Home > Government, Inside, Oppositon, Prisoners > နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖွယ်ရှိ

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖွယ်ရှိ

2011-11-13 (RFA)

မနက်ဖြန် တနင်္လာနေ့မှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတွေက ပြောဆိုကြောင်း အေအက်ဖ်ပီ၊ အေပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြကြပါတယ်။

RFA

သမ္မတ ဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား အရေအတွက် နဲပါးနေသည့်အပေါ် ဖော်ပြထားသော ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်ထုတ် The Wall Street Journal သတင်းစာ ဖြစ်ပါသည်။

ရန်ကုန်မြို့အပြင်ဘက် နယ်ဝေးထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တချို့ကို လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး အမှန်တကယ် ပေါ်ပေါက်လာဖို့ ဆိုရင် အစိုးရအနေနဲ့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို တကြိမ်တည်းနဲ့ အပြီး လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မသက်သက်အောင်ရဲ့ မိခင် ဒေါ်စုစုကြည်ကတော့… သမ္မတဦးသိန်းစိန် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဓားစားခံလို မလုပ်ဘဲ အားလုံး လွှတ်ပေးမယ်ဆိုရင် အလွန် ဝမ်းမြောက်မိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ အစိုးရထုတ် သတင်းစာတွေမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေ နိုင်ငံတော်သမ္မတကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တင်ပြထားတဲ့ မေတ္တာရပ်ခံစာကို ဖော်ပြထားပါတယ်။

အရင်တကြိမ်ကလည်း လူ့အခွင့်အရေးကော်မရှင်ရဲ့ အခုလို မေတ္တာရပ်ခံစာ ထွက်ပေါ်လာပြီး နောက်တရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ အဲဒါကြောင့် အခု ထွက်ပေါ်လာတဲ့ မေတ္တာရပ်ခံစာအပေါ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေက မျှော်လင့်နေကြပါတယ်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters