Home > FTUB, Labour > မြန်မာရေဘေး ဒုက္ခသည် များကို FTUB နှင့် PVA သွားရောက် လှူဒါန်း

မြန်မာရေဘေး ဒုက္ခသည် များကို FTUB နှင့် PVA သွားရောက် လှူဒါန်း

Wednesday, 09 November 2011 18:07       Written by နော်အဲဏီ  ရွှေဟင်္သာ သတင်းဌာန

Immegration_01ယနေ့ မနက်ပိုင်း၌ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် နှင့် PVA (ပြည်သူ့စေတနာ ၀န်ထမ်းအသင်း) တိုအဖွဲ့သည်၊ ထိုင်းနိုင်ငံ၊ တါပ်ခရိုင်၊ မဲဆောက်မြို့ရှိ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရုံးသို့ ရောက်ရှိလာကြသော မြန်မာရေဘေး ဒုက္ခသည် (၈၀၀) များ အတွက် ထမင်းထုတ်နဲ့ ရေဘူးများ သွားရောက် လှူဒါန်းခဲ့ပါသည်။

“အခုရောက်လာတဲ့ ရေဘေးဒုက္ခသည် တချို့ ဆိုရင်ထမင်းတောင် မစားရသေးဘူးလေ၊ ကျနော်တို့ကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိတွေကလည်း ၀မ်းပမ်းတသာ ကြိုဆိုတယ်၊ လာရောက်ကူညီတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း မြန်မာရေဘေး ဒုက္ခသည်တွေကို ထားတဲ့ ထိုင်းလူဝင်မှု ကြီး ကြပ်ရေးရုံးက အချုပ်ထဲကိုလည်း ကိုယ်တိုင်ဝင်ပြီး  ထမင်းထုတ်နဲ့ ရေဘူးတွေကို ကူညီခွင့်ရခဲ့တယ်၊ နောက်နောင်ကိုလည်း ဆက်ပြီး လှူဒါန်းဖို့ရှိတယ်” ဟုကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တဲ့ FTUB မှ ကလေးစစ်သား ကိစ္စကို တာဝန်ခံ ဆောင်ရွက်သူ ဦးကျော်သက်က ပြောပါသည်။

ဤမြန်မာရေဘေး ဒုက္ခသည်များကို ဒီကနေ့ ညနေပိုင်းတွင်  မြ၀တီ မြန်မာဘက်ခြမ်းသို့ ချစ်ကြည်ရေးတံတား ပေါ်ကနေတဆင့် ပြန်ပို့ပေးမှာ ဖြစ်ပါသည်။

သက်သေခံ အထောက်အထား စာရွက်စာတမ်း မရှိသော ရေဘေး ဒုက္ခသည်များသည်၊ မဲဆောက် အ၀င်ဝဂိတ်၌ အဖမ်းခံရပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၃)ရက်နေ့ကလည်း မဲဆောက်နှင့်မြ၀တီရှိ ထိုင်းမြန်မာ လူဝင်မှုကြီးကြပ်ရေးများသည်၊ ရေဘေးဒုက္ခသည်များကို အခမဲ့ အကူအညီပေးကြရန် ချစ်ကြည်ရေး တံတားပေါ်တွင် လက်မှတ်ရေး ထိုးကြပါသည်။

သို့သော်လက်တွေ့ တွင် မဲဆောက်ရှိ လူဝင်မှုကြီးကြပ်ရုံး၌ အဖမ်းခံရသည့် ထောင်နှင့်ချီသော ရေဘေးဒုက္ခသည်များသည်၊ တချို့ ဆိုလျှင် အဖမ်းခံရပြီး (၂)ရက်မှ (၄) ရက်အတွင်း အချုပ်ခံထားရပြီးမှ လွှတ်ပါသည်။ ဤသို့ကြောင့် ငတ်ပြတ်မှုများဖြစ်ပွားခဲ့ပြီး အကူအညီပေးသူလည်း နည်းပါးနေသည်ဟု သိရပါသည်။

Immegration_02

မြန်မာရေဘေး ဒုက္ခသည်များ (ဓါတ်ပုံ – အင်တာနက်)

ထို့ပြင် မြ၀တီမြို့ ရှိ နအဖရဲများသည်လည်း၊ ရေဘေးဒုက္ခသည်များကို အစတွင် အခမဲ့ဖြင့် စားစရာနှင့် နေရာထိုင်းခင်း များပေးသော်လည်း တပါတ်လောက် အကြာတွင် ငွေညှစ်မှုများ ဖြစ်လာခဲ့ပါသည်။ ဒုက္ခသည်များအပေါ် စီမံခန့်ခွဲမှု စရိတ်နှင့် ကားခအပေါ် ပိုတောင်းလာကြသည်။ ထို့ကြောင့်ရေဘေးကြောင့် ဆုံးရှုံးမှုဖြစ်ခဲ့ရသည့်အထဲ မြ၀တီရဲများ၏ ငွေညှစ်မှုပါ ခံစားခဲ့ရပါသည်။

မဲဆောက်မြို့ ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၌ စားရေးသောက်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသော မြန်မာရေဘေး ဒုက္ခသည်များ ရာနှင့်ချီ ရှိနေပါသည်။ အလှူရှင်များ သွားရောက်လှူဒါန်းကြပါရန် နှိုးဆော်ပါသည်။

Categories: FTUB, Labour
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters