Home > 88 Generation, Inside, Oppositon > ၈၈ မျိုး​ဆက်များ​ အသင်း​အဖွဲ့အဖြစ် မှတ်ပုံတင်ရန် စဉ်း​စား​နေ

၈၈ မျိုး​ဆက်များ​ အသင်း​အဖွဲ့အဖြစ် မှတ်ပုံတင်ရန် စဉ်း​စား​နေ

Published on November 9, 2011 by နေသွင်  · (DVB)ကိုမင်း ​ကိုနိုင်နဲ့​ ဂဂမျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်တချို့​ ပြန်မလွှတ်လာ​သေး​ပေမယ့်​ မကြာခင်က ပြန်လွတ်လာသူ​တွေက အသင်း​အဖွဲ့​တခုအ​နေနဲ့​ တရား​ဝင် မှတ်ပုံတင်သင့်​၊​ မတင်သင့်​ စဉ်း​စား​နေတယ်လို့​ သိရပါတယ်။

မကြာခင်က လွှတ်​မြောက်လာတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တချို့​နဲ့​ မလွတ်​မြောက်​သေး​တဲ့​ ​ခေါင်း​ဆောင်​တွေရဲ့​ မိသား​စု​တွေ ပထမဆုံး​အကြိမ် ပြန်လည်​တွေ့​ဆုံတဲ့​အခါမှာ ဒီကိစ္စနဲ့​ ပတ်သက်လို့​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။

“တရား​ဝင် အသင်း​အဖွဲ့​လေး​ တခုအ​နေနဲ့​ စပြီး​တော့​ လုပ်သင့်​ပါတယ်။ လုပ်တယ်ဆိုတာ ကျ​နော့်​တို့​အတွက် လုပ်တာမဟုတ်ဘူး​၊​ ​ထောင်ထဲက လွတ်လာမယ့်​ လူ​တွေအတွက် အရန်သင့်​ ပြင်တဲ့​ သ​ဘော​ပေါ့​နော်။ ဥပမာဗျာ နိုင်ငံ​ရေး​အဖွဲ့​လေး​ ဖြစ်ရင်လည်း​ ဖြစ်မယ် သို့​မဟုတ် ပရဟိတ အဖွဲ့​လည်း​ ဖြစ်ရင် ဖြစ်မယ်။ ဒါကလည်း​ ကျ​နော်တို့​ အား​လုံး​ တိုင်ပင်ပြီး​တော့​ အခု ဒီပွဲမှာ ဒီမိသား​စု​တွေကို ​မေး​ပြီး​တော့​ သူတို့​တွေကို ​ထောင်​တွေထဲကို ဧည့်​တွေ့​သွား​တဲ့​အချိန်မှာ ကျ​နော့်​ ညီ​တော် ​နောင်​တော်​တွေကို ​မေး​ခဲ့​ပါ၊​ ကျ​နော်တို့​ အ​နေနဲ့​ ဘယ်လို ရပ်တည်ရမလဲ​ပေါ့​နော်။ ကျ​နော်တို့​က​တော့​ ဒီလို ဆန္ဒ​လေး​ ရှိပါတယ်ဆိုပြီး​ သူတို့​ကို ​ပြောလိုက်တယ်။ သူတို့​တွေက ​ထောင်ဝင်စာသွား​ပြီး​ ​တွေ့​ကြမယ်၊​ ​တွေ့​ပြီး​ပြန်လာတဲ့​အချိန်မှာ သူတို့​ရဲ့​ သ​ဘောထား​တွေကို ပြန်​ပြောကြပါလိမ့်​မယ် ခင်ဗျ။”

ဒါ​ပေမယ့်​ ​ထောင်ထဲက ​ခေါင်း​ဆောင်​တွေ ပြန်မလွှတ်မချင်း​ အပြင်က လူ​တွေအ​နေနဲ့​ ပါတီ​ထောင်ဖို့​၊​ ​ရွေး​ကောက်ပွဲဝင်ဖို့​ အစီအစဉ်မရှိ​သေး​ဘူး​လို့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​အုပ်စုထဲက ၁၀ ဦး​ လွတ်​မြောက်လာခဲ့​ပြီး​ ​နောက်ထပ် ၂၇ ဦး​က​တော့​ အခုအချိန်ထိ မလွတ်​မြောက်​သေး​ပါဘူး​။

ပြီး​ခဲ့​တဲ့​ လက ရှမ်း​ပြည်နယ်၊​ လား​ရိုး​ထောင်မှာ အကျဉ်း​ကျ​နေတဲ့​ ကိုမင်း​ဇေယျကို ​ထောင်ဝင်စာသွား​တွေ့​ခဲ့​တဲ့​ ဇနီး​ဖြစ်သူ မချိုချိုဝင်း​က အခုလို​ပြောပါတယ်။

“သူက​တော့​ ​ပြောတာပဲ။ သူတို့​ကို အမှန်တကယ်​တော့​ ဒီအချိန် ဒီအခါကြီး​ ထိန်း​သိမ်း​ထား​တယ်ဆို​တော့​ လွှတ်​ပေး​သင့်​ပြီလို့​ သူက အဲဒီလိုမျိုး​။ သူတို့​ကလည်း​ နဂိုကတည်း​က သူတို့​ကိုယ်သူတို့​ အပြစ်မရှိဘဲနဲ့​ ထိန်း​သိမ်း​ခံထား​ရတယ် အဲဒီလို ယူဆတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန် အခုအ​ခြေအ​နေ ​ရောက်မှ​တော့​ သူတို့​ကို လွှတ်​ပေး​သင့်​ပြီလို့​ သူက အဲဒီလိုမျိုး​ ​ပြောတယ်။”

ကိုမင်း​ ကိုနိုင်​ခေါင်း​ဆောင်တဲ့​ ဂဂမျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ​လောင်စာဆီ ကုန်​ဈေး​နှုန်း​ကြီး​မြင့်​မှုအ​ပေါ် မ​ကျေနပ်တဲ့​ ပြည်သူ​တွေကို ဦး​ဆောင်ပြီး​ ငြိမ်း​ချမ်း​စွာ လမ်း​လျှောက် ဆန္ဒခဲ့​လို့​ ၂၀၀၇ ခုနှစ်က အဖမ်း​ခံခဲ့​ရပြီး​ နယ်​ဝေး​ထောင်​တွေမှာ နှစ်ရှည်​ထောင်ဒဏ်​တွေ ကျခံ​နေရပါတယ်။

အောက်တိုဘာလက သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ​ကျော် ပြန်လွတ်​မြောက်ခဲ့​ပြီး​ ​နောက်ထပ် ၁၆၀၀ ​ကျော် ကျန်​နေ​သေး​တယ်လို့​ ထိုင်း​ – မြန်မာ နယ်စပ်အ​ခြေစိုက် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​က ဆိုပါတယ်။

Share11
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters