Home > ADB, International, Other Organization > စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပါက ADB အကူအညီ ပြန်ပေးမည် ဟုဆို

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပါက ADB အကူအညီ ပြန်ပေးမည် ဟုဆို

Sunday, 13 November 2011Written by The Voice Weekly

ရန်ကုန်၊ နိုဝင်ဘာ ၉

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းသွားပါက အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီများ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ADB ဌာနေ ရုံးခွဲမှ Principal Economist ဖြစ်သူ Alfredo Perdiguero က ပြောကြားသည်။

ရန်ကုန် မြို့တော်တွင် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့တို့၌ ပြုလုပ်ခဲ့သော ‘စီးပွားရေး တိုးတက်မှုနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အတွက် အထောက်အကူ ဖြစ်စေမည့် ငွေရေးကြေးရေး၏ အခန်းကဏ္ဍ’ အလုပ်ရုံ ဆွေးနွေးပွဲ၌ The Voice Weekly နှင့် သီးခြား တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုပါသေးတယ် ” ဟု မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် ADB ပြန်လည် အကူအညီ ပေးနိုင်ခြင်း ရှိ၊ မရှိ ပတ်သက်၍ မေးမြန်းရာ ၎င်းက ပြန်လည် ပြောဆိုသည်။

မြန်မာအစိုးရ အဆင့်မြင့် တာဝန်ရှိသူများ အနေနှင့် ကြီးမားသော နိုင်ငံရေး (ပြုပြင်ပြောင်းလဲမှု) ဆိုင်ရာ ကတိကဝတ်များ ပြုလုပ်ပါက ကူညီရန် အသင့်ရှိကြောင်း Alfredo Perdiguero က ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံသည် ADB ကို ၁၉၇၄ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ် ကတည်းက တိုက်ရိုက် ပေးအပ်သော အကူအညီများ ရပ်ဆိုင်းခဲ့သည်။

” စောင့်လာတာကြာပြီ ” ဟု ADB နှင့် သက်ဆိုင်သော လုပ်ငန်းများ အကောင်အထည် ဖော်ခဲ့သူ မြန်မာအစိုးရ အရာရှိ တစ်ဦးက ပြောကြားသည်။

ADB နှင့် ကမ္ဘာ့ဘဏ်တို့သည် ၁၉၈၈ မတိုင်မီက ဆေးရုံတည်ဆောက်သည့် လုပ်ငန်းများ၊ ဆည်မြောင်း စီမံကိန်းများ၊ သစ်တော စီမံကိန်းများ၊ ပညာရေးဆိုင်ရာ ထောက်ပံ့ပေးသည့် စီမံကိန်းများနှင့် မြန်မာ့ စီးပွားရေးဘဏ်ကို အကူအညီ ပေးခြင်းတို့ အပါအဝင် စီမံကိန်းပေါင်း ၃၀ ကျော်တွင် အကူအညီ ပေးခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို စောင့်ကြည့် နေပြီး သင့်တော်သော အချိန်တွင် မြန်မာ နိုင်ငံအတွက် လုပ်ဆောင်ချက် နည်းဗျူဟာ အသစ်များ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ADB ၏တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ တစ်ခုဖြစ်သော အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်တွင် လည်းကောင်း၊ ဥရောပသမဂ္ဂက ၁၉၉၆ ခုနှစ်တွင် လည်းကောင်း စတင်၍ နိုင်ငံရေးနှင့် စီးပွားရေဆိုင်ရာ ပိတ်ဆို့မှုများ အသီးသီး ပြုလုပ်ခဲ့သည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters