Home > ABSDF, Oppositon, Outside > တပြည်လုံး​အပစ်အခတ်ရပ်စဲ​ရေး​ ​ကျောင်း​သား​တပ်မ​တော်​တောင်း​ဆို

တပြည်လုံး​အပစ်အခတ်ရပ်စဲ​ရေး​ ​ကျောင်း​သား​တပ်မ​တော်​တောင်း​ဆို

Published on November 9, 2011 by ပီတာအောင်  ·   (DVB)

စစ်မှန်တဲ့ ​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် တပြည်လုံး​အတိုင်း​အတာနဲ့​အပစ်အခတ် ရပ်စဲ​ရေး​ကြေညာ​ပေး​ဖို့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက် တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်ဖ်) က မြန်မာအစိုး​ရကို ​တောင်း​ဆိုလိုက်ပါတယ်။

လတ်တ​လော လက်နက်ကိုင်တိုင်း​ရင်း​သား​တပ်ဖွဲ့​တချို့​နဲ့​ မြန်မာအစိုး​ရကိုယ်စား​လှယ်​တွေ လျှို့​ဝှက်​ဆွေး​နွေး​မှု​ ရှိ​နေတယ်လို့​သတင်း​တွေထွက်​နေချိန်မှာ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အ​ပေါ် ​အေဘီအက်စ်ဒီအက်ဖ်က ခုလို သ​ဘောထား​ထုတ်ပြန် ​တောင်း​ဆိုလိုက်တာပါ။

နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်တဲ့​ ဒီ​ကြေညာချက်မှာ စစ်အုပ်စုနဲ့​ လက်နက်ကိုင် ​တော်လှန်​ရေး​အင်အား​စု​တွေ အပစ်အခတ်ရပ်စဲ​ရေး​ဆောင်ရွက်​နေမှု​တွေဟာ နိုင်ငံ ​ရေး​ပြဿနာကို ​တွေ့​ဆုံ​ဆွေး​နွေး​အ​ဖြေရှာ​ရေး​ကို ဦး​တည်တဲ့​ကြိုး​ပမ်း​မှုမဟုတ်ဘဲ လက်နက်ကိုင်​တော်လှန်​ရေး​အင်အား​စု​တွေကို ဖဲ့​ထုတ်စည်း​ရုံး​ရေး​အတွက် ကြိုး​ပမ်း​မှုသာ ဖြစ်တယ်လို့​ ​ဖော်ပြထား​ပါတယ်။

ကြေညာချက်ထုတ်ပြန်ရတာနဲ့ ​ပတ်သက်လို့​ ​အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲ​ဘော်သံခဲက “အစိုး​ရဘက်က ကမ်း​လှမ်း​နေတဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ကမ်း​လှမ်း​ချက်​တွေရဲ့​ ​နောက်ကွယ်က ​စေတနာနဲ့​ သ​ဘောထား​ဟာ မမှန်ကန်ဘူး​လို့​ ကျ​နော်တို့​ ​ထောက်ပြချင်ပါတယ်။ အထူး​သဖြင့်​က​တော့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နဲ့​ တန်း​တူ​ရေး​ ကိုယ်ပိုင်ပြဋ္ဌန်း​ခွင့်​ကို တိုက်ပွဲဝင်​နေတဲ့​ ​တော်လှန်​ရေး​အဖွဲ့​အစည်း​တွေရဲ့​ နိုင်ငံ​ရေး​အခန်း​ကဏ္ဍကို ​သေ​သေချာချာ ထည့်​သွင်း​စဉ်း​စား​ဖို့​ လိုတယ်လို့​ ကျ​နော်တို့​က ရှုမြင်ပါတယ်။ ဒါ​ကြောင့်​မို့​ အပစ်အခတ်ရပ်စဲ​ရေး​တခုလုံး​ကိုပဲ ဦး​တည်တယ်ဆိုရင် ဒီ​တော်လှန်​ရေး​အဖွဲ့​အစည်း​တွေရဲ့​ နိုင်ငံ​ရေး​ ဂုဏ်သိက္ခာကို တဖက်က ချိုး​နှိမ်ပစ်တယ်လို့​ ယူဆတဲ့​အတွက် သ​ဘောထား​မမှန်ကန်ဘူး​လို့​ ကျ​နော်တို့​ ထုတ်ပြန်ခြင်း​ဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲအလွန်ကာလမှာ နိုင်ငံတည်ငြိမ်မှုမရရှိ​သေး​တာ၊​ ​ရှေ့​တန်း​နယ်​မြေ​တွေမှာ အစိုး​ရတပ်​တွေ အကျအဆုံး​များ​နေပြီး​ စစ်​ရေး​အကျပ်အတည်း​ ကြုံ​တွေ့​နေရတာနဲ့​ နိုင်ငံတကာရဲ့​ ​ထောက်ခံမှု ပိုမိုရချင်တာ ​တွေ​ကြောင့်​ လက်ရှိမြန်မာအစိုး​ရက တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေကို တဖွဲ့​ချင်း​စည်း​ရုံး​ပြီး​ အပစ်အခတ်ရပ်စဲ​ရေး​ ရယူ​နေတာလို့​ယူဆတဲ့​အ​ကြောင်း​လည်း​ ရဲ​ဘော်သံခဲက ​ပြောပါတယ်။

တပြည်လုံး​ အပစ်အခတ်ရပ်စဲပြီး​ ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ရေး​၊​ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​တွေ ရရှိ​ရေး​ တိုက်ပွဲဝင်​နေတဲ့​ လက်နက်ကိုင်ကိုင်အင်အား​စုအား​လုံး​နဲ့​ တိကျတဲ့​ အချိန်ကာလသတ်မှတ်ပြီး​ ​ဆွေး​နွေး​မှု​တွေဆက်လုပ်ဖို့​လည်း​ ​အေဘီအက်စ်ဒီအက်ဖ်က တိုက်တွန်း​ထား​ပါတယ်။

ပြီး​ခဲ့​တဲ့​ သတင်း​ပတ်​တွေက မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ကရင်၊​ ရှမ်း​၊​ မွန်၊​ ၀ နဲ့​ ကချင် လက်နက်ကိုင်အဖွဲ့​တွေအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​မှု​တွေ ရှိတယ်လို့​ သတင်း​တွေ ထွက်ခဲ့​တာပါ။

Categories: ABSDF, Oppositon, Outside
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters