Home > EU, International > သိသာသော အပြောင်းအလဲများအပေါ် မူတည်ပြီး မြန်မာအရေး ဥရောပသမဂ္ဂ ပြန်လည်သုံးသပ်မည်

သိသာသော အပြောင်းအလဲများအပေါ် မူတည်ပြီး မြန်မာအရေး ဥရောပသမဂ္ဂ ပြန်လည်သုံးသပ်မည်

Posted by Popular News

သိသာထင်ရှားသော အပြောင်းအလဲများ အပေါ်မူတည်ပြီး မြန်မာအရေး ဥရောပသမဂ္ဂ(အီးယူ)က ပြန်လည် သုံးသပ်မည်ဟု ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ခေါင်း   ဆောင် သံတမန် ဒေးဗစ်လစ်မန်းက ပြောသည်။ Chatrium ဟိုတယ်၌ နိုဝင် ဘာ ၈ ရက်နေ့က ကျင်းပသည့် မြန်မာဘဏ္ဍာရေး ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲအပြီးတွင် မီဒီယာများနှင့် တွေ့ ဆုံစဉ် သံတမန် ဒေးဗစ်လစ်မန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

အီးယူသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို တွန်း အားပေးသည့် လုပ်ရပ်များအား ယခင်က ဆန့်ကျင်ခဲ့ဖူးကြောင်း၊ ယခုအခါလည်း ပိတ်ဆို့မှုများကို တတ်နိုင်သမျှ ပြုပြင်သုံးသပ်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။ အီးယူအနေဖြင့် အစိုးရ၏ နိုင်ငံ ရေးဆောင်ရွက်ချက်များတွင် ပါဝင် ပူးပေါင်းကူညီရန် ရှိကြောင်း၊ သို့ သော် အတိုင်းအတာ အကန့်အ သတ်ထားရှိကြောင်းလည်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။  အီးယူသည် ယခုနှစ် ဧပြီလမှ စ၍ အနည်း ငယ်သော အပြောင်း အလဲများကို ပြုလုပ်ကာ အဖွဲ့ဝင် နိုင်ငံအချို့မှ ဝန်ကြီးများကို မြန်မာ နိုင်ငံသို့ လာရောက်ခွင့်ပြုပြီး မြန်မာနိုင်ငံမှ ထိပ်တန်း အရာရှိကြီးများနှင့်   ဆွေးနွေးမှုများ ပြုခဲ့ကြောင်း ဒေးဗစ် လစ်မန်းက မီဒီယာများအား ပြောသည်။

အီးယူသည် နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံကို လူသားချင်း   ထောက်ထား စာနာကာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများပေးခဲ့ကြောင်း၊ နာဂစ် ဒဏ်သင့် ဒေသများတွင် ၆၅ ရာခိုင် နှုန်းမျှအထိ ကူညီခဲ့ကြောင်းလည်း ၄င်းက ထည့်သွင်းပြောသည်။ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီ သည့်အဖွဲ့အစည်းများထဲတွင်အကြီး ဆုံးအလှူရှင်ဖြစ်သည့် အီးယူသည် ယခုအခါတွင် ပညာရေး၊ ကျန်းမာ ရေး အသက်မွေးဝမ်းကျောင်းလုပ် ငန်းများ စသည့်နယ်ပယ်များတွင် အထောက်အကူပြုရေးများကို ပြု လုပ်ရန်စီစဉ်နေကြောင်း၊ ထို့အတွက် ကန်ဒေါ်လာသန်းတစ်ရာမျှ လျာ ထားကြောင်း သံအမတ်က အသိ ပေးပြောကြားခဲ့သည်။ ဥရောပသမဂ္ဂတွင် ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ ဆွီဒင်၊ စပိန်၊ အီတလီ စသည့်နိုင်ငံများအပါ  အဝင် ဥရောပနိုင်ငံ ၂၇ နိုင်ငံပါဝင် သည်။
တင်ဇာဇော်

Categories: EU, International
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters