Home > Cabinet of Ministers, Economic, Government > ရန်ကုန်မြို့ပတ်ရထား​ခ ၁၀ ဆတက်

ရန်ကုန်မြို့ပတ်ရထား​ခ ၁၀ ဆတက်

Published on November 9, 2011 by ပီတာအောင်  ·(DVB)

ရန်ကုန်မြို့ ​တွင်း​နဲ့​ဆင်​ခြေဖုံး​မြို့​နယ်​တွေကို ​ပြေး​ဆွဲ​နေတဲ့​ မြို့​ပတ်ရထား​ခနှုန်း​တွေကို နိုဝင်ဘာ ၁၅ ရက်​နေ့​ကစပြီး​ ၁၀ ဆတိုး​မြှင့်​လိုက်တယ်လို့​မြန်မာ့​မီး​ရထား​ဌာနက တာဝန်ရှိသူတဦး​က ​ပြောပါတယ်။

မြို့​ပတ်ရထား ​ခ လူတဦး​လျှင် ၁၀ ကျပ်သတ်မှတ်ထား​ရမှ ကျပ် ၁၀၀ ထိ တိုး​မြှင့်​လိုက်တာဖြစ်ပြီး​ လက်မှတ် တ​စောင်ဝယ်ယူထား​ရင် အသွား​အပြန် စီး​နိုင်မယ်လို့​သိရပါတယ်။

ရထား​ခတိုး​မြှင့်​ရတဲ့​ကြောင်း​ရင်း​နဲ့​ပတ်သက်ပြီး​ ရန်ကုန်ဘူတာကြီး​က အဆင့်​မြင့်​ အရာရှိတဦး​က ခုလို ​ပြောပါတယ်။

“ဆီ​ဈေး​ ၁၅၀ တုန်း​က သတ်မှတ်ထား​တဲ့​ နှုန်း​ထား​တွေ​လေ။ အခုကျ​တော့​ ဆီ​ဈေး​ ၃၀၀၀ ​ကျော်သွား​ပြီ​လေ။ အဲဒါ​ကြောင့်​ အရမ်း​ရှုံး​တော့​တာ​ပေါ့​။ တကယ်တမ်း​ကျ​တော့​ ကျ​နော်တို့​က ၃ ဆပဲ တက်သွား​တာ​လေ။ ဆီ​ဈေး​က အဆ ၂၀ တက်သွား​တာ။ အရှုံး​ကာမိသွား​တာ​ပေါ့​။ နည်း​နည်း​ကာမိ​အောင် လုပ်ရတာ။”

မြန်မာ့​မီး​ ရထား​ဌာနဟာ ရန်ကုန်မြို့​ပတ်ရထား​ကို ​နေ့​စဉ် နံနက် ၄နာရီက​နေ ည ၁၀ နာရီအထိ တ​နေ့​ကို မြို့​ပတ်ရထား​တွဲအစီး​ရေ ၂၀ ​ကျော်နဲ့​ခေါက်​ရေ ၂၀၀ ခန့်​ ​ပြေး​ဆွဲ​နေပြီး​ တ​နေ့​ကို ခရီး​သည်​ပေါင်း​ ၁ သိန်း​ကျော်​လောက် စီး​နင်း​အသုံး​ပြုတာပါ။

ရထား​ခ​တွေ ခုလိုတိုး​မြှင့်​လိုက်တဲ့​အ​ပေါ် ဆင်​ခြေဖုံး​နဲ့​ မြို့​သစ်​တွေမှာ ​နေထိုင်သူ​တွေ၊​ အထူး​သဖြင့်​ ​ဈေး​နှုန်း​သက်သာတဲ့​ မြို့​ပတ်ရထား​ကို အား​ထား​ပြီး​ ခရီး​သွား​နေကြတဲ့​ လက်လုပ်လက်စား​ ဆင်း​ရဲသား​တွေရဲ့​ ဝင်​ငွေထိခိုက်နစ်နာဖို့​ရှိ​နေတယ်လို့​ခရီး​သည်​တွေက​ပြောပါတယ်။

မြို့​ပတ် ရထား​စီး​ခရီး​သည်တဦး​ဖြစ်တဲ့​ ဦး​သု​ဝေက “အမှန်က​တော့​ ဒီလို မြို့​ပတ်ရထား​တို့​ဆိုတာ အစိုး​ရ အဆက်ဆက်​ပေါ့​ဗျာ။ အရင် အင်္ဂလိပ်​ခေတ်ကတည်း​က စပြီး​တော့​ ဆင်း​ရဲတဲ့​ လူထုအတွက်ကို တမင်ကို ​လျှော့​ပြီး​တော့​ ထား​ပေး​ရတာ။ အခုမှ တခါတည်း​ ၁၀ ဆတိုး​လိုက်တယ်ဆို​တော့​ လူ​တွေက နည်း​နည်း​ ညည်း​နေကြပြီ ဘယ်လိုလုပ်ရမယ် မ​ပြောတတ်ဘူး​” လို့​ ​ပြောပါတယ်။

ဒါ​ပေမယ့်​ မြို့​ပြင်က​နေ ရန်ကုန်မြို့​ထဲကို ခရီး​သွား​ရင် ဘတ်စကား​ခ အနည်း​ဆုံး​ ကုန်ကျစရိတ် အသွား​အပြန် ကျပ် ၅၀၀ ​လောက် ရှိ​နေတာမို့​ ခုလို ရထား​ခ​တွေ ကျပ် ၁၀၀ တိုး​သွား​ပေမယ့်​ ရထား​စီး​သူ အ​ရေအတွက် ​လျော့​ကျသွား​ဖွယ်​တော့​ မရှိဘူး​လို့​ ဆိုပါတယ်။

အလား​တူ ရန်ကုန်နဲ့​အခြား​မြို့​တွေကို​ပြေး​ဆွဲ​နေတဲ့​ စာပို့​ရထား​၊​ ​လော်ကယ်ရထား​ စတဲ့​ အ​ခြေခံလူထု​တွေ အသုံး​ပြု​နေတဲ့​ ရထား​ခ​တွေလည်း​ ၃ ဆ တိုး​မြှင့်​လိုက်ပါတယ်။ ဒါ​ပေမယ့်​ ရန်ကုန်-မန္တ​လေး​ အထူး​အမြန်ရထား​ခက​တော့​ ၂ ဆ​လောက်ပဲ တက်သွား​ပါတယ်။

ပြည်​ ထောင်စုဝန်ကြီး​ ဦး​အောင်မင်း​က​တော့​ မြို့​ပတ်ရထား​ကို အရှုံး​ခံ​ပြေး​ဆွဲ ​ပေး​နေတာ ဖြစ်ပြီး​ ​လောင်စာဆီဖိုး​ဟာ ရထား​ပြေး​ဆွဲဖို့​ကုန်ကျစရိတ်ရဲ့​ တဝက်​ကျော် ရှိ​ကြောင်း​နဲ့​ လူတဦး​ ရထား​စီး​တိုင်း​ ၅၅ ကျပ် အစိုး​ရက ရှုံး​နေတယ်လို့​ ဩဂုတ်လကုန်က စာနယ်ဇင်း​တွေနဲ့​ ​တွေ့​ဆုံစဉ် ​ပြောခဲ့​ဖူး​ပါတယ်။

မြို့​ပတ်ရထား ​အတွက် လစဉ်ကုန်ကျစရိတ် ကျပ်​ငွေ ၂၆၁ သန်း​ရှိပြီး​ ဝင်​ငွေက ၄၂ သန်း​ရှိတယ်လို့​လည်း​ မြန်မာ့​မီး​ရထား​က သတင်း​ထုတ်ပြန်ထား​ပါတယ်။

တဖက်မှာလည်း​ ရန်ကုန်မြို့​ပတ်ရထား​ကို ပုဂ္ဂလိကလက် လွှဲ​ပြောင်း​လုပ်ပိုင်ခွင့်​ ​ပေး​မယ်လို့​ သတင်း​တွေထွက်​နေတာ လအတန်ကြာရှိ​နေပြီဖြစ်​ပေမယ့်​ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်တာ မ​တွေ့​ရ​သေး​ပါဘူး​။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters