Home > Inside, MNDF, Oppositon > ပါတီ မှတ်ပုံတင်ရေးကိစ္စ မွန်မျိုးသား ဒီမှိုကရေစီ အဖွဲ့ချုပ် ဆွေးနွေး

ပါတီ မှတ်ပုံတင်ရေးကိစ္စ မွန်မျိုးသား ဒီမှိုကရေစီ အဖွဲ့ချုပ် ဆွေးနွေး

Thursday, 10 November 2011 14:16 ရွှေဟင်္သာ သတင်းဌာန

mndf-Nai-Ngwe-Thein_00123-244x300(၁၉၉၀) ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ် (၅) နေရာ အနိုင်ရခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေနနဲ့ နိုင်ငံရေး မှတ်ပုံတင်ရေး ကိစ္စအတွက် အစည်းအဝေး ခေါ်ယူမယ်လို့ ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ တခြား နိုင်ငံရေး ပါတီကြားမှာ အမြင်ကွဲလွှဲချက် ရှိနေပေမဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင် သွားမယ်လို့ ပါတီရဲ့  ဥက္ကဌ နိုင်ငွေသိန်း ကပြောပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့က သူတို့ မဆုံးဖြတ် ရသေးဘဲနဲ့ ပြောရခက်တယ်လေ။ နိုင်ငံရေးဆိုတာ ဒီလိုပေါ့။ ဟိုကွဲလွှဲချက် တွေတော့ ရှိကြတာပေါ့။ ဘယ်လိုညှိပြီး ဘယ်လိုလုပ်ကြမလဲတော့ မသိသေးဘူး။ လုပ်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားက ကိုယ့်ဟာကိုယ် ညှိပြီးတော့ လုပ်ရမှာဘဲ။ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီ အဖွဲ့ချုပ် (SNLD) ကတော့ ခွန်ထွန်းဦး မလွတ်မချင်း သူတို့က နိုင်ငံရေး မှတ်ပုံတင် မလုပ်ဘူး။ ကျန်တဲ့ အဖွဲ့တွေက ဘယ်လိုလာမလဲ မသိသေးဘူးပေါ့။ ”

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ကိစ္စကို အဖွဲ့အတွင်းဆွေးနွေးသွားမယ်လို့ အဖွဲ့ရဲ ဥက္ကဌ နိုင်ငွေသိန်းက ပြောပါတယ်။

“ကျွန်တော်တို့ တွေ့ ဆုံဆွေးနွေးပြီးတော့ လုပ်မယ်ဆိုတာတော့ စဉ်းစားထားတာပေါ့။ အမျိုးသား ဒီမိုကရေစီနဲ့ တွေ့တုန်းက သူတို့လဲ အဲဒီလိုလုပ်ဖို့ သဘောတူတယ်ပေါ့။ ကျွန်တော်တို့ ပြန်ညှိရမှာပေါ့။ ကျွန်တော်တို့ တစ်ယာက်ထဲ လုပ်လို့ မဖြစ်ဘူးလေ။ အစည်းအဝေးက ခေါ်ဖို့ လုပ်ထားတာပေါ့။ ရက်က အများကြီး ရှိပါတယ်။ သူတို့ သတ်မှတ်ချက်မရှိပါဘူး။ ဘယ်နေ့တင်ပါ။ ဘယ်နေ့နောက်ဆုံး မတင်ရဘူး မပါဘူး။

မြန်မာအစိုးရသစ်ကနေ နိုင်ငံရေး ပါတီများ မှတ်ပုံတင်တဲ့ ဥပဒေကို ပြန်လည် ပြင်ဆင်တဲ့ဥပဒေ ပြဌာန်းခဲ့တဲ့နောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြားနိုင်ငံရေးပါတီ တချို့  ကလဲ ပါတီမှတ်ပုံတင်ဖို့ တဖန်ပြန်လည်ပြုလုပ် မယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

တခြားတိုင်းရင်းသား ပါတီတွေ အနေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်မဲ့ အခြေအနေတွေ ရေရေရာရာ မသဲကွဲသေးပေမဲ့ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီ အဖွဲ့ချုပ် (SNLD) အ​နေနဲ့ လာမယ့်​ ကြား​ဖြတ်​ရွေး​ ​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်သလို ပါတီမှတ်ပုံတင်ဖို့လည်း​ အစီစဉ် မရှိ​သေး​ဘူး​လို့ တရားဝင်ပြောဆို ခဲ့ပါတယ်။

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေနဲ့ နိုင်ငံရေးမှတ်ပုံတင် ပြန်လုပ်မယ်ဆိုရင် ကြိုဆိုတယ်လို့ လက်ရှိ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ဂျဇနူမွန်ခေါ် နိုင်ငွေသိန်းကပြောပါတယ်။

MNDF_02

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆွေးနွေးပွဲတစ်ခု (ဓါတ်ပုံ – အင်တာနက်)

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဟာ (၂၀၁၀) ရွေးကောက်ပွဲမှာ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံတဲ့အတွက် ပါတီ မှတ်ပုံတင်ခြင်း မပြုသလို ရွေးကောက်ပွဲ မ၀င်ခဲ့ပါဘူး။ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ဟာ ၁၉၈၈ ခု၊ အောက်တိုဘာလ ၁၁ နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲမှာလွှတ် တော်ကိုယ်စားလှယ် ၅ နေရာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ (၁၉၉၂)ခုနှစ် မတ်လမှာ စစ်အစိုးရကနေ တရားဝင်ပါတီ တည်ရှိခွင့်ကို ဖျက်သိမ်းခြင်း ခံရပါတယ်။

တကယ်လို့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေနဲ့ နိုင်ငံရေး မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် လက်ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်သလို မွန်အမျိုးသားတွေအတွက် ဘယ်ပါတီကိုမဲပေး ရွေးချယ်ရမယ်ဆိုတာ ရွေးချယ်မှုထွေပြားနိုင်တယ်လို့ ပြည်တွင်း မွန်နိုင်ငံရေး လှုပ်ရှားသူတွေကနေ ပြောဆိုမှုတွေကလဲ ရှိနေပါတယ်။

Categories: Inside, MNDF, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters