Home > Ethnic Armed Groups, RCSS/SSA > မြန်မာအစိုးရအား သတိထားဆက်ဆံရန် RCSS/SSA အား အခြားအပစ်ရပ်များတိုက်တွန်း

မြန်မာအစိုးရအား သတိထားဆက်ဆံရန် RCSS/SSA အား အခြားအပစ်ရပ်များတိုက်တွန်း

Thursday, 10 November 2011 15:51 သျှမ်းသံတော်ဆင့်

မြန်မာအစိုးရ နှင့် ဆွေးနွေးရန် ပြင်ဆင်နေသည့် လက်နက်ကိုင်တိုက်ခိုက်ဆဲ သျှမ်းပြည်တောင်ပိုင်း တပ်မတော်ဟု လူသိများသော RCSS/SSA အား အစိုးရနှင့် ဆက်ဆံရာ၌သိသင့်သိထိုက်သည့်အချက် အလက်များကို အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ပြောဆိုသတိပေးလိုက်သည်။

“အစားဆိုရင်တော့ ဟင်းတခွက်ကိုအတူစားကြတဲ့ခါကျတော့ ပြဿနာမရှိဘူး။ ဆေးခတ်ရင်လဲ သူရော ကိုယ်ရော သေ မယ်လေ။ အသောက်က ပိုအရေးကြီးတယ်။ ကိုယ့်ခွက်နဲ့ကိုယ်ဆိုတော့ ဆေးခတ်ခဲ့ရင်ကိုယ်ဘဲ ခံရမယ်” ဟု အစိုးရ ကိုယ်စား လှယ် နှင့် ပဏာမအဆင့်ဆွေးနွေးခဲ့ပြီးသော အဆိုပါလက်နက်ကိုင် အဖွဲ့မှ ခေါင်းဆောင်က ပြောသည်။

မြန်မာအစိုးရသစ်နှင့် မကြာမှီ ပဏာမအဆင့်ဆွေးနွေးတော့မည့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ကိုယ်စားလှယ် များ သတိထားရမည့်အချက်များအား အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြရာမှာ – ၁။ မြန်မာအစိုးရသည် ဆက်ဆံရေး၌ အထက်မှနေ၍ နိုင်ထက်စီးနင်း ပြောဆိုဆက်ဆံတတ်ခြင်း။ ၂။ ပျော်ပွဲရွှင်ပွဲများဖြင့် ဆွဲဆောင် တတ်ခြင်း။ ၃။ စီးပွါးရေး(လုပ်ပိုင်ခွင့်) များဖြင့် မက်လုံးပေးမြူဆွယ်ခြင်း။ ၄။ အစားအသောက်ထဲ ဆေးခတ်ခြင်း – စသည့်နည်းလမ်း များကို ၎င်းတို့အသုံးပြုလေ့ရှိသဖြင့် အထူးသတိထား ရမည်ဖြစ်ကြောင်း ပြောပါသည်။

“သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့က တခါမှအပစ်အခတ်မရပ်ဖူးဘူး ဆိုတော့ သူတို့မှာ ကျနော်တို့လို အတွေ့ အကြုံ မရှိဘူး။ ကျနော်တို့တိုင်းရင်းသားတွေက အားနာတဲ့စိတ်အရမ်းများတယ်။ အောက်ကြို့ခံ ပေါင်းသင်း တတ်တယ်။ အဲဒါ မြန်မာအရာရှိတွေက အခွင့်ကောင်းယူတတ်တယ်” – ဟု အပစ်ရပ်သွားတဲ့ အရာရှိတဦးက ပြောပါသည်။

“ခုတော့ အရပ်သား အစိုးရသစ်ဖြစ်ပြီဆိုတော့ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးတော့မှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်။ ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား။ အထူးသတိထားမှ တော်ကာကျမယ်လေ” ဟု လည်း အမည်မဖော်လိုသည့်အဆိုပါပုဂ္ဂိုလ်ကပြောသည်။

ဝ ခေါင်းဆောင် ကျောက်ညီလိုင်း၊ ဇော်မိုင်၊ SSNA ခေါင်းဆောင် စဝ်ကဏ်းယွက်တို့ သေဆုံးရခြင်း၊မိုင်းလား ခေါင်းဆောင် ဦးစိုင်းလင်း သေလုနီးနီးအထိ ၂ ကြိမ် ၂ ခါ လေဖြတ်လေဖြန်းရောဂါဖြစ်ရခြင်းတို့မှာ မြန်မာ စစ်တပ်အရာရှိများ၏ပယောဂ မကင်းကြောင်း ကာယကံရှင်၊ အဖွဲ့အစည်းများ၊ တခြားပုဂ္ဂိုလ်များယုံကြည်သကဲ့ သို့ မိမိလည်း ယုံကြည်ကြောင်း၊ အာဏာရ အစိုးသစ်လည်း ထိုကဲ့သို့မလုပ်ဟု မည်သူမျှယုံ၍မရကြောင်း – ၎င်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

လက်ရှိမြန်မာအစိုးရနှင့် ပဏာမ အဆင့်သဘောတူညီချက်ရပြီးသော အဖွဲ့အစည်းများမှာ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နှင့် မိုင်းလားခေါ် NDAA-ESS ၊ ကလိုထူးဘောတပ်ဖွဲ့ ခေါ် ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့် DKBA တို့ဖြစ်၏။ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် စည်းလုံးညီညွတ်သော ကရင် အမျိုးသားတပ်မတော် KNU တို့လည်း နေပြည်တော်အစိုးရ ကိုယ်စားလှယ်နှင့်တွေ့ဆုံ ခဲ့သော်လည်း သဘောတူညီမှုတစုံတရာမရှိသေးပေ။ ချင်း အမျိုးသားတပ်ဦး CNF နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့မှာမူ ပထမအကြိမ် တွေ့ဆုံ ရန် ပြင်ဆင်နေသည်ဟု သတင်းထွက်နေပြီး အချိန်၊ နေရာ၊ ပါဝင်မည့်ပုဂ္ဂိုလ် ကိုလည်း မသိရသေး။ ကချင်လွတ် မြောက်ရေးတပ်မတော် KIA နှင့်မူ အကြိမ်ကြိမ်ဆွေးနွေးခဲ့သော်လည်း အထမမြောက် သေးဘဲ ယနေ့တိုင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters