Home > Economic, Foreign investments > အိန္ဒိယစီးပွားရေး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်မည်

အိန္ဒိယစီးပွားရေး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်မည်

အောင်ရှင် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ – ၁၇ ၊ ၁၁ ၊ ၂၀၁၁)

ဆိုလာစနစ်ဖြင့် မီးလင်းနိုင်သည်ကိုပြသရာ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ၀န်ကြီးများ ကြည့်ရှု လေ့လာနေစဉ်။
ဓာတ်ပုံ – အောင်ရှင်

အစိုးရသစ်လက်ထက်တွင် အိန္ဒိယ နိုင်ငံမှ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်း ရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့များ အရောက် အပေါက်များလာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံ၍ ဆက်ဆံရေး တိုးမြှင့်သွားမည့် အလားအလာများရှိနေ ကြောင်းသိ ရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အိန္ဒိယနိုင်ငံမှ အင်ဒို-မြန်မာကုန်သည် ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းဝင် စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦး သည် မြန်မာပြည်အထက်ပိုင်း မန္တလေးနှင့် မုံရွာမြို့များသို့ ပထမဆုံးအကြိမ်လာ ရောက်ခဲ့ပြီး သက်ဆိုင်ရာဒေသအစိုးရ အဖွဲ့များ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းများတွင် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအတွက်ဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ် နှံနိုင်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံ ရေးတိုးမြှင့် နိုင်ရန် အင်ဒို-မြန်မာကုန်သည် ကြီးများ နှင့် စက်မှုလုပ်ငန်းရှင်ကြီးများအသင်း သည် ပြီးခဲ့သည့်နှစ်ပိုင်းတွင် ရန်ကုန်နှင့် နေပြည်တော်သို့လာရောက်ခဲ့ပြီး အစိုးရ သစ်လက်ထက်တွင်ဆက်ဆံရေး တိုးချဲ့ နိုင်ရန် ပထမဆုံးအကြိမ်လာရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်ဒို-မြန်မာကုန်သည် ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းအဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံသို့လာ ရောက်ခြင်းဖြစ်ပြီး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံခြင်း ကို မြန်မာနိုင်ငံအထက်ပိုင်းတွင် မကြာမီ ကာလအတွင်းစတင်သွားရန်မျှော်လင့် ထားကြောင်းသိရသည်။

“အိန္ဒိယနိုင်ငံ ထုတ်ကုန်ပစ္စည်းဖြန့်ဖြူး ဖို့ မြန်မာနိုင်ငံအထက်ပိုင်းက အဓိက ဈေးကွက်ကြီးပါပဲ။ ဒီဒေသကထွက်တဲ့ ပဲတို့၊ သစ် အချောထည်တို့ကလည်း ကျွန်တော်တို့နိုင်ငံအတွက် အဓိကသွင်း ကုန်တွေပါပဲ။ ပထမဆုံးအကြိမ် မြန်မာ ပြည်အထက်ပိုင်းခရီးစဉ်မှာ ဒေသ အစိုးရတွေ၊ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရတဲ့အနေအထားကို အများကြီး ကျေနပ်မိပါတယ်”ဟု အင်ဒို-မြန်မာကုန် သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းဥက္ကဋ္ဌ မစ္စတာဂျီအယ်လ်ဂို အင်ကာက ပြောသည်။

နှစ်နိုင်ငံအစိုးရများမှ ဆက်ဆံရေးတိုး မြှင့်လာပြီးနောက် မြန်မာနိုင်ငံနှင့် ကူး သန်းရောင်းဝယ်ရေးချဲ့ထွင်ရန်နှင့် စက်မှု လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များမှ အထူးစိတ်ဝင်စားလျက်ရှိပြီး အိန္ဒိယ နိုင်ငံအစိုးရကလည်း အရှေ့တောင် အာရှ ဒေသတစ်ခုလုံးနှင့် တောင်အာရှ တွင် အရေးပါသော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကိုအထူးအလေးထားသော ကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင် အလားအလာကောင်း များရှိနေသည်ဟုလည်း ၎င်းက ပြောသည်။

“အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ တွေ၊ စီးပွားလုပ်ငန်းရှင်တွေလာနေတာ တော့ ကြာပါပြီ။ အရင်ကလည်းတွေ့ဆုံ ဆွေးနွေး တာတွေ၊ အိန္ဒိယနိုင်ငံမှာလုပ် တဲ့ဆွေးနွေးပွဲတွေ၊ ကုန်စည်ပြပွဲတွေမှာ ပါဝင်နိုင်ဖို့ မြန်မာဘက်ကိုဖိတ်ခဲ့တာတွေ လည်းရှိပါတယ်။ ဒါပေမယ့် ယခုနှစ်ပိုင်း လာတဲ့အခါတွေမှာတော့ အရင်ကထက် ပိုပြီးထူးခြားတဲ့ အနေအထားရှိပါတယ်။ မကြာခင် စီးပွားရေး ရင်းနှီး မြှုပ်နှံအပိုင်း မှာ အိန္ဒိယဘက်ကတော်တော်များများ ပါလာမယ်လို့ထင်ပါတယ်”ဟု မန္တလေး တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များ အသင်းဝင်တစ်ဦးက ပြောသည်။

မုံရွာစက်မှုဇုန်ခန်းမတွင် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့သော အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် မုံရွာအခြေစိုက် စီးပွားရေး လုပ်ငန်းရှင်များသည် အိန္ဒိယ နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေကြပြီး ကုန်သွယ်မှုကဏ္ဍ ပိုပြီးဖွံ့ဖြိုးရန်လည်း ဆန္ဒပြင်းပြနေကြောင်း သိရသည်။

“ကိုယ့်ဒေသက ကုန်သည်တွေနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုဝမ်းပန်းတသာကြိုဆိုပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဘယ်လို စီးပွားရေးအရရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ကူညီဆောင်ရွက်ပေးသွားမှာပါ။ တချို့ ကိစ္စရပ်တွေတော့ ပြည်ထောင်စုအစိုးရ နဲ့ညှိနှိုင်းရမှာပေါ့။ အိန္ဒိယနိုင်ငံနဲ့ကုန် သွယ်ရေးမှာအရေးပါတဲ့ နယ်စပ်ကုန် သွယ်ရေးကဏ္ဍအတွက် လတ်တလော ဆောင်ရွက်နေတာမရှိသေးပေမယ့် အခြေအနေက ခပ်မြန်မြန်ပြောင်းလဲ သွားနိုင်တာမျိုးလည်း ရှိပါတယ်”ဟု စစ်ကိုင်းဒေသကြီးအစိုးရ၊ သစ်တော၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသန်းထိုက်က မြန်မာတိုင်း(မ်)ကို ပြောသည်။

နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ သည် စစ်ကိုင်းတိုင်းဒေသကြီးမုံရွာတွင် သစ်အချောထည်လုပ်ငန်း၊ လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ရေးစက်ရုံ နှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ စနစ်လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများ တည်ထောင်ရေး လုပ်ငန်း များတွင် ပထမဦးစွား ရင်းနှီမြှုပ်နှံသွားဖွယ်ရှိ ကြောင်း သိရသည်။

မုံရွာမြို့မှ ကုန်သည်နှင့် စက်မှုလုပ်ငန်း ရှင် ၁၆ ဦးပါဝင်သော စီးပွားရေး ကိုယ် စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ စက်မှု လုပ်ငန်း များနှင့် ကုန်သွယ်ရေးလုပ်ငန်းများကိုလေ့လာရန် ဒီဇင်ဘာလဆန်းတွင် အိန္ဒိယနိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

 

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters