Home > Bank, Economic > မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးမှု နောက်ကျနေသောကြောင့် စီးပွားရေးတိုးတက်မှုအား အထောက်အကူပြုရန် ဗဟိုဘဏ်မှ ထိန်းချုပ်ထားမှုများအား အတိုင်းအတာတစ်ခုအထိ ဖြေလျော့ပေးနေ

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးမှု နောက်ကျနေသောကြောင့် စီးပွားရေးတိုးတက်မှုအား အထောက်အကူပြုရန် ဗဟိုဘဏ်မှ ထိန်းချုပ်ထားမှုများအား အတိုင်းအတာတစ်ခုအထိ ဖြေလျော့ပေးနေ

Wednesday, 09 November 2011 12:24 (EMG)

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးမှု နောက်ကျနေသောကြောင့် စီးပွားရေးတိုးတက်မှုအား  အထောက်အကူပြုရန် ဗဟိုဘဏ်မှ ထိန်းချုပ်ထားမှုများအား အတိုင်းအတာတစ်ခုအထိ ဖြေလျော့ပေးနေကြောင်း ဘဏ် လုပ်ငန်းဆိုင်ရာ ပညာရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။

လက်ရှိအခြေအနေမှာ ပြည်တွင်းမှာရှိတဲ့ဘဏ်တွေက ဖွံ့ဖြိုးမှုမှာ အရမ်းနောက်ကျကျန်ခဲ့ပါပြီ။ ဒေသတွင်းနိုင်ငံတွေထဲမှာဆိုရင် လာအိုနိုင်ငံတောင် တော်တော်လေး ရှေ့ရောက်သွားပြီ။ ဒီလို နောက်ကျကျန်ခဲ့တယ် ဆိုတာ ကလည်း ဗဟိုဘဏ်က ထိန်းချုပ်မှုများတဲ့အတွက်ပါ။ ၂၀၀၃ ခုနှစ်လောက်က ဘဏ်နဲ့ ပတ်သက်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာခဲ့တဲ့အတွက် အဲဒီနောက်ပိုင်းမှာ ဗဟိုဘဏ်က ထိန်းချုပ်မှုပြန်များသွားတယ်။ အဲဒီတော့ ဘဏ်တွေက တိုးတက်မလာတော့ဘူး။ အခုချိန်မှာ မြန်မာနိုင်ငံမှာ စုစုပေါင်းပုဂ္ဂလိက ဘဏ် ၁၉ ခု ရှိသွားပြီ။ ဒီဘဏ်တွေ ရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ချေးငွေပေးနိုင်မှုပေါ်မှာ လိုက်ပြီးတော့ ဘဏ်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊ အသေးစားချေးငွေလုပ်ငန်းတွေအပါအ၀င် အဆင်ပြေသွားမှာပါ။ အခု ဗဟိုဘဏ်ကလည်း ထိန်းချုပ်ထားမှုတွေကို အတိုင်းအတာတစ်ခုအထိ ဖြေလျော့ပေးဖို့ သဘောတူပြီးသားဖြစ် နေပါပြီ” ဟု မြန်မာအရှေ့တိုင်းဘဏ် လီမိတက်မှ အထွေထွေမန်နေဂျာ ဦးစံသိန်းက ပြောကြားခဲ့သည်။ ”ဒီနေ့ အီးယူနဲ့လုပ်တဲ့အစည်း အဝေးကလည်း ဘဏ်လုပ်ငန်းတွေ အပါအ၀င် အသေးစားချေးငွေလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးတဲ့ ဆွေးနွေးပွဲပါ။ အီးယူဘက်ကလည်း နည်းပညာနဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အလားအလာကောင်းတွေ တွေ့တော့မှာပါ။ အခု လောလောဆယ်ကတော့ ဆွေးနွေးနေတဲ့အဆင့်ကို ရောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဗဟိုဘဏ်ကဖြေလျော့ ပေးလိုက်မယ်ဆိုရင် ပြည်တွင်းမှာရှိနေတဲ့ ဘဏ်တွေရဲ့ လည်ပတ်နိုင်စွမ်းအား ပိုပြီးတော့ တိုးတက်သွားလိမ့် မယ်” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တစ်ဦးကလည်း ပြောပြခဲ့သည်။

”ဒီနေ့ပြောသွားတဲ့ အစီအစဉ်တွေထဲမှာ စီးပွားရေးတိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်တဲ့အပိုင်းတွေထဲမှာ ဘဏ်လုပ်ငန်းတွေ ကောင်းမွန်ဖို့အပြင် Micro-finance  နဲ့ပတ်သက်ပြီးတော့ နည်းလမ်းကောင်းတွေ ရရှိအောင် ဆွေးနွေးကြပါ။ အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်ဖို့အတွက် အသေးစားချေးငွေလုပ်ငန်းတွေ အများကြီးပေါ်ထွန်းလာဖို့ လိုပါတယ်။ အဲဒီအတွက်ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေကရော၊ အခြား အီးယူနိုင်ငံတွေကပါ တွေ့ကြုံရတဲ့ အခြေအနေကို ဒီမှာတစ်ခါတည်း ဆွေးနွေးသွားတာပါ” ဟု ချင်းမိုင် တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပြခဲ့သည်။

အလားတူပင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘဏ္ဍာရေးနှင့်ပတ်သက်သည့် မူဝါဒများ ကောင်းမွန်ရန်လိုအပ်ကြောင်းနှင့် အလားတူ ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် ဘဏ္ဍာရေးမူဝါဒမှာ များစွာ အရေးပါကြောင်း၊ Financial System  ကောင်းမွန်ခြင်းဖြင့်သာ အသေးစားငွေချေးလုပ်ငန်းများ ငွေချေးပေးနိုင်မည်ဖြစ်ပြီး payment service ပိုင်းဆိုင်ရာများအား ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။

Categories: Bank, Economic
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters