Home > Legislature, President, Pyidaungsu Hluttaw > နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Sat, Nov 5, 2011 The Hot News

(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁)

၁၃၇၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်

(၂၀၁၁ ခုနှစ်၊နိုဝင်ဘာလ ၄ ရက်)

 

ပြည်ထောင်စု လွှတ်တော်သည် အောက်ပါဥပဒေကို ပြဌာန်းလိုက်သည်။

၁။ ဤဥပဒေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည် –

(ဂ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး

၃။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(င)ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ (စ) ကို ပုဒ်မခွဲ(င)၊ ပုဒ်မခွဲ(ဆ)ကို ပုဒ်မခွဲ (စ)၊ ပုဒ်မခွဲ(ဇ)ကို ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲ(ဈ)ကို ပုဒ်မခွဲ(ဇ)အဖြစ် သတ်မှတ်ရမည်။

၎။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပုဒ်မ ၁၂(က)(၁)တွင် အောက်ပါရှင်းလင်းချက်ကို ဖြည့်စွက်ရမည် —-

ရှင်းလင်းချက် ။         ။ လွှတ်တော်သက်တမ်း တစ်ရပ်စီအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်ပိုင်းတွင် မှတ်ပုံတင်ခွင့်ရရှိသော ပါတီသည် ယင်းလွှတ်တော်သက်တမ်းအတွင်း ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ၊ မဲဆန္ဒနယ်သုံးနယ်ထက်မနည်း ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲများတွင် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ ယင်းသို့ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုခြင်း သည် ဤပြဌာန်းချက်နှင့် အကျုံးဝင်စေရမည်။

——————————-

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters