Home > Bank, Economic > ဘဏ်များစတင်အသုံးပြုလျက်ရှိသည့် အငှားဝယ်စနစ်ကို တည်ဆောက်သူများကြိုဆို

ဘဏ်များစတင်အသုံးပြုလျက်ရှိသည့် အငှားဝယ်စနစ်ကို တည်ဆောက်သူများကြိုဆို

ထားထားခင်  (MT)  အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ – ၁၇ ၊ ၁၁ ၊ ၂၀၁၁)

ရှိုင်းဆောက်လုပ်ရေးမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး hire purchase စနစ်ဖြင့်ရောင်းချလျက်ရှိသည့် ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ Strand ကွန်ဒိုကိုလွန်ခဲ့သည့်သီတင်းပတ်ကတွေ့ရစဉ်။
ဓာတ်ပုံ-အေးဇော်မျိုး

မြန်မာနိုင်ငံတွင် ဘဏ်များမှစတင် အသုံးပြုလျက်ရှိသော ‘အငှားဝယ်’ စနစ်သည် ကနဦးငွေပေးချေမှုတစ်ခုသာရှိခဲ့ပါက အသုံးအဆောင် ပစ္စည်း၊ တိုက်ခန်းနှင့် အိမ်ရာများသတ်မှတ်ကာလ တစ်ခုတွင် ၀ယ်ယူ ပိုင်ဆိုင်နိုင်မည်ဖြစ်ရာ တည်ဆောက်ရောင်းချသူ၊ ၀ယ်ယူသူနှင့် ဘဏ်များအတွက် သုံးဦးသုံးဖလှယ် အကျိုးရှိစေကြောင်း ထိုစနစ်ကို အသုံးပြု လျက်ရှိသည့် ကမ္ဘောဇဘဏ်လီမိတက်၊ ဈေးကွက်နှင့် ၀န်ဆောင်မှုမြှင့်တင်ရေး ဌာနမှ အကြီးတန်းအထွေထွေမန်နေဂျာ ဦးချစ်မြတ်နိုးသူက ပြောကြားသည်။

ကနဦးငွေပေးချေမှုဖြစ်သော down payment ကိုသာ ပေးချေနိုင်ခဲ့ မည်ဆိုလျှင် hire purchase ဟု သုံးစွဲမှု တွင်ကျယ်နေသော အငှားဝယ်စနစ်ဖြင့် ၀ယ်ယူရန် အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက မြန်မာတိုင်း(မ်)ကိုရှင်းပြသည်။

“ဒီစနစ်သစ်က ၀ယ်သူတွေကို အများကြီးအကျိုးရှိစေပါတယ်၊ အငှားဝယ်စနစ်မှာ အဓိကက၀ယ်သူအားလုံးကို အဆင်ပြေစေဖို့ ရည်ရွယ်တယ်။ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်စတဲ့ လျှပ်စစ်ပစ္စည်း တွေကနေစပြီး တိုက်ခန်းစတဲ့ဝယ်ယူတဲ့ ပစ္စည်းတွေအတွက် သတ်မှတ် ထားတဲ့ down payment တစ်ခုနဲ့ ငှားရမ်းခ သွင်းပြီးပြီဆိုတာနဲ့ နေလို့၊သုံးလို့ရပြီ။ ငွေကျေမှ မဟုတ်ဘူး၊ ကျန်တဲ့ငွေကို ဘဏ်က အငှားဝယ်စနစ်နဲ့ ထုတ်ချေး ပေးလိုက်တာ”ဟု ရှင်းပြသည်။

ဘဏ်မှ ပံ့ပိုးပေးမှုကြောင့် ၀န်ထမ်းများအပါအ၀င် အခြေခံလူတန်းစား များအတွက် လစဉ်ကြေးပုံမှန်ပေးသွင်းခြင်းဖြင့် အချိန်ကာလတစ်ခုတွင် နေစရာနှင့် အခြားပစ္စည်းများကို ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဘဏ်တွေရဲ့ ပံ့ပိုးမှုကြောင့် ရောင်းချ သူတွေဘက်ကလည်း သတ်မှတ်တဲ့ အတိုင်း ငွေမြန်မြန်ဆန်ဆန်ရတယ်၊ သုံးစွဲသူတွေလည်း ဒီလိုပဲ။ ဘဏ်ဘက်ကလည်း ချေးငွေတွေကိုလိုအပ်တဲ့ နေရာကို ထုတ်ချေးရတာဖြစ်တဲ့အတွက် သုံးဦးသုံးဖလှယ်အကျိုးရှိတယ်” ဟု ဦးချစ်မြတ်နိုးသူက ပြောသည်။

လက်ရှိအချိန်တွင် အငှားဝယ်စနစ်ကို ကမ္ဘောဇဘဏ်အပါအ၀င် အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ်နှင့် အခြားဘဏ်များမှ ထိုဝန်ဆောင် မှုကို ပေးလျက်ရှိကြောင်း သိရှိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လည်း ထိုအချက်ကိုကြိုဆိုကြပြီး အငှား ၀ယ်စနစ်သစ်အပြင် ဈေးကွက်တွင် အသုံးပြုလျက် ရှိသော အရစ်ကျငွေပေး ချေမှုစနစ်ကိုပါ ချိတ်ဆက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း ရှိုင်းဆောက်လုပ် ရေးကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အရစ်ကျငွေပေးချေစနစ်နဲ့ အခု စနစ်သစ်နှစ်ခုကို ချိတ်ဆက်သုံးနိုင်ရင် ပိုကောင်းမယ်လို့ထင်တယ်။ အရစ်ကျ ငွေချေစနစ်ရဲ့ အားသာချက်က ဈေးနှုန်း သက်သာမယ်၊ ဆောက်လုပ်နေချိန် အတွင်းမှာ အချိန်ကြာကြာငွေခွဲပေးလို့ ရတဲ့အတွက် တိုက်ခန်းပြီး သွားလို့ ပြန်ရောင်းချိန်မှာ အမြတ်များများ ရတယ်။ ဒါက တည်ဆောက်သူ အတွက်လည်း တစ်နည်းအား ဖြင့် အသက်ရှူချောင် တယ်။ ဒါပေမယ့် လက်ငင်းမှာ ငွေ နည်းနည်းပဲပေးရပြီး ဘဏ်ချေးငွေနဲ့ တိုက်ခန်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ စနစ်သစ်ကို ရွေးချယ်သင့်တယ်”ဟု ၎င်းတာဝန်ရှိသူကပြောသည်။

“ဒါကြောင့် တည်ဆောက်ပြီးစီးသွား တဲ့ စီမံကိန်းတိုင်းရဲ့ ၂၅ ရာခိုင်နှုန်း လောက်ကို စနစ်သစ်နဲ့ ရောင်းချဖို့ ချန်ထားသင့်တယ်၊ အားနည်းချက်တွေ ရှိနိုင်တယ်ဆိုပေ မယ့် တည်ဆောက်သူတစ်ယောက် အတွက် ငွေလုံးခနဲရလိုက်တာက ပိုအဆင်ပြေတယ်။ နေထိုင်သူဘက် ကျတော့လည်း ငွေမကျေခင်ကာလ မှာပဲ အခန်းမှာနေနေရပြီဆိုတာကို သဘောကျကြတယ်။ ဘဏ်ဘက် ကလည်း ချေးငွေတွေရတယ်၊ ဒါကြောင့် ဒီစနစ်သစ်က တည်ဆောက်သူ၊ ၀ယ်သူ၊ ဘဏ်သုံးဦးသုံးဖလှယ်အကျိုးရှိတယ်။ နောက်ပြီးတော့ စီမံကိန်းတွေအတွက် အရင်းအနှီး၊ တစ်နည်းအားဖြင့် ငွေကြေး လည်ပတ်မှု အခက်အခဲကို အတိုင်း အတာတစ်ခုအထိ ဖြေရှင်းပေး နိုင်တယ် လို့ ပြောနိုင်တယ်”ဟု ၎င်းကရှင်းလင်း ပြောဆိုသည်။

ရှိုင်းဆောက်လုပ်ရေးမှ ပန်းဘဲတန်း၊ ကျောက်တံတား၊ ကမာရွတ်၊ မင်္ဂလာ တောင်ညွန့်နှင့် လှိုင်မြို့နယ်တို့ရှိ တည်ဆောက်ပြီး အခန်းအရေအတွက် ပေါင်း ၆၅ ခန်းကို့ ငမန စကမခ့ျေန စနစ်ဖြင့် အောက်တိုဘာလဆန်းမှ စတင် ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုအတွက် ဘဏ်ချေးငွေဖြင့် ၀ယ်ယူ ခွင့်ရှိသော စနစ်သစ်ဖြင့် ရောင်းချမှုတွင် ကနဦးငွေပေးချေမှုကို ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကြား ပေးသွင်းရမည်ဟု ၎င်းကုမ္ပဏီမှ သတ်မှတ်ထားကြောင်း ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် နိုဝင်ဘာ ၂၄ ရက်မှ၂၇ ရက်ထိ တပ်မတော်ခန်းမ၌ကျင်းပမည့် ပြပွဲတွင် ရှိုင်းဆောက်လုပ်ရေးမှ hire purchase စနစ်ဖြင့် ရောင်းချမည့်တိုက်ခန်းနှင့် ကွန်ဒိုများကို ၀င်ရောက်ပြသမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

တက်လမ်းဆောက်လုပ်ရေးမှတာဝန် ရှိသူတစ်ဦးကလည်း ဘဏ်များမှ အသုံးပြုနေသည့် စနစ်သစ်သည် ၀ယ်လိုအားကို တိုက်ရိုက် အထောက် အကူပြုသည့်အတွက် ကြိုဆိုကြောင်းလည်းဆိုသည်။

“ကျွန်တော်တို့ တည်ဆောက်သူတွေ အနေနဲ့ ဒီအချက်ကို ကြိုဆိုပါတယ်။ ဒါက ရောင်းအားတိုးစေတယ်၊ ၃၀ ရာခိုင်နှုန်း ကနဦး ပေးချေလိုက်တာနဲ့ အိမ်ပေါ် တက်နေလို့ရပြီ။ တကယ်ဆိုရင် နောင် သုံး၊ လေးနှစ်လောက်နေမှ နေထိုင် ပိုင်ဆိုင်နိုင်မယ့် အခွင့် အရေးကို သတ်မှတ်တဲ့ အတိုင်းအတာတစ်ခု ငွေချေလိုက်တာနဲ့ ချက်ချင်းနေလို့ ရပြီ။ ဒါကြောင့် ၀ယ်သူတွေအားလုံး အတွက် အကျိုးရှိစေပါတယ်”ဟု ပြောသည်။

“ဒီစနစ်နဲ့ စရောင်းတဲ့ အောက်တိုဘာ လဆန်းကစပြီး အခုချိန်အထိ ရောင်းအား ၂၀ ရာခိုင်နှုန်းလောက် တက်လာပါတယ်။ ဒါပေမယ့် တချို့ဝယ်သူတွေက ဒီစနစ်ကို သိပ်နားမလည်ကြသေးဘူး။ ဒီတော့ ၀ယ်သူတွေ ဒီစနစ်ကို ပိုမိုသိရှိနားလည်လာတဲ့ ၂၀၁၂ လောက် ကျရင် ၀ယ်လိုအား ၅၀ ရာခိုင် နှုန်းကျော်လောက်အထိ တက်လာနိုင် မယ်လို့ ခန့်မှန်းပါတယ်”ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးဈေးကွက်တွင် နာမည်ရတည်ဆောက်ရေးကုမ္ပဏီများ ဖြစ်သည့် နိုင်ဂရု(ပ်)၊ ရှိုင်း၊ တက်လမ်း စသည့် ဆောက် လုပ်ရေး ကုမ္ပဏီများမှ hire purchase စနစ်ကို ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

Categories: Bank, Economic
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters