Home > Activity, People, Public > ဗန်းမော်မှာ ရှားရှားပါးပါး စာပေဟောပြောပွဲ ပြုလုပ်

ဗန်းမော်မှာ ရှားရှားပါးပါး စာပေဟောပြောပွဲ ပြုလုပ်

Published on November 11, 2011 by ဒီဗွီဘီ  ·

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ​ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ဗန်းမော်မြို့ မြောက်ဘက်၊ ရွှေကျီးနားဘုရားဝင်းအတွင်းရှိ တံခွန်တိုင်​ ကျောင်းတိုက်မှာ ဒီကနေ့ မနက်ပိုင်းက  ပြုလုပ်ခဲ့ပါတယ်။

စာရေးဆရာမ ရွှေကူမေနှင်း၊ စာရေးဆရာ သုဝဏ်ဏကျော်စိန်နဲ့ ကိုရွှေအောင်သင်းတို့က ဟောပြောခဲ့တာလို့ စာပေဟောပြောပွဲ တက်ရောက်ခဲ့သူ ဗန်းမော်​ ဒေသခံတဦးက ပြောပါတယ်။

“ရွှေကူမေနှင်းက စာကြည့်တိုက် ခေါင်းစဉ်နဲ့ ဟောပြောတယ်။ သုဝဏ်ဏကျော်စိန်က စာဖတ်ကြပါဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောတယ်၊ ကိုရွှေအောင်သင်းက စာမတတ်သူ ပပျောက်ရေးဆိုပြီး ဟောတယ်။ ဒါပေမယ့်လို့ ကိုရွှေအောင်သင်းကတော့ ဧရာဝတီမြစ်နဲ့ ပတ်သက်တာ တော်တော် တွယ်သွားတယ်။ ကိုရွှေအောင်သင်းက ​တော်တော်လေး​ ​ကောင်းတယ်၊ ဆွဲဆောင် အားလည်း ကောင်းတယ်။ နောက်တခုက ဦးသိန်းစိန်နဲ့​ ​ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ဟာ ပန်းတိုင်ကိုသွားဖို့ ပြည်သူလူထုဟာ လိုက်ပါဖို့၊ မကြောက်ဖို့၊ လွတ်လပ်စွာ ဟောပြောခွင့်ရှိတဲ့​ ​အကြောင်းကို​ ​ဟောသွားတယ်။ တော်တော် ကောင်းပါတယ်။”

ကေအိုင်အေ​ (ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ မြန်မာစစ်တပ်တွေအကြား တိုက်ပွဲတွေ​ ​ဖြစ်နေလို့ နယ်မြေအေးချမ်းမှု မရှိသေးတာကြောင့် ညမထွက်ရ အမိန့်တွေ ထုတ်ထားတဲ့ ဗန်းမော်မြို့မှာ အခုလို စာပေဟောပြောပွဲကို နေ့ဘက်မှာ  ပြုလုပ်ခဲ့တာပါ။

စာပေဟောပြောပွဲကို ဗန်းမော်မြို့မှာ ၁၉၉၀ ခုနှစ် နောက်ပိုင်းကတည်း မကျင်းပတော့တာဖြစ်ပြီး အခုကျင်းပရာမှာလည်း မြို့စွန်ဘက် တံခွန်တိုင် ကျေးရွာမှာ ကျင်းပတဲ့အတွက် စာပေ၀ါနာရှင်တွေနဲ့ ကျောင်းသူကျောင်းသား ၆၀၀ လောက်သာ လာရောက်တယ်လို့ ပြောပါတယ်။

“နေရာက မြို့မြောက်ဘက်က ဆင်ခြေဖုံးကိုဗျ။ တပ်ကိုဖြတ်မယ့် ဂိတ်တွေက ရှိတယ်။ ၅ နာရီခွဲဆို ဂိတ်တွေ ပိတ်ပြီ။ နေ့မှာဟောတော့ လူနည်းနည်း နည်းတာပေါ့။ ညဆို ပိုကောင်းလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဘက်ကလည်း ဒီကိုလာလို့မရ၊ ဒီဘက်ကလည်း ဟိုကိုသွားလို့မရ ပြန်တဲ့အခါ အခက်အခဲရှိတော့ နေ့ပွဲကို လုပ်လိုက်တာ။ ​နေရာ​ အခက်အခဲကြောင့် တံခွန်တိုင်မှာ လာလုပ်တာပေါ့။ မြို့ပေါ်က နေရာ မရဘူး။”

မြို့ပေါ်ရှိ အစိုးရနဲ့ဆိုင်တဲ့ အဆောက်အဦတွေကို အသုံးပြုခွင့်မရတာကြောင့် ကိုယ်တိုင်လည်း စာရေးဆရာဖြစ်တဲ့ မင်းလှဆရာတော်က သူ့ရဲ့ကျောင်းတိုက်မှာ လက်ခံကျင်းပခဲ့တာပါ။

Categories: Activity, People, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters