Home > CNP, Party, State or Region Hluttaws > လက်ဝါးကပ်တိုင်ကိစ္စ ဖြေရှင်းပေးဖို့ သမ္မတထံ စာပို့

လက်ဝါးကပ်တိုင်ကိစ္စ ဖြေရှင်းပေးဖို့ သမ္မတထံ စာပို့

2011-11-11 (RFA)

ချင်းပြည်နယ်မှာ ခရစ်ယာန် လက်ဝါးကပ်တိုင်တွေကို မီးရှို့ခုတ်လှဲ ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်း ဖြေရှင်းပေးဖို့ နိုဝင်ဘာ ၉ ရက်က ချင်းအမျိုးသား ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်း လက်မှတ် ရေးထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ တိုင်ကြားလိုက်ကြ ပါတယ်။

CHROချင်းပြည်နယ်မှာ ခရစ်ယာန် လက်ဝါးကပ်တိုင် စိုက်ထူနေပုံ ဖြစ်ပါသည်။ ခရစ်ယာန်အများစု ဖြစ်သော ချင်းပြည်နယ်တွင် တိုင်းရင်းသားများ၏ ခရစ်ယာန် လက်ဝါးကပ်တိုင်များကို အစိုးရတပ်များနှင့် အာဏာပိုင်များက မီးရှို့ခုတ်လှဲ ဖျက်ဆီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ (Photo courtesy of CHRO)

ကန်ပက်လက် မြို့နယ် မုန်းချောင်း တံတား တဝိုက်မှာ စိုက်ထူထားတဲ့ ခရစ်ယာန် လက်ဝါးကပ်တိုင် တွေကို မီးရှို့ ဖျက်ဆီး ခုတ်လှဲခဲ့တာကြောင့် ဒေသခံ ခရစ်ယာန် ဘာသာဝင်တွေ မကျေမနပ် ဖြစ်ခဲ့ကြတာကို ဒေသခံ အာဏာပိုင်တွေက စုံစမ်း ဖြေရှင်းပေးခြင်း မရှိတာကြောင့် အခုလို တိုင်ကြားလိုက်တာပါ။ ချင်းပြည်နယ်မှာ ခရစ်ယာန် ဘာသာဝင်တွေ ဘာသာရေးနဲ့ ပတ်သက်လို့ အချိုးအနှိမ် အခံရဆုံးလို့ ချင်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ပူးဇိုဇန်က အာရ်အက်ဖ်အေကို ပြောပါတယ်။ ဒီအတောအတွင်း ခရစ်ယာန် လက်ဝါးကပ်တိုင် အဖြိုချခံရတဲ့ ကိစ္စ ဖြေရှင်းပေးဖို့ ကန်ပက်လက် ဒေသခံ ၁၀၀၀ လောက် လက်မှတ် ရေးထိုးထားတဲ့ စာကို နိုင်ငံတော် သမ္မတထံ လာမယ့် ရက်ပိုင်းအတွင်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသား ပါတီ ဥက္ကဌ ပူးဇိုဇန်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

——————————

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက လက်ဝါးကားတိုင်ဖျက်ဆီးသူ အရေးယူပေးရေး တိုင်ချက်ဖွင့်

November 11th, 2011 | Khonumthung News Group

ချင်းပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ကန်ပက်လက်မြို့နယ် မုန်းချောင်း တံတား အနောက်ဖက် နှင့် အရှေ့ဖက်အရပ်တွင် စိုက်ထူထား သော ခရစ်ယာန်လက်ဝါးကားတိုင်ဖျက်ဆီး သရော်မှုကို အရေးယူ ပေးရန် ၉၊ ၁၁၊ ၂၀၁၁ ရက်စွဲပါ စာဖြင့် နိုင်ငံတော်သမ္မတထံ တိုင်ကြားခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကျင်းပသည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး ဆုံး ဖြတ်ပြီး တိုင်ကြားခြင်းဖြစ်သည်။

အဆိုပါ လက်ဝါးကားတိုင်ကို ဒေသခံ ခရစ်ယာန်ဘာသာဝင်များမှ လွန်ခဲ့သည် ၂ နှစ်ခန့်က စိုက်ထူ ထား ကြခြင်းဖြစ်ပြီး ဒေသခံ ကျင်ဒွေးရွာသား တချို့ က ၂၈၊ ၇၊၂၀၁၁ ရက်နေ့တွင် ကားတိုင်ကို  မီးရှို့ ခုတ်လှဲသည့် အပြင် လက်ဝါးကားတိုင်ပေါ်တွင် မိန်းမ အင်္ဂါ ရုပ်ကို ထွင်းခဲ့ကြောင်း သိရသည်။

“ အဲဒါ ခရစ်ယာန်ဘာသာရေးကို သက်သက်စော်ကားတာဖြစ်တယ်၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ ဆော်ခြင်းဖြစ်တယ်”  ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်ဒေသခံများသည် ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် နတ်ဘာသာများကို အဓိက ကိုးကွယ်ကြကြောင်း ဒေသခံများအဆိုအရ သိရသည်။

အဆိုပါ လက်ဝါးကားတိုင်ဖျက်ဆီးမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၊ ၃၅၄(ယ)၊ ၃၆၄ပါ ပြဌာန်းချက် နှင့် ညိစွန်းသဖြင့် စုံစမ်းဖေါ်ထုတ်မူပြုလုပ်ပေးပြီး အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားခြင်းဖြစ်သည်။

တိုင်ကြားစာတွင် လက်မှတ်ရေးထိုးသူများမှာ (၁) ဦး ဟုန်းငိုင် ၊ (၂) ဦး ဇိုဇမ်း (၃) ဦး ရိုဘင်    (၄) ဦး နိုဆွန်း (၅) ဦး လာလ်မောင်ကျုံး  (၆) ဦး ချန်ပုမ် (၇) ဦး ရမ်မန်း (၈) ဦး ကီးထန်လွန် (၉) ဦး ကွီထန် (၁၀) ဦး နထန်း (၁၁) ဦး နန်းဆိုက် (၁၂) ဦး ကျော်ငြိမ်း (၁၃) ဦး အုန်းလွင်
(၁၄) ဦး ဟောက်ခင်ခမ် (၁၅) ဦး ကျင်လျန်ပေါင် (၁၆) ) ဦး နန်ဇမုန် (၁ရ) ဦး ဗန်ကျင် (၁၈) ဦး နိန်နိုင်းတို့ဖြစ်ကြသည်။

လုပ်ထုံးလုပ်နည်းအရ မိတ္တူကို- နာယက၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။ က္ကဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်။ဥက္ကဌ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်။ ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာန၊ နေပြည်တော်။ဝန်ကြီးချုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဟားခါးမြို့။ပြည်နယ်လူမှုရေးဝန်ကြီး၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ဟားခါးမြို့။ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးအား ပေးပို့ထားသည်ဟု ထပ်မံ သိရသည်။

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters