်းလိုက်လို့ ဆက်သွယ်ရ ခက်သွားတာလို့လည်း သိရပါတယ်။ သူက ကျမရဲ့ facebook မိတ်ဆွေစာရင်းထဲမှာ ပါပေမဲ့ ကျမ သတိမပြုခဲ့မိတာပါ။

သူနဲ့ ဖုန်းအဆက်အသွယ်ရတာကတော့ နိုင်ဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာဖြစ်ပါတယ်။ ကိုဖိုးဖြူ ရှိရာ တောင်ဥက္ကလာပက ရှိုင်းလက်ဖက်ရည်ဆိုင်ကို ကျမတို့ ရောက်သွားတဲ့အချိန်မှာ ညနေ ၅နာရီဝန်းကျင်လောက် ရှိနေပါပြီ။

ကတုံးဆံပင်ပေါက်၊ အဖြူနဲ့အပြာစင်း လက်တိုစပို့ရှပ်နဲ့ HUAWEI လက်ကိုင်ဖုန်းကို ကိုင်ပြီး စကားတွေကျယ်ကျယ်နဲ့ပြောနေတဲ့ လူတယောက်က လက်ဖက်ရည်ဆိုင်ထဲကနေ  ကျမကိုလက်ထောင်ပြ ပါတယ်။

ကျမစိတ်ထဲ ဒီလူဟာ ကိုဖိုးဖြူလားလို့ တွေးရင်းရင်း ဖုန်းထဲကို သူပြောနေတဲ့ ဥပဒေဆိုင်ရာ စကားတွေကြောင့် သူပဲလို့ သေချာသွားခဲ့တာပါ။

ကျမတို့ သူထိုင်နေတဲ့ စာပွဲကိုသွားထိုင်ကြတယ်၊ ဖုန်းပြောနေတာကတော့ တော်တော်လေးကြာတယ်၊ ကျမ စိတ်ထင် ၁၀ မိနစ်လောက်ရှိမယ်။

ဖုန်းပြောပြီးတော့ သူကနဲ့ ကျမ တယောက်ကို တယောက်မိတ်ဆက်ကြရပါတယ်။ ကျမကလည်း ကျမရဲ့ facebook ထဲက မိတ်ဆွေများရဲ့ တောင်းဆိုမှုကို ပြောပြပြီး သူ့ကို လာတွေ့ကြောင်း ပြောပါတယ်။

အဲဒီအချိန်မှာ ပြည်ပမီဒီယာတခုက ဖုန်းဝင်လာပါတယ်။ သူ့ကို အင်တာဗျူးပုံပါပဲ။ သူကလည်း ခုဏလိုပဲ မေးသမျှတိုင်းကို အာပေါင်အာရင်းသန်သန်နဲ့ တက်တက်ကြွကြွ ဖြေပါတယ်။

ကျမ သူ့ကို ငေးကြည့်ရင်း အတော်တက်ကြွတဲ့ လူငယ်ပဲ။ ဥပဒေပိုင်းကိုလည်း ကျွမ်းကျင်နိုင်နင်းပုံရတယ်။ ပြောရရင် ဥပေဒဆိုင်ရာ ပုဒ်မတွေ၊ စီရင်ထုံးတွေကို တောက်လျှောက်နှုတ်ကနေ ပြောနိုင်နေတာ စာကြေခဲ့တဲ့ ကျောင်းသားတယောက်လိုပါပဲ။ ဘာပဲပြောပြော သူဖုန်းနဲ့ အင်တာဗျူးဖြေနေတဲ့ ပုံကို ကြည့်ပြီး သူ့ရဲ့ တက်ကြွမှု၊ လေးစားတတ်မှုနဲ့ ကူညီပေးတတ်တဲ့ လူငယ်တယောက်အဖြစ် ကျမ သဘောကျမိပါတယ်။

ကျမ သူ့ကို စမေးမိတာက ကိုဖိုးဖြူဆိုတဲ့ နာမည်နဲ့ပတ်သက်ပြီး စမေးခဲ့ပါတယ်။

မေး။ ကိုဖိုးဖြူရဲ့နာမည်နဲ့ပတ်သက်ပြီး ပြောပေးပါဦး၊နာမည်ရင်းပါပဲလား။

ဖြေ။` အိမ်ခေါ်နံမည်က ကိုဖြူလို့ခေါ်ပါတယ်။ ၁၉၉၇ မှာ ၁၀တန်းအောင်တယ်။ အောင်တဲ့အချိန်တုန်းက ၉၆ မှာကျောင်းသားအရေးခင်းဖြစ်တဲ့အတွက် ၂၀၀၀ ပြည့်နှစ်မှ ကျွန်တော်တက္ကသိုလ်တက်ခွင့်ရခဲ့တယ်။ အဲဒီတုန်းက DSA ကျောင်းတက်တဲ့ စစ်ဘက် အရာတန်း လုပ်မယ့်သူတွေအတွက်ကတော့ ကျောင်းတက်ခွင့်ရပြီးတော့ ကျွန်တော်တို့ ဒီအရပ်သားတွေအတွက်ကတော့ ကျောင်းတက်ခွင့်မရခဲ့ဘူး။ ကျွန်တော်ဟာ အဲအချိန်ကတည်းက ၁၆နှစ် -၁၇ နှစ်အရွယ်ကတည်းက တရားမျှတမူဆိုတာဘာလည်းပေါ့ ညီတူညီမျှခြင်းဆိုတာဘာလည်းပေါ့ ။ အဲလို စဉ်စားခဲ့တယ်။ အခြေခံပညာကျောင်းတက်လို့အောင်တာခြင်း အတူတူ ဘာဖြစ်လို့ငါတို့ရဲ့ပညာရေး နိမ့်ကျပြီးတော့ ဘာဖြစ်လို့နောက်ကျပြီးကျန်ရတာလည်း ကျွန်တော်စဉ်းစားခဲ့တယ်။ အဲမှာကျွန်တော်အလုပ်လုပ်တယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ကုန်သွယ်တဲ့လုပ်ငန်း အကောက်ခွန်လုပ်ငန်း၊ကိုယ်စားလှယ်အေးဂျင့်လုပ်ငန်း  ပေါ့။ အဲဓီလုပ်ငန်းလုပ်ရင်းနဲ့ ကျွန်တော်ကိုယ်ကိုကျွန်တော် ကိုဖြူလို့ မိတ်ဆက်တာကို သူတို့က နံမည်မှားပြီးတော့ ကျွန်တော်ကို ဖိုးဖြူလို့ ခေါ်လာကြတယ်ပေါ့။ နောက် မဟာတန်းပထမနှစ်ကိုရောက်တော့ ကျွန်တော် ကျောင်းစရိတ်ကာမိအောင်လို့ ကျွန်တော်ရဲ့စာတမ်းတွေကိုထုတ်တယ်။ ရေးတယ်။ ရေးတဲ့စာတမ်းကိုပဲ ကွန်ပျူတာစာစီပြီးစာအုပ်ထုတ်တယ် အများသိတဲ့နံမည် ဖိုးဖြူဆိုတဲ့နံမည်နဲ့ပေါ့ ရောင်းကောင်းတယ်။ ကျွန်တော်အဲဒီစာတမ်းထုတ်လိုက်လို့ အဲဒီနံမည်တွင်သွားတာပါ`လို့ ကိုဖိုးဖြူက ပေါ့ပေါ့ပါးပါးဟန်နဲ့ ပြုံးပြီး ဖြေပေးခဲ့ပါတယ်။

စကားပြောရင် အာဘောင်အာရင်းသန်သန်နဲ့ပြောတတ်တဲ့အပြင် ပြည့်ပြည့်စုံစုံဖြစ်အောင် ပြောတတ်တဲ့အတွက် ကိုဖိုးဖြူဟာ တရားခွင်မှာ လျှောက်လဲချက်ပေးရင်လည်း ကိုဖိုးဖြူကို ငှားတဲ့သူတွေ စိတ်တိုင်းကျစေမဲ့ ရှေ့နေမျိုးပဲလို့ ကျမ သုံးသပ်လိုက်မိတယ်။

ကိုဖိုးဖြူဟာ ဥပဒေကျောင်းသားဘ၀ကတည်းက ကိုယ်ပိုင်စီရင်ထုံးတွေ ကျမ်းတွေ ရေးသားပြုစုခဲ့တယ်လို့သိရပါတယ်။ စာတော်ပြီး လူချစ်လူခင်များတဲ့ ကျောင်းသားတယောက်အနေနဲ့ ဒဂုံတက္ကသိုလ်မှာ ကျင်လည်ခဲ့ပါတယ်။ သူ့မွေးရပ်ဇာတိကလည်း ရန်ကုန်က ဖြစ်ပါတယ်။ ကျမကတော့ သူ့ကို ရန်ကုန်သားနဲ့လည်း မတူဘူးလို့ ဝေဖန်တော့ သူက ရယ်ပြီး `ကျနော်က တော်သားပုံပေါက်နေလို့လား`လို့ ပြန်မေးတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူက တကယ်ပဲ အညာသာပုံးမျိုးပါ။ ဆက်ပြီးတော့ တော့ ကိုဖိုးဖြူက သူ့ရဲ့ ကျောင်းသားဘ၀နဲ့ပတ်သက်ပြီး ဆက်ပြောခဲ့ပါတယ်။

`ကျနော် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ ထိကို အဝေးသင်တက္ကသိုလ် ဒဂုံဌာခွဲမှာ တက်ခဲ့တယ်။ ၂၀၀၄ ကနေ ၂၀၀၆ထိကို မဟာဥပဒေ ပထမနှစ်အထိ ကျွန်တော်တက်ခဲ့တယ်။ကျွန်တော်ရဲ့ ပထမဦးဆုံးနိုင်ငံသား အခွင့်ရေးဆိုင်ရာဥပဒေကျမ်း ပြစ်မူကျင့်ထုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းကျောရိုး ဆိုတဲ့ အဲဒီကျမ်းကိုရေးခဲ့တယ်။ ရေးတော့ လူတစ်ယောက်ဟာစတင်ပြီးတော့ လက်ထိပ်ခတ် ဖမ်းဆီးခံရတဲ့အချိန်က စပြီးတော့ နောက်ဆုံးတရားခွင်ပေါ်ရောက်တဲ့အထိ တဆင့်ချင်းဆီရနေတဲ့အခွင့်ရေးတွေ တရားခွင်ပေါ်ရောက်ပြန်တော့လည်း အဲဒီနိုင်ငံသားတစ်ယောက်ဟာ သူရနေမယ့် အမိန့်မချခင်အထိသူရနေမယ့် အခွင့်အရေးတွေ အမိန့်ချပြီးပြန်တော့လည်း သူအကျဉ်းထောင်ရောက်သွားတဲ့အခါမှာ သူဆက်ရနေမယ့် အကျဉ်းထောင်ထဲက သူရဲ့အခွင့်ရေးတွေပေါ့ အဲဒါကိုကျွန်တော်က ကွင်းဆက်ပုံဆန်မျိုးနဲ့ရေးတာပေါ့။ ကျောင်းပြီးတော့လည်း ကျနော်က ဥပဒေနဲ့ပတ်သက်ပြီး သိဖို့တတ်ဖို့လိုတဲ့အတွက်အမူလိုက်တယ် `လို့ ပြောပြီး ကိုဖိုးဖြူက ခဏနားတယ်။

အဲဒီအချိန်မှာ ဖုန်းလာလို့ ဖုံးပြန်ဖြေတယ်။ ပြီးတော့ ဆက်ပြောပါတယ်။

`ကျနော် အမူလိုက်တဲ့အခါမှာ အမူများများစားစားနဲ့ ပြသာနာရပ်တွေများများစားစားကိုသိရဖို့အတွက် ကျွန်တော်နွမ်းပါးတဲ့ အမူသည်တွေ ဒုက္ခရောက်နေတဲ့ ရှေ့နေ မငှားနိုင်တဲ့ အမူသည်တွေကို ကျနော် လိုက်ပေးတယ်။ တရားစီရင်ရေးရဲ့အခြေအနေ တရားစီရင်ရေးမှာဖြစ်ပေါ်နေတဲ့ ဥပဒေတိုင်းမဖြစ်တဲ့ ဘ၀တွေကို ကျွန်တော်ပိုမိုထိတွေလာ ပိုမိုမြင်တွေ့လာ သိရှိလာ ခံစားလာရတယ် အဲဒေါ့ ကျွန်တော့ကျမ်းကတစ်ခြား တရားခွင်တွေရဲ့ ဆောင်ရွက်နေတာတွေက တစ်မျိုးဆိုတာ ကျွန်တော်သိရှိထားတဲ့ ပြုစုထားတဲ့ ဥပဒေဆိုထားတာတွေနဲ့ လက်တွေ့ကျင့်သုံးနေတဲ့ ပြည်သူတွေ တကယ်မခံစားရတာက တစ်လွဲ အဲလိုတွေဖြစ်နေတယ်`

စာအုပ်ထဲက ဥပဒေနဲ့ တကယ့်ဥပဒေလောကမှာ စီရင်နေတာတွေအပေါ်မှာ စိတ်ညစ်နေဟန်နဲ့ကိုဖိုးဖြူက ခုလို ဆက်ပြောပါတယ်။

` အဲတော့ ကျွန်တော့ဘက်မှာ ဘယ်လိုခံယူချက်ဖြစ်လာလည်းဆိုတော့ ပညာသည်ရဲ့ ခံယူချက်တစ်မျိုးကို မြင်လာတယ်။  ဒါဆိုရင်ကျွန်တော်သိချင်လာတာတစ်ခုက ကျွန်တော့်ဘက်ကထုတ်တဲ့မေးခွန်းတစ်ခုက ဒါပဲ။ ပညာတတ်တွေဆိုတဲ့ လူတွေ ကြောင်းကျိုးသုံးသပ်ပြတာ ကောင်းဆိုး သုံးသပ်ပြတာ ကောင်းကျိုးနဲ့ပတ်သက်တဲ့ဆက်နွယ်ချက်တွေ သုံးသပ်ပြတာတော့ အလွန်ကောင်းပါတယ်။ သို့သော် ပညာရပ်ကပြောတဲ့ ကောင်းခြင်းမင်္ဂလာတွေ လူ့ဘုံလူ့နန်း လူလောကထဲမှာပေါ်ပေါက်လာဖို့အတွက် တော့ ဒီလူတွေ တာဝန်မယူတတ်ကြဘူးလို့  ကျွန်တော်ဒီလိုတွေမြင်လာတယ် `လို့ ကိုဖိုးဖြူက ပြောတယ်။

ပြီးတော့သူက ဆက်ပြောပါတယ်။

` တာဝန်ယူချင်တဲ့ စိတ်ကဘယ်ကလာလည်းဆိုရင် တက်ကြွတဲ့စိတ်ကလာတယ် တက်ကြွတဲ့စိတ်က ဘယ်ကလာလည်းဆိုရင် စိတ်စေတနာကလာတယ်လို့ ကျွန်တော်ဒီလိုပဲမြင်တယ်`လို့ ဒီနေကနေ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ပတ်သက်ပြီး သူမြင်တာတွေကို ပွင့်ပွင့်လင်းလင်းပြောနေတယ်။

ကိုဖိုးဖြူဟာ ၂၀၀၆ ခုနှစ်ကစပြီး နိမ့်ပါးတဲ့သူတွေ၊ ရှေ့နေမငှားနိုင်တဲ့ အမှုသည်တွေကို ပေးသလောက်ပဲ ယူပြီး ရှေ့နေလိုက်ပေးခဲ့တယ်။ သူ့ရဲ့ ရှေ့နေဘ၀မှာ သူအများဆုံး လိုက်ပေးခဲ့ရတဲ့ အမှုတွေကတော့ လူသတ်မှု၊ မုဒိန်းမှု၊ ဓါးမြမှု၊ လူကုန်ကူးမှု၊ မှားယွင်းစွာစွတ်စွဲခံရမှုတွေ ဖြစ်တယ်လို့ သိရ့ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ သူဟာ လမ်းလျှောက်တဲ့ သံယာတော်တွေကို ရေသန့်ဗူးကပ်လှူဖို့ ပြည်သူလူထုကို ဆော်သြတဲ့အတွက်  အဖမ်းခံခဲ့ရ့ပါတယ်။

`ကျနော်ဖမ်းခံရတာက ဒီလို ကျနော်က သံင်္ယာတွေ စီတန်းလှည့်လည်ပြီး လမ်းလျှောက်ကြတော့ သူတို့ ရှေ့ကနေ ကြိုသွားပြီး စတိုးဆိုင်တွေထဲကို ၀င်ပြီး သံယာင်္တွေ မေတ္တာပို့လမ်းလျှောက်လာကြတယ်၊ ရေသန့်ဘူးများ ကပ်လှူနိုင်တယ်လို့ လိုက်လိုက်ပြီါ်ပြောတယ်။ လူတွေကလည်း ရေသန့်ဘူးတွေ ကပ်လှူကြတယ်၊ ကျနော်က နေ့တိုင်း အဲဒီလိုလုပ်တယ်၊  နောက်တော့ သံင်္ယာ့အရေးအခင်းမှာ ပါတဲ့သူတွေကို လိုက်ဖမ်းတော့ ကျနော့်ကိုလည်း ကျနော့် ရုံးခန်းမှာပဲ လာဖမ်းသွားတယ်`လို့ သူက ပြောပြတယ်။

သူပြောပုံက အဖမ်းခံရတာကိုပဲ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောနေပုံရပါတယ်။ ပြီးတော့ သူ့လုပ်ရပ်တွေအတွက်လည်း သူက ဂုဏ်ယူစွာပြောပြတတ်တဲ့အတွက် ကျမအနေနဲ့ သူလို လူငယ်ဥပဒေ ပညာရှင်တယောက်ကိုတွေ့ရတာ တော်တော်လေး ကျေနပ်သွားမိပါတယ်။ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက်တကယ်ကို အားကိုးရမဲ့ ဥပဒေပညာရှင်မျိုးပါပဲ။

ရှေ့တပိုင်းကို ဆက်လျက်ဖော်ပြပေးပါမယ်။

Advertisements
Categories: Activity, Farmer, Interview
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters