Home > Army, Ethnic Armed Groups, Government, KIO (KIA) > ဗန်းမော် – မန္တလေးကားသွားလာမှု ရပ်ဆိုင်း

ဗန်းမော် – မန္တလေးကားသွားလာမှု ရပ်ဆိုင်း

ကြာသပတေးနေ့၊ နိုဝင်ဘာလ 10 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့်

တပ်မ ၈၈ လက်အောက်ခံတပ်များ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့ ညပိုင်း တွင် ဗန်းမော် -မန္တလေးကားလမ်းပေါ် ရှိ တံတားတစ်စီးကို KIA က ဗုံးခွဲခဲ့ရာ ၈ ရက်နေ့မှစ၍ ဗန်းမော် – မန္တလေး ကား လှိုင်း ပြေးဆွဲမှုများရပ်ဆိုင်း နေကြောင်း သိရသည်။

Burma_Army
ဗန်းမော် – မန္တလေးကားလမ်းပေါ် ရှိ ဗန်းမော်ခရိုင် ကွေ့ကြီးတံတား ဗုံးခွဲခံရပြီး နောက်တစ်ရက်တွင် လှိုင်းကား ပြေးဆွဲ မှုများ ရပ်ဆိုင်းသွားကြောင်း ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကားသွားမရတော့လို့ မန္တလေးခရီးစဉ် ကြိုတင်လက်မှတ်ဝယ်ထားတာတွေ နောက်တစ်နေ့မှာ အကုန် ပြန်အမ်း ပေး တယ်။ ကွေ့ကြီးနားက တံတားကို ချိုးလိုက်တာလို့ ပြောတယ် ကားကတော့ ဒီနေ့အထိ သွားလို့မရသေး ဘူး ” ဟု သူက ဆိုသည်။

ယခုလ ၄ ရက်နေ့က ပွင့်ဖြူ၊ ပြည်သူ၊ ပြဒါးပျံဆိုသည့် သင်္ဘော ၃ စီးဖြင့် တပ်မ ၈၈ လက်အောက်ခံတပ်များ ဗန်း မော်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ညတွင်းချင်း ရှေ့တန်းစစ်မြေပြင်များသို့ ထပ်မံ ပို့ဆောင်လိုက် ကြောင်း သိရသည်။

ယခုအခါ တပ်မ ၈၈ လက်အောက်ခံတပ်နှင့် KIA တပ်များ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွား နေပြီး တပ်မ ၈၈ မှ တပ်သား ၄ ဦးခန့် မိုင်းထိသေဆုံးသွားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“တပ်မ ၈၈ က ၄ ယောက် လော့တန်ဘက်မှာ မိုင်းထိပြီး ကျသွားတယ်။ ခလရ ၂၃၇ ကဗိုလ်မှူးတစ်ယောက် လည်း ကျ တယ်” ဟု သူက ဆိုသည်။

ကချင်ပြည်နယ်အတွင်း နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေရာ ကျေးလက်ရော မြို့ပေါ်နေပြည်သူများပါစိုးရိမ် ထိတ်လှန့် နေကြောင်းလည်း သိရသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters