Home > DASSK, Inside, NLD, Oppositon > ဒီမိုကရေစီ လမ်းကြောင်းတွင် တပ်မတော်နှင့် ပြည်သူ လက်မတွဲနိုင်စရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ဒီမိုကရေစီ လမ်းကြောင်းတွင် တပ်မတော်နှင့် ပြည်သူ လက်မတွဲနိုင်စရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

Monday, 14 November 2011Written by The Voice Weekly

dassk_nov_14ရန်ကုန် နိုဝင်ဘာ ၁၄

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအကျိုးအတွက် ဒီမိုကရေစီ လမ်းကြောင်းတွင် တပ်မတော်နှင့် ပြည်သူ လက်မတွဲနိုင်စရာ အကြောင်းမရှိ ကြောင်း NLD ရုံးချုပ်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် သူက The Voice Weekly ၏ မေးမြန်းချက်ကို ပြန်လည် ဖြေဆိုသွားသည်။

The Voice Weekly ၏ အကြီးတန်း သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ယခုကဲ့သို့ ဒီမိုကရေစီ အရေးသို့ ပြုပြင်ပြောင်းလဲ နေသော အချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်သားများကို မည်သို့သော သတင်းစကား ပါးလိုပါသနည်းဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားများသည် ပြည်သူများပင် ဖြစ်ပြီး အားလုံး လက်တွဲ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

” တပ်မတော် ဆိုတာလည်း ပြည်သူတွေ ပါပဲ။ အားလုံးက ပြည်သူ အချင်းချင်း ဒီနိုင်ငံရဲ့ ကောင်းကျိုး အတွက် ဘာလို့ လက်တွဲ မလုပ်နိုင်ရမှာလဲ။ လုပ်နိုင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

The Voice Weekly က သတင်းစာ ရှင်းလင်းပွဲ အစတွင် ပထမဦးဆုံး အနေနှင့် နိုင်ငံရေး အကျဉ်းသားများ အရေအတွက်မှာ ၂၀၀ဝ ရှိသည်ဟု ပြည်ပ အဖွဲ့အစည်းများက ပြောဆိုနေသော်လည်း အစိုးရ၊ လူ့အခွင့်အရေး ကော်မရှင်ကမူ ၅၀ဝ ဝန်းကျင်သာ ရှိသည်ဟု ပြောဆိုနေကြောင်း၊ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးသည်ဟု ဆိုပြီး အကျဉ်းသား ၅၀ဝ လောက်သာ လွှတ်ပေးပြီး ကျန်ရှိ အကျဉ်းသားများ လွှတ်မပေးလျှင် NLD မှတ်ပုံတင်မည့် ကိစ္စအပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိနိုင်ပါသနည်းဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားများ အားလုံး မလွတ်မမြောက် မချင်း လွှတ်ပေးရမည် တောင်းဆိုမည် ဖြစ်ကြောင်း ဖြေကြားသည်။

” NLD က ပြုစုထားတဲ့ စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၅၉၁ ဦး ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၀၀ဝ လောက် ရှိတယ် ဆိုတာလည်း မှန်တယ်။ တကယ် စုံစမ်းတော့ အဲဒီစာရင်းတွေထဲမှာ ပါတဲ့ အချို့ အကျဉ်းသားတွေက လွတ်သွားတာ ကြာပြီလို့ သိရပါတယ်။ အကျဉ်းသား အရေအတွက် တိတိကျကျ မစုံစမ်းနိုင် သေးဘူး။ လောလောဆယ် ၅၉၁ ဦးက အကျဉ်းထောင်တွေထဲမှာ သေသေချာချာ ရှိသေးတယ် ဆိုတာကိုတော့ တိတိကျကျ သိရပါတယ်။ အစိုးရ စာရင်းနဲ့ ကျမတို့ စာရင်း နှစ်ရာလောက် ကွာနေပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ လမ်းကြောင်းသည် အားလုံး ယုံကြည်လက်ခံ နိုင်လောက်သော အခြေအနေသို့ မရောက်ရှိ သေးကြောင်း၊ ဥပဒေစိုးမိုးရေး၊ သန့်ရှင်းလွတ်လပ်သော တရားမဏ္ဍိုင်ရှိရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

NLD ပါတီ မှတ်ပုံတင်မည့် အရေးကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင် ဆုံးဖြတ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီး ဦးသိန်းစိန်သည် အပြောင်းအလဲ လိုလားသောသူ တစ်ဦးအဖြစ် မိမိ ယုံကြည်ပါကြောင်း ၎င်းက ထပ်လောင်း ရှင်းလင်းသည်။

မိမိ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့် တစ်နှစ်ပြည့်လာသည့် အချိန်တွင် ဒီမိုကရေစီ ကွန်ယက် အောင်အောင်မြင်မြင် ဖြစ်လာပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဥပဒေပြုရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ပြောင်မြောက်စွာ ပေးစွမ်းနိုင်လာပြီ ဖြစ်ကြောင်း ရှင်းပြသည်။

Categories: DASSK, Inside, NLD, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters