Home > EU, International, Interview > ဆင်း​ရဲမှု​ဖြေရှင်း​ရေး​အတွက် ​ငွေ​ကြေး​ကဏ္ဍ စတင်ပြုပြင်ရမယ် (အီး​ယူသံအမတ်ကြီး​နှင့်​မေး​မြန်း​ချက်)

ဆင်း​ရဲမှု​ဖြေရှင်း​ရေး​အတွက် ​ငွေ​ကြေး​ကဏ္ဍ စတင်ပြုပြင်ရမယ် (အီး​ယူသံအမတ်ကြီး​နှင့်​မေး​မြန်း​ချက်)

Published on November 9, 2011 by ဒီဗွီဘီ  ·

ဥရောပသမဂ္ဂက မြန်မာနိုင်ငံမှာ လက်ရှိ​ပြောင်း​လဲမှု​တွေကို အား​ပေး​ ​ထောက်ခံ​နေပြီး​ ဘဏ္ဍာ​ရေး​ကဏ္ဍ ပြုပြင်​ပြောင်း​လဲ​ရေး​အတွက် နည်း​ပညာ အကူအညီ​တွေ ​ပေး​သွား​မယ်လို့​ အီး​ယူ- သံအမတ်ကြီး​ ​ပြောလိုက်ပါတယ်။

အီး​ယူနဲ့​ မြန်မာအစိုး​ရတို့​ ပူး​ပေါင်း​ပြီး​ ဘဏ္ဍာ​ရေး​ဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ပထမဆုံး​အကြိမ် ပြုလုပ်အပြီး​မှာ မြန်မာနိုင်ငံဆိုင်ရာ အီး​ယူ-သံအမတ်ကြီး​ ​ဒေး​ဗစ်လစ်မင်း​က ဒီလို​ပြောကြား​လိုက်တာပါ။

ဒေးဗစ်လစ်မင်း

ဆင်း​ရဲမှု​ လျှော့​ချ​ရေး​၊​ ဘဏ်လုပ်ငန်း​နဲ့​ အရင်း​အနှီး​ဈေး​ကွက် ဖြစ်ထွန်း​ပြောင်း​လဲ​ရေး​တို့​အတွက် အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ရန်ကုန်မှာ နိုဝင်ဘာ ၇-၈ နှစ်ရက်ကျင်း​ပသွား​ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်း​ရဲမှုကို ​ဖြေရှင်း​ရေး​အတွက် ​ငွေ​ကြေး​ကဏ္ဍကို စတင်ပြုပြင်ရမှာပါလို့​ အီး​ယူသံအမတ်ကြီး​က ​ပြောပါတယ်။ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ​ကြောင့်​ မြန်မာအစိုး​ရကို အီး​ယူ-ဥ​ရောပသမဂ္ဂက စီး​ပွား​ရေး​ ပိတ်ဆို့​ဒဏ်ခတ်ထား​တာပါ။

မြန်မာအစိုး​ ရအဆက်ဆက်က အိုင်အမ်အက်ဖ် – နိုင်ငံတကာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ ပဋိညာဉ်ကို ချိုး​ဖောက်ပြီး​ နိုင်ငံခြား​ငွေလဲနှုန်း​ကို အမျိုး​မျိုး​သတ်မှတ်ပြီး​ ​ငွေလွှဲစနစ်ကိုလည်း​ ကန့်​သတ်ထား​ခဲ့​ပါတယ်။ ခု​တော့​ ဒါ​တွေကိုပြုပြင်ဖို့​ အိုင်အမ်အက်ဖ်က မြန်မာနိုင်ငံကို အရင်လက လာ​ရောက်​လေ့​လာသွား​ပြီဖြစ်ပါတယ်။

အီး​ယူကလည်း​ ဘဏ္ဍာ​ရေး​ကဏ္ဍအတွက် အကူအညီ​ပေး​မယ်လို့​ ဆိုတဲ့​အတွက် အီး​ယူသံအမတ်ကြီး​ ​ဒေး​ဗစ်လစ်မင်း​ကို ကို​နေထူး​က ဆက်သွယ်​မေး​မြန်း​ ထား​ပါတယ်။ အလုပ်ရုံ​ဆွေး​နွေး​ပွဲက​နေ ဘယ်လိုရလဒ်​တွေ ​ပေါ်ထွက်ပါသလဲဆို​တော့​ အီး​ယူသံအမတ်ကြီး​က ခုလို စတင်​ဖြေကြား​ပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိ​ပြောင်း​လဲ​နေတာ​တွေကို အီး​ယူက အား​ပေး​ထောက်ခံ​နေတယ်ဆိုတာ အရင်ဆုံး​ပြောချင်ပါတယ်။ ဒီအလုပ်ရုံ​ဆွေး​နွေး​ပွဲဟာ မှတ်မှတ်သား​သား​ရှိပါတယ်။ ဥ​ရောပတိုက်က ​ငွေ​ကြေး​နဲ့​ ဘဏ်လုပ်ငန်း​တို့​က ထိပ်တန်း​ပညာရှင်​တွေ ပါဝင်တက်​ရောက်ပါတယ်။ ဘဏ္ဍာ-အခွန်ဝန်ကြီး​၊​ ဗဟိုဘဏ်ဥက္ကဋ္ဌ၊​ အမျိုး​သား​စီမံကိန်း​ ဒု-ဝန်ကြီး​ စတဲ့​ပုဂ္ဂိုလ်​တွေ တက်​ရောက်သလို ဧည့်​သည်​တော်အဖြစ် ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ပါတယ်။ ဒါဟာ ကြုံ​တောင့်​ကြုံခဲ အခွင့်​အ​ရေး​ပါ။ ပွင့်​လင်း​မြင်သာမှုရှိရှိ နဲ့​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ကြပါတယ်။”

ဒီအလုပ်ရုံ​ဆွေး​နွေး​ပွဲရဲ့​ အကျိုး​ဆက်နဲ့​ ​နောက်ဆက်တွဲ ဘာ​တွေ​ဆောင်ရွက်မလဲ။

“​ နောက်ဆက်တွဲက​တော့​ ဘဏ္ဍာ​ရေး​ဝန်ကြီး​၊​ ဗဟိုဘဏ်ဥက္ကဋ္ဌ စတဲ့​ မြန်မာတာဝန် ရှိသူ​တွေရဲ့​လက်ထဲမှာ ရှိပါတယ်။ အဆိုပြုအကြံပြုချက် ၁၇ ချက်နဲ့​ လက်​တွေ့​ဆောင်ရွက်ဖို့​ အကြံပြုချက်​တွေရှိပါတယ်။ ဒါ​ကြောင့်​ အစိုး​ရက ဘာဆက်လုပ်မလဲဆိုတာ ကြည့်​ရမှာပါ။ သူတို့​က လက်ခံဖို့​အသင့်​ရှိပါတယ်။”

အီး​ယူက ​နောက်ဆက်တွဲအ​နေနဲ့​ ဘာ​တွေ ကူညီသွား​ဖို့​ရှိပါသလဲ။

“အထူး​သဖြင့်​ သူတို့​က ဗဟိုဘဏ်မှာ တာဝန်ထမ်း​ဆောင်​နေသူ​တွေအတွက် သင်တန်း​တွေနဲ့​ နည်း​ပညာအကူအညီ​တွေ​ပေး​ဖို့​ ​တောင်း​ဆိုကြပါတယ်။ ကျ​နော်တို့​ဘက်က ဘာ​တွေကူညီနိုင်မလဲဆိုတာ စစ်​ဆေး​ကြည့်​သွား​မှာပါ။ ဒီအလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ နိုင်ငံတကာ​ငွေ​ကြေး​အဖွဲ့​အစည်း​တွေလည်း​ တက်​ရောက်ပါတယ်။ ဒါ​ကြောင့်​ အီး​ယူတင်မက နိုင်ငံတကာ ဘဏ္ဍာ​ရေး​အဖွဲ့​အစည်း​တွေကပါ နည်း​ပညာပိုင်း​ အကူအညီ​တွေ ​ပေး​သွား​နိုင်ပါ တယ်။”

မြန်မာနိုင်ငံက ဘဏ္ဍာ​ရေး​ကဏ္ဍနဲ့​ ဘဏ်စနစ်မှာ အဓိက​ဖြေရှင်း​ရမှာက ဘာလို့​ မြင်ပါသလဲ။

“ရှင်း​နေတာက​ တော့​ ​ငွေလဲနှုန်း​တခုတည်း​ဖြစ်​အောင် သတ်မှတ်​ရေး​ပါပဲ။ ​ငွေအရင်း​အနှီး​ဈေး​ကွက်ကို လွတ်လပ်ခွင့်​ပေး​ရေး​အတွက် ရှုပ်​ထွေး​ခက်ခဲ့​တဲ့​ အချက်​တွေ အများ​ကြီး​ ရှိတာကိုလည်း​ ကြည့်​ရမှာပါ။ တခါတည်း​လုပ်သွား​လို့​လည်း​ မရပါဘူး​။ အများ​ကြီး​ ​လေ့​လာ ရဦး​မှာဖြစ်ပြီး​ တဆင့်​ချင်း​ ​ဆောင်ရွက်သွား​ရမှာ​တွေပါ။ လုပ်စရာ​တွေက​တော့​ အများ​ကြီး​ရှိပါတယ်။ ကျ​နော်​ပြောခဲ့​သလိုပါပဲ ကျ​နော်တို့​က​တော့​ တတ်နိုင်သမျှ ကူညီဖို့​ အသင့်​ပါပဲ။”

အီး​ယူက ချမှတ်ထား​တဲ့​ ပိတ်ဆို့​ဒဏ်ခတ်အ​ရေး​ယူမှုက​ကော။ ဘယ်​တော့​ ပယ်ဖျက်ဖို့​ ဖြစ်လာနိုင်ပါသလဲ။

“ပိတ်ဆို့​အ​ ရေး​ယူမှုက​တော့​ ရှုပ်​ထွေး​နက်နဲတဲ့​ကိစ္စပါ။ မကြာ​သေး​ခင်ကပဲ ကျ​နော်တို့​က ဝန်ကြီး​အဆင့်​ လာ​ရောက်မှု​တွေကို ခွင့်​ပြုတဲ့​ ဆုံး​ဖြတ်ချက်ကို ချခဲ့​ပြီး​ အ​ရေး​ယူမှုကို ​ပြောင်း​လဲ​လျှော့​ပေါ့​ထား​ပါတယ်။ ပြီး​ခဲ့​တဲ့​ ဧပြီလမှာ ချခဲ့​တဲ့​ ဒီဆုံး​ဖြတ်ချက်အရ လူသား​ချင်း​စာနာမှု အကူအညီ​ပေး​ရေး​ဆိုင်ရာ ​ကော်မရှင်နာ ခရစ္စတာလီနာ ​ဂျော်ဂျီဗာ Kristalina Georgieva မြန်မာနိုင်ငံကို လာ​ရောက်သွား​ပြီဖြစ်သလို၊​ လွန်ခဲ့​တဲ့​ရက်ပိုင်း​ကလည်း​ ဂျာမဏီလက်​ထောက် နိုင်ငံခြား​ရေး​ဝန်ကြီး​ လာ​ရောက်သွား​ပါပြီ။ ​ရှေ့​အပတ်မှာလည်း​ ယူ​ကေနိုင်ငံက ဖွံ့​ဖြိုး​ရေဆိုင်ရာဝန်ကြီး​ လာ​ရောက်ဖို့​ရှိပါတယ်။ ဒါ​ကြောင့်​ ထိ​တွေ့​ဆက်ဆံ​ရေး​အတွက် ကျ​နော်တို့​က တွန်း​အား​ပေး​ဆောင်ရွက်​နေပါတယ်။

“ဒါ့​အပြင် နိုင်ငံခြား​ရေး​ ဝန်ကြီး​နဲ့​ စစ်​ရေး​နောက်ခံမရှိတဲ့​ ဝန်ကြီး​တွေ အပါအဝင် မြန်မာအစိုး​ရ အရာရှိတချို့​အ​ပေါ် ပြည်ဝင်ခွင့်​ဗီဇာ ပိတ်ပင်ထား​တာကိုလည်း​ ​ဖြေ​လျှော့​ပေး​ထား​ပါတယ်။ ကျ​နော်တို့​က အမြဲ​ပြောခဲ့​သလိုပဲ အ​ခြေခံ ဖွံ့​ဖြိုး​တိုး​တက်​ပြောင်း​လဲမှု​တွေကို အ​ခြေခံပြီး​ တုံ့​ပြန်သွား​မှာပါ။ လက်ရှိမှာ အီး​ယူက ဒီလိုတုံ့​ပြန်တဲ့​ မူဝါဒကို ဆက်ပြီး​ အ​ကောင်အထည်​ဖော်​နေပါတယ်။ ဒါ​ပေမယ့်​ ရှင်း​ရှင်း​လင်း​လင်း​ ​ပြောချင်တာက​တော့​ ကျ​နော်တို့​ကြည့်​တဲ့​ အချက်​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ လွတ်​မြောက်​ရေး​အတွက် အာမခံချက် ရ​ရေး​ပါပဲ။ ဒါကို ကျ​နော်တို့​ ရှင်း​ရှင်း​လင်း​လင်း​ သိထား​သလို ပိတ်ဆို့​ ကန့်​သတ်ချက်​တွေကို ပြန်ပြီး​သုံး​သပ်​ရေး​မှာ ဒီအချက်ဟာ အ​ရေး​ကြီး​တဲ့​တချက်ဖြစ်ပါတယ်။”

Categories: EU, International, Interview
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters